• Follow Us on

Home မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုး

မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ (People Media)

 

မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည့်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

 

ယင်းကဲ့သို့ လက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာ့ပြောင်းဖူးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး မြန်မာ့ လယ်ယာထွက်ကုန် တရုတ်နိုင်ငံသို့ တင်ပို့မှု အမျိုးအစားများ ကျယ်ပြန့်လာကာ တရုတ်နိုင်ငံသို့ တင်ပို့မှု ချဲ့ထွင်ရန် အထောက်အကူဖြစ်စေကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၊ ဝန်ကြီးတို့မှ ရေး ထိုးခဲ့ကြခြင်းဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင်တင်ပို့ ရေး၊ အပင်နှင့် တိရိစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး (SPS) သဘောတူစာချုပ်များကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့ အကြား၌ လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၂၀၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများ တင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာသန်း ၅၄၂၇ ဒသမ ၉၅၈ ဖိုး တင်ပို့နိုင်ခဲ့သည်။

 

#PeopleMedia #တရုတ်မြန်မာကုန်သွယ်ရေး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post