• Follow Us on

Home မြန်မာ့ပြည်တွင်းရေးတွင် အနောက်နိုင်ငံများက မီးလောင်ရာလေမပင့်ကြရန် တရုတ်နိုင်ငံ သတိပေး

မြန်မာ့ပြည်တွင်းရေးတွင် အနောက်နိုင်ငံများက မီးလောင်ရာလေမပင့်ကြရန် တရုတ်နိုင်ငံ သတိပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အကြီးမားဆုံး ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံ၌ အခြေအနေ ပြင်းထန်လာစဉ် အမေရိကန်ကဲ့သို့သော ပြင်ပနိုင်ငံများက မီးလောင်ရာလေမပင့်ကြဖို့ တရုတ်လေ့လာစောင့်ကြည့်သူများက တိုက်တွန်းလိုက်သည်။

 

မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာထိန်းချုပ်မှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လူထုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ မကြာမီ မသေချာမရေရာမှုများစွာ ရင်ဆိုင်နေရကြောင်း တရုတ်လေ့ လာစောင့်ကြည့်သူများက သတိပေးခဲ့သည်။

 

တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက သည်းခံမှုကျင့်သုံးပြီး ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်း ကွဲပြားချက်များ ဖြေရှင်းမည်ဟု အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

အခြားနိုင်ငံ၏ပြည်တွင်းရေးတွင် မစွက်ဖက်ရေးနှင့် အာဆီယံနည်းလမ်းဖြင့် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင် ရေးမူကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာဆူဒီတို့နှင့် ဖုန်းပြောဆိုမှုများအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

 

“ဆန္ဒပြပွဲတွေက ဘယ်လောက်အထိ ကြာမလဲ။ တပ်မတော်ကရော အခြေအနေကို ထိန်းချုပ်နိုင်မလား။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုကရော ဘာရလဒ်ထွက်လာမလဲ။ မြန်မာနိုင်ငံက လတ် တလောအခြေအနေကို ထိခိုက်စေမယ်ဆိုတဲ့ အချက်တွေရှိပါတယ်” ဟု ပေကျင်းမြို့ရှိ တရုတ် လူမှုရေးသိပ္ပံတက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူး ရှုလီပင်းက ပြောသည်။

 

ပြည်တွင်းပြဿနာများအပြင် အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများ၏ဖိအားက မြန်မာနိုင်ငံ၏ အခြေ အနေကို ပို၍ ဆိုးရွားစေမည်ဟု ၎င်းက ပြောသည်။

 

အနောက်နိုင်ငံများက တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်စေရန် ကြိုးပမ်းနေကြောင်း၊ တရုတ်ကုမ္ပဏီငါး ခုက မြန်မာနိုင်ငံသို့ ခဲယမ်းလက်နက်များ ထောက်ပံ့ခဲ့သည်ဟု အနောက်မီဒီယာအချို့က ဖော်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုသို့သော စွပ်စဲချက်များက မြန်မာနိုင်ငံ၌ တရုတ်မုန်းတီးရေး ကြီးထွားစေသလို တရုတ်-မြန်မာဆက်ဆံရေးကို များစွာ ထိခိုက်စေသည်ဟု ၎င်းက ပြောသည်။

 

ကိုးကား – ဂလိုဘယ်တိုင်းမ်

 

Ref; As Myanmar situation intensifies, Western countries urged to avoid adding fuel to fire

 

#PeopleMedia

 

(unicode)

…………………………………………………………………..











Ref; As Myanmar situation intensifies, Western countries urged to avoid adding fuel to fire

#PeopleMedia


Share this post