• Follow Us on

Home မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြင်ဆင်ချက်ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးခွင့်ပြုချက်   အက်ဥပဒေ သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ရေးထိုး

မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြင်ဆင်ချက်ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးခွင့်ပြုချက်   အက်ဥပဒေ သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)

 

အမေရိကန်အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေ NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်  ဘာလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ရာ ၂၀၂၂ ဘဏ္ဍာရေးနှစ် အမေရိကန်တပ်မတော်သားများ လစာ တိုးမြှင့်ရန် ၂.၇% အပါအဝင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇၆၈.၂ ဘီလျံသုံးစွဲခွင့်ရမည်ဖြစ်သည်။

 

အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေ NDAA က ကာကွယ်ရေးအသုံးစရိတ် ၅% တိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ယင်းတိုးမြှင့်ပေးမှုမှာ စစ်ဘက်ဆိုင်ရာတရားရေးပြုပြင်မှုများမှသည် တပ်မတော်သားများ COVID-19 ကာကွယ်ဆေးထိုးနှံရေးလိုအပ်ချက်များအထိပါဝင်သော ပြဿနာများနှင့်ပတ်သက်၍ ဒီမိုကရက်နှင့် ရီပတ်ဘ လီကန်ပါတီဝင်များကြား ဆွေးနွေးညှိနှိုင်းရာမှထွက်ပေါ်လာသောရလဒ်ဖြစ်သည်။

 

“ဒီဥပဒေက အလွန်အရေးကြီးတဲ့အကျိုးကျေးဇူးတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပြီး စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့မိ သားစုဝင်တွေအတွက် တရားမျှတမှုရှာဖွေနိုင်တဲ့နည်းလမ်းတွေကို မြှင့်တင်ပေးသွားမှာဖြစ်တဲ့အပြင် ကျွန်တော် တို့နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးအတွက် အလွန်အရေးကြီးတဲ့လုပ်ပိုင်ခွင့်တွေကိုလည်း ပံ့ပိုးပေးသွားမှာဖြစ်ပါ တယ်။” ဟု ဘိုင်ဒန်ကပြောသည်။

 

ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇၆၈.၂ ဘီလျံတွင် ကနဦးကဂျိုးဘိုင်ဒန်အဆိုပြုတင်ပြထားပြီး ပါတီနှစ်ရပ်စ လုံးက ကိုယ်စားလှယ်များပယ်ချထားသည့် ဒေါ်လာ ၂၅ ဘီလျံကျော်လည်းပါဝင်သည်။

 

အဆိုပါအသုံးစရိတ်တွင် ဒေသတွင်းတရုတ်သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် ပစိဖိတ်ဒေသဟန့်တားမှုစီမံချက်အ တွက် ဒေါ်လာ ၇.၁ ဘီလျံ၊ ယူကရိန်းလုံခြုံရေးထောက်ပံ့မှုစီမံချက်အတွက် ဒေါ်လာသန်း ၃၀၀ နှင့် ဥရောပ ကာကွယ်ရေးစီမံချက်အတွက် ဒေါ်လာ ၄ ဘီလျံတို့ပါဝင်သည်။

 

ယင်းဥပဒေကြမ်းကို ကင်တပ်ကီပြည်နယ်မှ အမေရိကန်အထက်လွှတ်တော်အမတ် မစ်သ်မက်ကန်နယ်လ် (Mitch McConnell) က ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်ကို အရေးယူနိုင်ရေး၊ အမျိုးသားညီ ညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုနိုင်ရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြန်လည်ကျင့်သုံး နိုင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အားပေးမြှင့်တင်ရေးတို့အတွက် ယင်းဥပဒေတွင် မြန်မာ့အရေးနှင့် ပတ်သက်သည့်ပြင်ဆင်ချက်များပါဝင်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံက အကျပ်အတည်းကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားကာကွယ် ရေးခွင့်ပြုချက်အက်ဥပဒေ NDAA ကတစ်ဆင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်နိုင်ငံရဲ့ထောက်ပံ့မှု ကို ထပ်လောင်းအတည်ပြုဖို့ ပါတီနှစ်ရပ်စလုံးကို ဦးဆောင်ပြီး ကျွန်တော်ကြိုးပမ်းခဲ့ပါတယ်။ ဒီကနေ့ အထက် လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ နောက်ဆုံးအပြီးသတ် ဥပဒေမူကြမ်းထဲမှာ ကျွန်တော်အဆိုပြုခဲ့တဲ့ ပြင် ဆင်ချက်ကို ထည့်သွင်းပေးလိုက်တဲ့အတွက် ဂုဏ်ယူမိပါတယ်။” ဟု အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်  အက်ဥပဒေ NDAA မူကြမ်းကို အထက်လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့်နေ့တွင် အမေရိကန်အထက်လွှတ်  တော်အမတ် မစ်သ်မက်ကန်နယ်လ်ကပြောသည်။

 

Ref:

  1. Biden signs $768.2-billion defense spending bill into law
  2. U.S Senate passes NDAA Amendment and a new legislation set to provide humanitarian aid and support democracy in Myanmar
  3. The U.S. Senate passes the bipartisan amendment in the National Defense Authorization Act to support democracy in Myanmar

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref:

  1. Biden signs $768.2-billion defense spending bill into law
  2. U.S Senate passes NDAA Amendment and a new legislation set to provide humanitarian aid and support democracy in Myanmar
  3. The U.S. Senate passes the bipartisan amendment in the National Defense Authorization Act to support democracy in Myanmar

 

#PeopleMedia


Share this post