• Follow Us on

Home မြန်မာ့တပ်မတော်၏ သံတမန်နှင့် တွေ့ဆုံခြင်းက ထောက်ခံမှုပြုလုပ်ခြင်းမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ဆို

မြန်မာ့တပ်မတော်၏ သံတမန်နှင့် တွေ့ဆုံခြင်းက ထောက်ခံမှုပြုလုပ်ခြင်းမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာ့တပ်မ တော်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှု ထောက်ခံမှုပြုလုပ်ခြင်းမဟုတ်ကြောင်း ထိုင်း နိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံရှိ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်က ခန့်အပ်ထားသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဆွေးနွေးမှုများကို နားထောင်ခဲ့ခြင်းဖြစ်ကြောင်း ပရာယွတ်က သတင်းထောက် များသို့ ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသော အခြေအနေများကိုဖြေရှင်းမည့် ဖျန်ဖြေရေးအဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းလိုက်သည်ဆိုသော သတင်းများကို ၎င်းက ငြင်းဆန်ခဲ့သည်။

 

“မြန်မာနိုင်ငံမှာဖြစ်နေတာ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှစောပြီး ဒီမိုကရေစီ ကို လျှောက်လှမ်းဖို့ သူတို့ကို ကျွန်တော် တိုက်တွန်းချင်ပါတယ်” ဟု ၂၀၁၄ ခုနှစ်တွင် အာဏသိမ်းပြီးနောက် ၂၀၁၉ ခုနှစ် အငြင်းပွားဖွယ် ရွေးကောက်ပွဲ၌ အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က ပြောကြားသည်။

 

“ကျွန်တော် ဘာကိုမှ မထောက်ခံခဲ့ပါဘူး။ သူကလည်း ကျွန်တော့်ကို ဘာမှမမေးခဲ့ပါဘူး။ သူပြောသမျှကို ကျွန်တော် နားထောင်ခဲ့ယုံပါဘဲ” ဟု ၎င်းက ဆိုသည်။

 

ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့တပ်မတော်က ခန့်အပ်ထား သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံမှုအတွင်း အားလုံးပါဝင်သော ဒီမိုကရေစီအသွင်းကူးပြောင်းရေးလုပ်ငန်းစဉ်၊ ဆွေးနွေးရေး၊ ပြန်လည် သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး၏ အရေးပါမှုကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာ ဆူဒီက ဦးဝဏ္ဏမောင်လွင်အား ရှင်းပြခဲ့သည်။

 

အာဆီယံပဋိဉာဉ်စာတမ်းပါ အခြေခံမူများကို လေးစားသမှုရှိရေးနှင့် ထိန်းသိမ်းခံရသူများအား တွေ့ခွင့်ရ ရှိရေး၏ အရေးပါမှုကိုလည်း ၎င်းက ဦးဝဏ္ဏမောင်လွင်အား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

 

ကိုးကား – စထရိတ်တိုင်းမ်

 

Ref; Thai PM Prayut says meeting with Myanmar’s military envoy not endorsement

 

#PeopleMedia

 

(unicode)

…………………………………………………………











Ref; Thai PM Prayut says meeting with Myanmar’s military envoy not endorsement

#PeopleMedia


Share this post