• Follow Us on

Home ျမန္မာ့တပ္မေတာ္(ေရ)မွ ရဟတ္ယာဥ္တင္စစ္ေရယာဥ္ရုရွားသို႔ အလည္အပတ္ေရာက္ရွိ

ျမန္မာ့တပ္မေတာ္(ေရ)မွ ရဟတ္ယာဥ္တင္စစ္ေရယာဥ္ရုရွားသို႔ အလည္အပတ္ေရာက္ရွိ

Share this post

ျမန္မာ့တပ္မေတာ္(ေရ)ရဲ႕ ရဟတ္ယာဥ္တင္ စစ္ေရယာဥ္ မုတၱမဟာ ႏို၀င္ဘာ ၂ ရက္ေန႔မွာ ရုရွားႏိုိင္ငံရဲ႕ ဆိပ္ကမ္းၿမိဳ႕ ဗလက္ဒီဗက္စေတာ့ကို အလည္အပတ္ေရာက္ရွိခဲ့ပါတယ္။

အခုခရီးစဥ္ဟာ ရုရွားႏုိင္ငံကို ပထမဦးဆံုးအေနနဲ႔ ျမန္မာ့တပ္မေတာ္ေရတပ္ရဲ႕ စစ္ေရယာဥ္ သြားေရာက္လည္ ပတ္မႈအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္ေရတပ္ရဲ႕ စစ္ေရယာဥ္အမွတ္ 1501 ဟာ ၄င္းေမာ္ဒယ္စီးရီးေတြမွာ ေနာက္ဆံုးေမာ္ဒယ္ ရဟတ္ယာဥ္တင္ စစ္သေဘၤာျဖစ္ၿပီး ေတာင္ကိုရီးယားမွာတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ျမန္မာ့တပ္မေတာ္ေရတပ္ စစ္ေရယာဥ္ 1501 ဟာ ဖိလစ္ပိုင္ႏုိင္ငံ ရဟတ္ယာဥ္တင္စစ္ေရယာဥ္ႏွစ္စင္းနဲ႔ အျမင္ အားျဖင့္ ပံုစံတူညီမႈရွိပါတယ္။

ဖိလစ္ပိုင္ေရတပ္က ၄င္းစစ္ေရယာဥ္ႏွစ္စီးဟာလည္း လြန္ခဲ့တဲ့ ၂ ႏွစ္က ဗလက္ဒီဗက္စေတာ့ကိုလာေရာက္ လည္ပတ္ခဲ့ဖူးပါတယ္။ အခုစစ္ေရယာဥ္အမ်ိဳးအစားကို ၁၀ စီးတည္ေဆာက္ထားခဲ့ၿပီး အင္ဒိုနီးရွား၊ ပီရူး၊ ဖိလစ္ ပိုင္နဲ႔ ယခု ျမန္မာႏုိင္ငံတို႔က ပိုင္ဆိုင္ထားၾကပါတယ္။

#PeopleMedia

(unicode)
မြန်မာ့တပ်မတော်(ရေ)မှ ရဟတ်ယာဉ်တင်စစ်ရေယာဉ်ရုရှားသို့ အလည်အပတ်ရောက်ရှိ
——————————————————————

မြန်မာ့တပ်မတော်(ရေ)ရဲ့ ရဟတ်ယာဉ်တင် စစ်ရေယာဉ် မုတ္တမဟာ နိုဝင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဗလက်ဒီဗက်စတော့ကို အလည်အပတ်ရောက်ရှိခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ရုရှားနိုင်ငံကို ပထမဦးဆုံးအနေနဲ့ မြန်မာ့တပ်မတော်ရေတပ်ရဲ့ စစ်ရေယာဉ် သွားရောက်လည် ပတ်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်ရေတပ်ရဲ့ စစ်ရေယာဉ်အမှတ် 1501 ဟာ ၄င်းမော်ဒယ်စီးရီးတွေမှာ နောက်ဆုံးမော်ဒယ် ရဟတ်ယာဉ်တင် စစ်သင်္ဘောဖြစ်ပြီး တောင်ကိုရီးယားမှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရေတပ် စစ်ရေယာဉ် 1501 ဟာ ဖိလစ်ပိုင်နိုင်ငံ ရဟတ်ယာဉ်တင်စစ်ရေယာဉ်နှစ်စင်းနဲ့ အမြင် အားဖြင့် ပုံစံတူညီမှုရှိပါတယ်။

ဖိလစ်ပိုင်ရေတပ်က ၄င်းစစ်ရေယာဉ်နှစ်စီးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်က ဗလက်ဒီဗက်စတော့ကိုလာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ အခုစစ်ရေယာဉ်အမျိုးအစားကို ၁၀ စီးတည်ဆောက်ထားခဲ့ပြီး အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ် ပိုင်နဲ့ ယခု မြန်မာနိုင်ငံတို့က ပိုင်ဆိုင်ထားကြပါတယ်။

#PeopleMedia


Share this post