• Follow Us on
Latest News
Home မြန်မာ့တပ်မတော်ဝယ်ယူထားသော Su-30 ဂျက်တိုက်လေယာဉ်များ တာဝန်ထမ်းဆောင်ချိန် ၇၀ ရာခိုင်နှုန်းကို ပျံသန်း ခြင်းမပြုဘဲထိန်းသိမ်းမှုသာလုပ်ထားရမည်ဟု ဘင်္ဂလားဒေ့ရှ်စစ်ရေးလေ့လာသူများ ခန့်မှန်း
Share this post
ဒါကာ၊ နိုဝင်ဘာ ၂၃
Su-30 များကို ရှေ့ပြေးဝယ်ယူမှုသည် ဈေးသက်သာနိုင်သော်လည်း လေတပ်ငယ်တိုင်းအတွက် ပြုပြင်ထိန်းသိမ်းမှုသည် အိပ်မက်ဆိုးဖြစ်ကြောင်း နည်းပညာတွက်ချက်မှုများအရ စိုးရိမ်နေရသည်။
#PeopleMedia
(unicode)
မြန်မာ့တပ်မတော်ဝယ်ယူထားသော Su-30 ဂျက်တိုက်လေယာဉ်များ တာဝန်ထမ်းဆောင်ချိန် ၇၀ ရာခိုင်နှုန်းကို ပျံသန်း ခြင်းမပြုဘဲထိန်းသိမ်းမှုသာလုပ်ထားရမည်ဟု ဘင်္ဂလားဒေ့ရှ်စစ်ရေးလေ့လာသူများ ခန့်မှန်း
………………………………………………
ဒါကာ၊ နိုဝင်ဘာ ၂၃
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏တပ်မတော်(လေ)က ရုရှားနိုင်ငံမှ Su-30 ဂျက်တိုက်လေယာဉ် ၆ စင်းကို ဒေါ်လာ ၂၀၄ သန်းဖြင့်ဝယ်ယူခဲ့ပြီး တစင်းလျှင်အကြမ်းဖျင်းဒေါ်လာ ၃၄ သန်းကျသင့်မည်ဖြစ်သည်။ မြန်မာ(သို့)ရုရှားကယုံကြည်နေသကဲ့သို့ ထိုလေယာဉ်များက စွမ်းဆောင်ရည်ကောင်းမွန်မည်မဟုတ်ပေ။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်ရောက်နေချိန်တွင် မီဒီယာများက ယခုနှစ်အတွင်း ထိုလေယာဉ်များမြန်မာနိုင်ငံရောက်လာမည်ဟု မျှော်လင့်နေသော်လည်း ရုရှားက လေယာဉ် ၆ စင်းကိုပို့ဆောင်နိုင်ခြင်းမရှိသေးချေ။
Su-30 များကို ရှေ့ပြေးဝယ်ယူမှုသည် စျေးသက်သာနိုင်သော်လည်း လေတပ်ငယ်တိုင်းအတွက် ပြုပြင်ထိန်းသိမ်းမှုသည် အိပ်မက်ဆိုးဖြစ်ကြောင်း နည်းပညာတွက်ချက်မှုများအရ စိုးရိမ်နေရသည်။
တာဝန်ထမ်းဆောင်ချိန် ၇၀ ရာခိုင်နှုန်းခန့်ကို ပျံသန်းခြင်းမပြုဘဲကုန်ဆုံးသွားမည်ဟု မျှော်လင့်နေပြီး လက်ရှိအချိန်တွင် ဝယ်ယူထားသည့် လေယာဉ်အရေအတွက် ၆ စင်းသည် အရေးမပါဘဲ ထိုလေယာဉ်များသည် အမှန်တကယ်တိုက်ခိုက်ရေးတွင် မည်မျှအကျိုးမရှိကြောင်းဖော်ပြနေသည်။
ထိုအချက်သည် ဘင်္ဂလားဒေ့ရှ်အာဏာရပါတီ BNP ဦးဆောင်သည့်အစိုးရက အမှာစာအားလုံးကိုရုတ်သိမ်းပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်လေတပ်က MiG-29 ၈ စင်းဝယ်ယူထိန်းသိမ်းထားသည်နှင့်တူသည်။ Su-30 များသည် အဓိကပြဿနာ ဖြစ်လာနိုင်မည်မဟုတ်ဘဲ ပျံသန်းရန် စျေးပိုသက်သာကာအသုံးပြုရန်လွယ်ကူသော JF-17 များသည် မြန်မာ့လေတပ်၏ ခိုင်းနွားများဖြစ်လာမည်။
MiG-35 ဂျက်တိုက်လေယာဉ်များကို ရုရှားထံမှအမှန်တကယ်မဝယ်သေးမချင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထုတ်တိုက် လေယာဉ်များကို မှီခိုနေရဦးမည်ဖြစ်သည်။
သို့သော် တော်ဝင်ဘက်စုံသုံးတိုက်လေယာဉ်များကိုဝယ်ယူရန် အနည်းငယ်သာအသုံးပြုနေသဖြင့် မြန်မာလေတပ်အတွက် အသုံးစရိတ်ကုန်ဆုံးနေခြင်းဖြစ်နိုင်သည်။
Ref : The Bangladesh Defence Analyst
#PeopleMedia
Share this post