• Follow Us on

Home ျမန္မာ့နိုင္ငံေရးအေျပာင္းအလဲျဖစ္ရန္ တိုင္းရင္းသားပါတီမ်ားနိုင္ရန္အေရးႀကီးေၾကာင္း ANP ဥကၠ႒ေျပာဆို

ျမန္မာ့နိုင္ငံေရးအေျပာင္းအလဲျဖစ္ရန္ တိုင္းရင္းသားပါတီမ်ားနိုင္ရန္အေရးႀကီးေၾကာင္း ANP ဥကၠ႒ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ-၃

ျမန္မာနိုင္ငံတြင္ နိုင္ငံေရးအေျပာင္းအလဲမ်ား ေဆာင္ရြက္နိုင္ရန္ တိုင္းရင္းသားနိုင္ငံေရးပါတီမ်ား မိမိတို႔၏ ျပည္နယ္မ်ားတြင္ အနိုင္ရရန္လိုအပ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွက ေျပာသည္။

“စစ္မွန္သည့္ ဖယ္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ဖို႔အတြက္ ကိုယ္ပိုင္ျပဠာန္းခြင့္၊ ကိုယ္ပိုင္ခြင့္ရွိဖို႔ ျပည္နယ္ ေတြနဲ႔ ဖြဲ႕စည္းတဲ့ ျပည္ေထာင္စုျဖစ္မွ ကၽြန္ေတာ္တို႔နိုင္ငံက ဂုဏ္သိကၡာရွိတဲ့ ဖြံၿဖိဳးတိုးတက္တဲ့ နိုင္ငံတစ္ခု ျဖစ္မွာပါ၊ အဲ့လို အခြင့္အေရးေတြမရရင္ ကၽြန္ေတာ္တို႔ နိုင္ငံမွာႏွစ္ေပါင္း ခုႏွစ္ဆယ္ ျဖစ္ေနတဲ့ ျပည္တြင္းစစ္က ခ်ဳပ္ၿငိမ္းစရာမရွိဘူးလို႔ ျမင္တယ္၊ အဲ့ဒါေၾကာင့္ ျပည္နယ္ေတြက တိုင္းရင္းသားေတြ ကိုယ္စားျပဳတဲ့ပါတီေတြ အနိုင္ရဖို႔လိုတယ္”ဟု ၎က ဆိုသည္။

ယခုအစိုးရလက္ထက္တြင္လည္း ျမန္မာနိုင္ငံ၏ နိုင္ငံေရးျပႆနာကို မေျဖရွင္းနိုင္သည့္အျပင္ ရခိုင္ျပည္နယ္ဆို ျပည္သူမ်ား ပိုၿပီးဒုကၡေရာက္သြားသည့္ အေျခအေနတြင္ရွိေၾကာင္း၊ ယင္းေၾကာင့္ ျမန္မာနိုင္ငံတြင္ နိုင္ငံေရး အေျပာင္းအလဲျဖစ္ရန္ တိုင္းရင္းသားနိုင္ငံေရးပါတီမ်ား အနိုင္ရရန္ အေရးႀကီးေၾကာင္း ၎ကထပ္မံေျပာသည္။

ျပည္တြင္းစစ္ဆိုသည္မွာလည္း တိုင္းရင္းသားလူမ်ိဳးမ်ား တန္းတူညီမၽွမႈမရွိလို႔ ျဖစ္ေနသည့္ ျပႆနာ ျဖစ္ ေၾကာင္း ထိုေၾကာင့္ ျပည္သူမ်ားအေနႏွင့္ ကိုယ္ပိုင္ျပဠာန္းခြင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ျပည္နယ္ႏွင့္ ဖြဲ႕စည္း ထားသည့္ ျပည္ေထာင္စုျဖစ္ရန္ တိုင္းရင္းသားေတြ ကိုယ္ပိုင္ပါတီေထာင္ၿပီး နိုင္ငံေရးလုပ္ေနျခင္းျဖစ္ေၾကာင္း ဦးသာလွထြန္းက ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီအေနႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ (၃၃) ေနရာ တြင္ ျပည္သူ႔လႊတ္ေတာ္ (၁၇)ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ (၁၂)ေနရာ၊ ဧရာ၀တီတိုင္းေဒသႀကီးတြင္ (၄) ေနရာႏွင့္ ရန္ကုန္တိုင္းေဒသႀကီး (၁)ေနရာ စုစုေပါင္း (၆၇) ေနရာ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

Photo – ANP

#PeopleMedia #ANP #2020election

(Unicode)
မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ရန် တိုင်းရင်းသားပါတီများနိုင်ရန်အရေးကြီးကြောင်း ANP ဥက္ကဋ္ဌပြောဆို
………………………………………………

ရန်ကုန်၊ အောက်တိုဘာ-၃

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီများ မိမိတို့၏ ပြည်နယ်များတွင် အနိုင်ရရန်လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ကိုယ်ပိုင်ပြဠာန်းခွင့်၊ ကိုယ်ပိုင်ခွင့်ရှိဖို့ ပြည်နယ် တွေနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုဖြစ်မှ ကျွန်တော်တို့နိုင်ငံက ဂုဏ်သိက္ခာရှိတဲ့ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ၊ အဲ့လို အခွင့်အရေးတွေမရရင် ကျွန်တော်တို့ နိုင်ငံမှာနှစ်ပေါင်း ခုနှစ်ဆယ် ဖြစ်နေတဲ့ ပြည်တွင်းစစ်က ချုပ်ငြိမ်းစရာမရှိဘူးလို့ မြင်တယ်၊ အဲ့ဒါကြောင့် ပြည်နယ်တွေက တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ပါတီတွေ အနိုင်ရဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

ယခုအစိုးရလက်ထက်တွင်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သည့်အပြင် ရခိုင်ပြည်နယ်ဆို ပြည်သူများ ပိုပြီးဒုက္ခရောက်သွားသည့် အခြေအနေတွင်ရှိကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီများ အနိုင်ရရန် အရေးကြီးကြောင်း ၎င်းကထပ်မံပြောသည်။

ပြည်တွင်းစစ်ဆိုသည်မှာလည်း တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုမရှိလို့ ဖြစ်နေသည့် ပြဿနာ ဖြစ် ကြောင်း ထိုကြောင့် ပြည်သူများအနေနှင့် ကိုယ်ပိုင်ပြဠာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်နှင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုဖြစ်ရန် တိုင်းရင်းသားတွေ ကိုယ်ပိုင်ပါတီထောင်ပြီး နိုင်ငံရေးလုပ်နေခြင်းဖြစ်ကြောင်း ဦးသာလှထွန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်နေရာအတွက် (၃၃) နေရာ တွင် ပြည်သူ့လွှတ်တော် (၁၇)နေရာ၊ အမျိုးသားလွှတ်တော် (၁၂)နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၄) နေရာနှင့် ရန်ကုန်တိုင်းဒေသကြီး (၁)နေရာ စုစုပေါင်း (၆၇) နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Photo – ANP

#PeopleMedia #ANP #2020election


Share this post