• Follow Us on

Home ျမန္မာ့တပ္မေတာ္ေရတပ္မွ ေရငုပ္သေဘၤာကို ထုိင္းေရတပ္ေစာင့္ၾကည့္ သြားမည္

ျမန္မာ့တပ္မေတာ္ေရတပ္မွ ေရငုပ္သေဘၤာကို ထုိင္းေရတပ္ေစာင့္ၾကည့္ သြားမည္

Share this post

ျမန္မာ့တပ္မေတာ္ေရတပ္ဟာ ေရျပင္ပိုင္နက္လံုၿခံဳေရးနဲ႔ ကာကြယ္ေရးအတြက္ ကပၸလီပင္လယ္ကို တိုက္ခိုက္ ေရး ေရငုပ္သေဘၤာေစလႊတ္ဖို႔ရွိေနတာေၾကာင့္ အခုလို အေျခအေနသစ္မွာ ျမန္မာ့တပ္မေတာ္ေရတပ္ရဲ႕ ေရငုပ္ သေဘၤာကို ထုိင္းေရတပ္က ေစာင့္ၾကည့္သြားဖို႔ ျပင္ဆင္ေနေၾကာင္း Bangkok Post သတင္းစာက ဒီဇင္ဘာ ၉ ရက္ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

အိႏၵိယက ၀ယ္ယူခဲ့တဲ့ ဒီဇယ္အီလက္ထရစ္ Kilo Class ေရငုပ္သေဘၤာဟာ ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ တပ္ ေတာ္၀င္ဖုိ႔ရွိေနတယ္လို႔ ထုိင္းဒုစစ္ဦးစီးခ်ဳပ္ ပရက္ခ်ာခ်ား စီရိဆာ၀ပ္က ေျပာပါတယ္။

ကပၸလီပင္လယ္ေရျပင္ပိုင္နက္ကို ႀကီးၾကပ္ေနတဲ့ ထိုင္းေရတပ္ကိုလည္း ေရေအာက္မွာ ၄၅ ရက္ၾကာငုပ္ႏိုင္စြမ္း ရွိတဲ့ ျမန္မာ့တပ္မေတာ္ေရတပ္ ေရငုပ္သေဘၤာကို ေစာင့္ၾကည့္သြားဖို႔ ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။

အသံတိတ္စစ္ဆင္ေရးမွာ ဂုဏ္သတင္းႀကီးတဲ့ Kilo Class ေရငုပ္သေဘၤာေတြကို ျမန္မာ့တပ္မေတာ္ဟာ ရုရွား ကထပ္မံ၀ယ္ယူဖို႔ရွိေနတာကို ရည္ညႊန္းၿပီး ျမန္မာ့တပ္မေတာ္ဟာ စစ္အင္အားျမွင့္တင္လာဖို႔ရွိတယ္လို႔ ထိုင္းဒုစစ္ဦးစီးခ်ဳပ္ စီရိဆာ၀ပ္ကေျပာပါတယ္။

ထိုင္းႏုိင္ငံဟာ တ႐ုတ္ႏုိင္ငံက ေရငုပ္သေဘၤာသံုးစီး ၀ယ္ယူဖို႔ ေဆာင္ရြက္လ်က္ရွိေနပါတယ္။

Ref; Bangkok Post

#PeopleMedia

(Unicode)
မြန်မာ့တပ်မတော်ရေတပ်မှ ရေငုပ်သင်္ဘောကို ထိုင်းရေတပ်စောင့်ကြည့် သွားမည်
…………………………………………………………

မြန်မာ့တပ်မတော်ရေတပ်ဟာ ရေပြင်ပိုင်နက်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ကပ္ပလီပင်လယ်ကို တိုက်ခိုက် ရေး ရေငုပ်သင်္ဘောစေလွှတ်ဖို့ရှိနေတာကြောင့် အခုလို အခြေအနေသစ်မှာ မြန်မာ့တပ်မတော်ရေတပ်ရဲ့ ရေငုပ် သင်္ဘောကို ထိုင်းရေတပ်က စောင့်ကြည့်သွားဖို့ ပြင်ဆင်နေကြောင်း Bangkok Post သတင်းစာက ဒီဇင်ဘာ ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယက ဝယ်ယူခဲ့တဲ့ ဒီဇယ်အီလက်ထရစ် Kilo Class ရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ တပ် တော်ဝင်ဖို့ရှိနေတယ်လို့ ထိုင်းဒုစစ်ဦးစီးချုပ် ပရက်ချာချား စီရိဆာဝပ်က ပြောပါတယ်။

ကပ္ပလီပင်လယ်ရေပြင်ပိုင်နက်ကို ကြီးကြပ်နေတဲ့ ထိုင်းရေတပ်ကိုလည်း ရေအောက်မှာ ၄၅ ရက်ကြာငုပ်နိုင်စွမ်း ရှိတဲ့ မြန်မာ့တပ်မတော်ရေတပ် ရေငုပ်သင်္ဘောကို စောင့်ကြည့်သွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အသံတိတ်စစ်ဆင်ရေးမှာ ဂုဏ်သတင်းကြီးတဲ့ Kilo Class ရေငုပ်သင်္ဘောတွေကို မြန်မာ့တပ်မတော်ဟာ ရုရှား ကထပ်မံဝယ်ယူဖို့ရှိနေတာကို ရည်ညွှန်းပြီး မြန်မာ့တပ်မတော်ဟာ စစ်အင်အားမြှင့်တင်လာဖို့ရှိတယ်လို့ ထိုင်းဒုစစ်ဦးစီးချုပ် စီရိဆာဝပ်ကပြောပါတယ်။

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံက ရေငုပ်သင်္ဘောသုံးစီး ဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိနေပါတယ်။

Ref; Bangkok Post

#PeopleMedia


Share this post