• Follow Us on

Home မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ကြား စစ်ဘက်ဆိုင်ရာ နည်းပညာတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ပြောဆို

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ကြား စစ်ဘက်ဆိုင်ရာ နည်းပညာတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ပြောဆို

Share this post

ရန်ကုန်၊ သြဂုတ် ၂၃ (People Media)

 

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် စစ်ဘက်ဆိုင်ရာ နည်းပညာတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ဖိုမင်က မြန်မာ့တပ်မတော်မှ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

မြန်မာ့တပ်မတော်မှ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိစဉ် ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ဖိုမင်နှင့် တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

 

ရုရှားကာကွယ်ရေး ဒုဝန်ကြီးက မြန်မာနိုင်ငံသည် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့လို့ စစ်ဘက်ဆိုင်ရာ နည်းပညာတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

လက်ရှိအချိန်၌ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ရုရှားနိုင်ငံ၌ ကျင်းပနေသည့် International Army Games ပြိုင်ပွဲသို့ ရောက်ရှိနေသလို အဆိုပါ ပြိုင်ပွဲ၌ မြန်မာ့တပ်မတော် ကလည်း ဝင်ရောက်ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။

 

#PeopleMedia #ရုရှား #မြန်မာ

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post