• Follow Us on

Home ျမန္မာ့တပ္မေတာ္ႏွင့္ မြန္လက္နက္ကိုင္ တိုက္ပြဲမ်ားေၾကာင့္ ဘုရားသံုးဆူ နယ္စပ္ဂိတ္ပိတ္ထား

ျမန္မာ့တပ္မေတာ္ႏွင့္ မြန္လက္နက္ကိုင္ တိုက္ပြဲမ်ားေၾကာင့္ ဘုရားသံုးဆူ နယ္စပ္ဂိတ္ပိတ္ထား

Share this post

ျမန္မာ့တပ္မေတာ္နဲ႔ မြန္လက္နက္ကိုင္တပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ဘုရားသံုးဆူနယ္စပ္ ေဆာင္ခလက္ဘူရီ ၿမိဳ႕နယ္မွာ ထုိင္းစစ္သားေတြ အေစာင့္ခ်ထားၿပီး နယ္စပ္ဂိတ္ကို ပိတ္ထားဆဲျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္က ေဖာ္ျပခဲ့ပါတယ္။

ႏို၀င္ဘာ ၂၉ ရက္ေန႔မွာ ႏိုင္ငံတြင္း က်ဴးေက်ာ္၀င္ေရာက္မႈကို တားဆီးဖို႔အတြက္ ထိုင္းစစ္တပ္က အသင့္ျပင္ ထားေပမယ့္ ေရႊ႕ေျပာင္းအလုပ္သမားေတြကိုေတာ့ ႏုိင္ငံတြင္း၀င္ေရာက္ခြင့္ျပဳထားပါတယ္။

ႏွစ္ႏုိင္ငံ ဘုရားသံုးဆူနယ္စပ္မွာ ထိုင္းခရီးသြားေတြကိုေတာ့ ျဖတ္သန္းခြင့္ပိတ္ထားၿပီး ေဒသခံ ေစ်းဆိုင္ေတြ ကိုလည္း ပိတ္ထားပါတယ္။

ကမၻာလွည့္ခရီးသြားေတြကိုလည္း လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ ေနရာေတြနဲ႔ ေ၀းေ၀းေနၾကဖို႔ ႏႈိးေဆာ္ထားပါ တယ္။

ထိုင္းစစ္သားေတြဟာ အလုပ္လုပ္ကိုင္ဖို႔ နယ္စပ္ျဖတ္ေက်ာ္မယ့္ ျမန္မာႏုိင္ငံသားေတြကို ၀င္ေပါက္တစ္ခုထဲက ၀င္ေရာက္ခြင့္ျပဳထားၿပီး ပံုမွန္နယ္စပ္ကုန္သြယ္ေရးကိုေတာ့ ပိတ္ထားဆဲျဖစ္ပါတယ္။

ေက်းရြာ ၂ ရြာက မြန္ေဒသခံ ၁၀၀၀ ေလာက္ဟာ တိုက္ပြဲျဖစ္ပြားေနတဲ့ေနရာေတြက ထြက္ေျပးၿပီး ေဆာင္ခ လက္ဘူရီၿမိဳ႕နယ္ထဲမွာ ၀င္ေရာက္ခိုလႈံလ်က္ရွိပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ မြန္လက္နက္တပ္ဖြဲ႕ေတြဟာ ႏို၀င္ဘာ ၂၈ ရက္ေန႕မွာ အပစ္အခတ္ရပ္စဲထားၿပီး ေဆြးေႏြး ညွိႏႈိင္းမႈေတြ စတင္ေနတယ္လို႔ ဘန္ေကာက္ပို႔စ္က ေဖာ္ျပခဲ့ပါတယ္။

Ref; bangkokpost

#PeopleMedia #International

(Unicode)
မြန်မာ့တပ်မတော်နှင့် မွန်လက်နက်ကိုင် တိုက်ပွဲများကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်ပိတ်ထား
………………………………………………………

မြန်မာ့တပ်မတော်နဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဘုရားသုံးဆူနယ်စပ် ဆောင်ခလက်ဘူရီ မြို့နယ်မှာ ထိုင်းစစ်သားတွေ အစောင့်ချထားပြီး နယ်စပ်ဂိတ်ကို ပိတ်ထားဆဲဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ နိုင်ငံတွင်း ကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့အတွက် ထိုင်းစစ်တပ်က အသင့်ပြင် ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုထားပါတယ်။

နှစ်နိုင်ငံ ဘုရားသုံးဆူနယ်စပ်မှာ ထိုင်းခရီးသွားတွေကိုတော့ ဖြတ်သန်းခွင့်ပိတ်ထားပြီး ဒေသခံ ဈေးဆိုင်တွေ ကိုလည်း ပိတ်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း လုံခြုံရေးဆောင်ရွက်နေတဲ့ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ နှိုးဆော်ထားပါ တယ်။

ထိုင်းစစ်သားတွေဟာ အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဖြတ်ကျော်မယ့် မြန်မာနိုင်ငံသားတွေကို ဝင်ပေါက်တစ်ခုထဲက ဝင်ရောက်ခွင့်ပြုထားပြီး ပုံမှန်နယ်စပ်ကုန်သွယ်ရေးကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

ကျေးရွာ ၂ ရွာက မွန်ဒေသခံ ၁၀၀၀ လောက်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက ထွက်ပြေးပြီး ဆောင်ခ လက်ဘူရီမြို့နယ်ထဲမှာ ဝင်ရောက်ခိုလှုံလျက်ရှိပါတယ်။

မြန်မာ့တပ်မတော်နဲ့ မွန်လက်နက်တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲထားပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ စတင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပါတယ်။

Ref; bangkokpost

#PeopleMedia #International


Share this post