• Follow Us on

Home ျမန္မာ့တပ္မေတာ္ပုိင္ ေရငုပ္သေဘၤာ တပ္မေတာ္ေန႔မတုိင္မွီ တပ္ေတာ္ဝင္မည္

ျမန္မာ့တပ္မေတာ္ပုိင္ ေရငုပ္သေဘၤာ တပ္မေတာ္ေန႔မတုိင္မွီ တပ္ေတာ္ဝင္မည္

Share this post

စစ္ေတြ၊ ေဖေဖာ္ဝါရီ – ၂၅

ျမန္မာ့တပ္မေတာ္ပုိင္ ေရငုပ္သေဘၤာသည္ မတ္လ ပထမအပတ္ခန္႔၌ တပ္ေတာ္ဝင္ရန္ရွိေၾကာင္း တပ္မေတာ္ ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

“တပ္မေတာ္ေန႔မတုိင္မွီ တပ္ေတာ္ဝင္မွာပါ။ မတ္လပထမအပတ္ေလာက္ျဖစ္မယ္”လုိ႔ တပ္မေတာ္ေခါင္း ေဆာင္တစ္ဦးကေျပာပါတယ္။

လက္ရွိအခ်ိန္၌ ျမန္မာ့တပ္မေတာ္သည္ အိႏၵိယႏုိင္ငံမွ ေရငုပ္သေဘၤာတစ္စင္းဝယ္ယူထားၿပီး နည္းပညာႏွင့္ စစ္လက္နက္ကုိ အိႏၵိယႏွင့္ ႐ုရုားႏုိင္ငံတုိ႔မွ ပံ့ပုိးထားသလုိ ျမန္မာ့တပ္မေတာ္အေနျဖင့္ အိႏၵိယႏုိင္ငံထုတ္ ေတာ္ပီတုိမ်ားကုိလည္း ဝယ္ယူထားေၾကာင္း အိႏၵိယစစ္ေရးသတင္းဌာနမ်ားက ေဖာ္ျပထားပါတယ္။

#PeopleMedia #ျမန္မာ့တပ္မေတာ္

(Unicode)
မြန်မာ့တပ်မတော်ပိုင် ရေငုပ်သင်္ဘော တပ်မတော်နေ့မတိုင်မှီ တပ်တော်ဝင်မည်
…………………………………………………………

စစ်တွေ၊ ဖေဖော်ဝါရီ – ၂၅

မြန်မာ့တပ်မတော်ပိုင် ရေငုပ်သင်္ဘောသည် မတ်လ ပထမအပတ်ခန့်၌ တပ်တော်ဝင်ရန်ရှိကြောင်း တပ်မတော် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“တပ်မတော်နေ့မတိုင်မှီ တပ်တော်ဝင်မှာပါ။ မတ်လပထမအပတ်လောက်ဖြစ်မယ်”လို့ တပ်မတော်ခေါင်း ဆောင်တစ်ဦးကပြောပါတယ်။

လက်ရှိအချိန်၌ မြန်မာ့တပ်မတော်သည် အိန္ဒိယနိုင်ငံမှ ရေငုပ်သင်္ဘောတစ်စင်းဝယ်ယူထားပြီး နည်းပညာနှင့် စစ်လက်နက်ကို အိန္ဒိယနှင့် ရုရုားနိုင်ငံတို့မှ ပံ့ပိုးထားသလို မြန်မာ့တပ်မတော်အနေဖြင့် အိန္ဒိယနိုင်ငံထုတ် တော်ပီတိုများကိုလည်း ဝယ်ယူထားကြောင်း အိန္ဒိယစစ်ရေးသတင်းဌာနများက ဖော်ပြထားပါတယ်။

#PeopleMedia #မြန်မာ့တပ်မတော်


Share this post