• Follow Us on
Latest News

Home မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များနှင့်တိုက်ခိုက်သဖြင့် လူဦးရေထောင်နှင့်ချီပြီး ထွက်ပြေး

မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များနှင့်တိုက်ခိုက်သဖြင့် လူဦးရေထောင်နှင့်ချီပြီး ထွက်ပြေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)

 

မြန်မာစစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသည့် အကြမ်းဖက်မှုများဖြစ်ပွားရာ စစ်ကိုင်းတိုင်းအတွင်း တပ်မ တော်မှရဟတ်ယာဉ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားထောင်နဲ့ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးသွားရကြောင်း ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရသိရသည်။

 

ရဟတ်ယာဉ်နှင့်တိုက်ခိုက်မှုများမှာ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း ဒေသမှ ၂၀၀၃ ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် အဖွဲ့အစည်းတစ်ခုမှ တိုက် ခိုက်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုထောက်ခံ သူ ၇၀ ဝန်းကျင် သေဆုံးခဲ့သည့်နေရာလည်းဖြစ်သည်။

 

နေအိမ်အကျယ်ချုပ်ကျခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရခဲ့သလို ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ပြိုင်ဘက်ပါတီ များကို မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့သည်။

 

သို့သော် မြန်မာ့တပ်မတော်က လတ်တလောအနိုင်ရခဲ့သည့် မဲရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆိုလိုက်ပြီး ယခုနှစ်ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်သဖြင့် နိုင်ငံတစ်ဝန်းပရမ်းပတာဖြစ်ခဲ့သည်မှာ ၁၀ လ ကြာမြင့် ခဲ့ပြီဖြစ်သည်။

 

စစ်အာဏသိမ်းမှုကိုဆန့်ကျင်သောဆန္ဒပြပွဲအများစုကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး မြန်မာ့တပ်မတော်က ဆန္ဒပြပွဲ များအတွင်း အရပ်သား ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ အရပ်သားအချို့မှာ လက်နက်စွဲကိုင်တော်လှန်ခဲ့ ကြကြောင်းသိရသည်။

 

အာဏာသိမ်းစစ်အစိုးရကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည့် ဒေသများထဲမှတစ်ခုဖြစ်သော စစ်ကိုင်းတိုင်း သည် တပ်မတော်နှင့် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်သလို တပ်မတော်ကခန့်အပ်ထားသော ဒေသခံအုပ်ချုပ်ရေးအရာရှိများ လုပ်ကြံခံနေရသောဒေသလည်းဖြစ်သည်။

 

နိုဝင်ဘာလ ၂၇ ရက် (စနေနေ့) တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခုနစ်ဦးထက် မ နည်းသေဆုံးခဲ့ကြောင်း၊ အရပ်သားထောင်နဲ့ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း Myanmar Now သတင်း ဌာန၏ ဖော်ပြချက်အရသိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ခေါ် လက်နက်ကိုင်တပ်ဖွဲ့များက ဆက်လက်တိုက်ပွဲဝင်လျက်ရှိရာ နိုဝင်ဘာ လ ၂၈ ရက် (တနင်္ဂနွေနေ့) နေ့က တပ်မတော်ယာဉ်တန်းတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၂၀ ဦး ကျဆုံးသွားကြောင်း ဒီပဲယင်း PDF များက ပြောဆိုခဲ့သည်။

 

မြန်မာ့တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့်ဖွဲ့စည်းထားသည့် မြန်မာအတိုက်အခံအစိုးရဖြစ်သော အမျိုးသားညီ ညွတ်ရေးအစိုးရ NUG က ပြောဆိုခဲ့သော်လည်း လက်ရှိတိုက်ခိုက်မှုများဖြစ်ပွားနေသဖြင့် ရှာဖွေအတည်ပြုနိုင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိပေ။

 

“လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို လုံးဝကိုလျစ်လျူရှုထားတာပါ။ စစ်တပ်ဟာ အာဏာလမ်းကြောင်း မှာရှိတဲ့ ဘယ်အရာကိုမဆို ဖျက်ဆီးပစ်ဖို့ စိတ်အားထက်သန်စွာဆောင်ရွက်နေပါတယ်” ဟု NUG အစိုးရ လူ့အ ခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

 

ဒီပဲယင်းမြို့နယ်တွင်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြသူများမှာ တောထဲတွင်လည်းကောင်း အခြားကျေးရွာ များတွင်လည်းကောင်း ခိုလှုံလျက်ရှိကြောင်းသိရသည်။ အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြသူများအရေအတွက် မှာ လူဦးရေ ၃၀,၀၀၀ အထိရှိလာပြီဖြစ်ကြောင်း ဒေသတွင်း ဧရာဝတီသတင်းဌာန၏ဖော်ပြချက်အရသိရသည်။ ယင်းလူဦးရေပမာဏ မှန်မမှန် သီးခြားသွားရောက်စိစစ်နိုင်ခြင်းမရှိပေ။

 

“ဒီပဲယင်းမှာအာဏာသိမ်းစစ်အစိုးရရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုတစ်ခုအဖြစ်သတ်မှတ်လို့ရတယ်။ ဒီတိုက် ခိုက်မှုတွေဟာ တိုင်းပြည်တစ်ဝန်းကျွန်တော်တို့မြင်နေရတဲ့ အရပ်သားတွေအပေါ်တိုက်ခိုက်မှုနဲ့ အတူတူပါပဲ” ဟု Fortify Rights အဖွဲ့လူ့အခွင့်ရေးဆိုင်ရာ advocacy associate ပက်ထရစ်ဖောင်းစထွန်ကပြောသည်။

 

Ref: Myanmar army helicopter attacks ‘force thousands to flee’

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar army helicopter attacks ‘force thousands to flee’

 

#PeopleMedia


Share this post