• Follow Us on

Home ျမန္မာ့ပုိင္ တန္ဖုိးျမင့္ ေျမရွားသတၱဳမ်ား တ႐ုတ္ႏုိင္ငံအတြင္းသုိ႔ ေနစဥ္ ခုိးထုတ္ခံရ၊ နယ္ျခားေစာင့္ တပ္ဖြဲ႕မ်ားႏွင့္ တပ္မေတာ္မွ ဖမ္းဆီးျခင္း မရွိဟုဆုိ

ျမန္မာ့ပုိင္ တန္ဖုိးျမင့္ ေျမရွားသတၱဳမ်ား တ႐ုတ္ႏုိင္ငံအတြင္းသုိ႔ ေနစဥ္ ခုိးထုတ္ခံရ၊ နယ္ျခားေစာင့္ တပ္ဖြဲ႕မ်ားႏွင့္ တပ္မေတာ္မွ ဖမ္းဆီးျခင္း မရွိဟုဆုိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၉

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ပန္ဝါေဒသ၌ တန္ဖုိးျမင့္ ေျမရွားသတၱဳမ်ား တ႐ုတ္ႏုိင္ငံအတြင္းသုိ႔ ေနစဥ္ ခုိးထုတ္ခံရ၊ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားႏွင့္ တပ္မေတာ္က ဖမ္းဆီးျခင္းမရွိေၾကာင္း ေဒသခံမ်ားေျပာဆုိသည္။

အလားတူ ပန္ဝါေဒသအတြင္း၌ ေျမရွားသတၱဴ(Rare Earth)မ်ား ခုိးထုတ္ခံေနရေၾကာင္း သတၱဳတြင္းဦးစီး ဌာနက မွတ္တမ္းဓါတ္ပုံမ်ားႏွင့္တကြ ထုတ္ျပန္ထားသည္။

ပန္ဝါေဒသရွိ ေျမရွားသတၱဳမ်ားကုိ နယ္ျခားေစာင့္တုိင္းရင္းသားလက္နက္ကုိင္မ်ားႏွင့္ တ႐ုတ္ႏုိင္ငံသားကုမၸဏီ မ်ား ပူးေပါင္းၿပီး ထုတ္ယူျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက အတည္ျပဳေျပာဆုိသည္။

ထုိကဲ့သုိ႔ ႏုိင္ငံေတာ္ပုိင္ အဖုိးတန္သတၱဳမ်ား တရားမဝင္ ကားႀကီး၊ ကားငယ္ အသြယ္သြယ္ျဖင့္ ခုိးထုတ္ခံေနရမႈ ကုိ တပ္မေတာ္မွ တားဆီးျခင္းမရွိေၾကာင္း ေဒသခံေခါင္းေဆာင္တစ္ဦးက အတည္ျပဳေျပာဆုိသည္။

အလားတူ ေျမးရွားသတၱဳသယ္ေဆာင္သည့္ ယာဥ္မ်ားကုိ ျမန္မာ-တ႐ုတ္နယ္စပ္ ကန္ပိတ္တီ လမ္းတစ္ ေလွ်ာက္၌ သြားလာလွ်က္ရွိၿပီး နယ္ျခားေစာင့္ဂိတ္မ်ားႏွင့္ တပ္မေတာ္လုံုၿခံဳေရးအဖြဲ႕မ်ားမွ အေရးယူျခင္း မရွိေၾကာင္း ေဒသခံေခါင္းေဆာင္မ်ားက ဆုိသည္။

Photo – သတၱဳတြင္းဦးစီးဌာန(ေျမရွားသတၱဳမ်ား ခုိးထုတ္ၿပီး တ႐ုတ္ႏုိင္ငံအတြင္းသုိ႔ သယ္ေဆာင္သည့္ မွတ္တမ္းပုံ)

#PeopleMedia

(Unicode)
မြန်မာ့ပိုင် တန်ဖိုးမြင့် မြေရှားသတ္တုများ တရုတ်နိုင်ငံအတွင်းသို့ နေစဉ် ခိုးထုတ်ခံရ၊ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် တပ်မတော်မှ ဖမ်းဆီးခြင်း မရှိဟုဆို
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်ဝါဒေသ၌ တန်ဖိုးမြင့် မြေရှားသတ္တုများ တရုတ်နိုင်ငံအတွင်းသို့ နေစဉ် ခိုးထုတ်ခံရ၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တပ်မတော်က ဖမ်းဆီးခြင်းမရှိကြောင်း ဒေသခံများပြောဆိုသည်။

အလားတူ ပန်ဝါဒေသအတွင်း၌ မြေရှားသတ္တူ(Rare Earth)များ ခိုးထုတ်ခံနေရကြောင်း သတ္တုတွင်းဦးစီး ဌာနက မှတ်တမ်းဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ပန်ဝါဒေသရှိ မြေရှားသတ္တုများကို နယ်ခြားစောင့်တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံသားကုမ္ပဏီ များ ပူးပေါင်းပြီး ထုတ်ယူခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင် အဖိုးတန်သတ္တုများ တရားမဝင် ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ခိုးထုတ်ခံနေရမှု ကို တပ်မတော်မှ တားဆီးခြင်းမရှိကြောင်း ဒေသခံခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုသည်။

အလားတူ မြေးရှားသတ္တုသယ်ဆောင်သည့် ယာဉ်များကို မြန်မာ-တရုတ်နယ်စပ် ကန်ပိတ်တီ လမ်းတစ် လျှောက်၌ သွားလာလျှက်ရှိပြီး နယ်ခြားစောင့်ဂိတ်များနှင့် တပ်မတော်လုံခြုံရေးအဖွဲ့များမှ အရေးယူခြင်း မရှိကြောင်း ဒေသခံခေါင်းဆောင်များက ဆိုသည်။

Photo – သတ္တုတွင်းဦးစီးဌာန(မြေရှားသတ္တုများ ခိုးထုတ်ပြီး တရုတ်နိုင်ငံအတွင်းသို့ သယ်ဆောင်သည့် မှတ်တမ်းပုံ)

#PeopleMedia


Share this post