• Follow Us on
Latest News

Home မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေပါဝင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေပါဝင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

 

ရာထူးအာဏာမှဖြုတ်ချခံရသော မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကအာဏာသိမ်း ထားသောမြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်ရရှိရေးအခန်းကဏ္ဍတွင် မရှိမဖြစ်လိုအပ်ကြောင်းနှင့် သူမအနေဖြင့် မည်သည့်ပြစ်ဒဏ်ကျခံနေရသည်ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းတွင် မရှိမဖြစ်ပါဝင်ရမည်ဖြစ်ကြောင်း ဖိ လစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီလ ၁၆ ရက်နေ့က ပြောကြားလိုက်သည်။

 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရကို လွန်ခဲ့သည့်နှစ်က ဖြုတ်ချခဲ့သော  မြန်မာစစ်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံခြား ရေးဝန်ကြီး သီယိုဒိုရိုလော့ဆင်းက ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာစစ်အစိုးရသည် အတိုက်အခံများကို ဖိနှိပ်ဖြို ခွင်းရန်အတွက် တရားစီရင်ရေးစနစ်ကို အသုံးချနေကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

 

နော်ဝေနိုင်ငံခြားရေးဝန်ကြီးအန်နီကန်ဟျူးအက်ဖော်က မြန်မာစစ်အစိုးရကိုတောင်းဆိုထားသည့် နိုင်ငံရေးအ ကျဉ်းသားများကို လွှတ်ပေးရန်၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် ဆိုသည့် တောင်းဆိုချက်များအား ၎င်းအနေဖြင့် လက်ခံကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလော့ဆင်းကပြောသည်။

 

“အရပ်သားတွေ ဘေးဒုက္ခတွေခံစာနေရတာနဲ့ပတ်သက်ပြီး ကျွန်တော်အလွန်အမင်း စိုးရိမ်မိပါတယ်။ မြန်မာစစ် ခေါင်းဆောင်တွေအနေနဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပပြီး ဒီမိုကရက်တစ်အကူးအပြောင်း ဖြစ်စဉ်တွေကို ပြန်လည်ဆောင်ရွက်ဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ၎င်းကပြောသည်။

 

အာဆီယံအဖွဲ့ကအဆိုပြုထားသော ငြိမ်းချမ်းရေးအစီစဉ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့် မြန်မာစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုဘဲာထားခဲ့ရာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း မကျေနပ်မှုမျာအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံကို ဖိအားပေးနေစဉ် အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက်သမားများသည် တိုင်းပြည်ကိုဖျက်ဆီးရန် ကြိုးစားဆောင်ရွက်နေပြီး အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို လမ်းလွဲအောင်ပြုလုပ်နေကြောင်း မြန်မာစစ်အစိုးရကပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်မပါသည့် ဆွေးနွေးပွဲများသည် အဓိပ္ပာယ်မဲ့သောဆွေးနွေးပွဲများသာဖြစ်ကြောင်း လော့ ဆင်းကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုများမှစ၍ နိုင်ငံတော်လျှို့ဝှက်ချက်ဖောက် ဖျက်မှုအဆုံး အမှုပေါင်းများစွာဖြင့် တရားစွဲဆိုထားသည့်အပြင် လက်ရှိအချိန်အထိ ထောင်ဒဏ် ၆ နှစ် ချမှတ် ထားပြီးုဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်းကိုစွဲဆိုထားသောပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းမရှိ ကြောင်း ငြင်းဆိုထားသည်။

 

“ဘယ်လိုပြစ်ဒဏ်မျိုးတွေ ချမှတ်ထားပါစေ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေးနွေးပွဲတွေမှာပါဝင်ရပါမယ်။ မြန်မာ့ တပ်မတော်အနေနဲ့ ဘာမှ ကြောက်နေစရာမလိုပါဘူး။ သူတို့ မိတ်ဆက်ပေးခဲ့တဲ့ ဒီမိုကရေစီစနစ်ကနေ အကျိုး အမြတ်တွေ အများကြီးရမှာပါ။ ဒီမိုကရေစီ ပြန်လည်ရရှိရေးဆောင်ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမ ဖြစ်ပါဝင်ရမှာပါ။ ဒီမိုကရေစီရရှိအောင် ပြန်လည်ကြိုးစားတာဟာ ဘယ်လို မင်းမဲ့စရိုက် ခြိမ်းခြောက်မှုမျိုး၊ နိုင်ငံ တော်ပြိုကွဲစေမယ့်အန္တရာယ်မျိုး၊ ပြည်တွင်းစစ်ဖြစ်စေမယ့်အန္တရာယ်မျိုး မရှိပါဘူး။” ဟု လော့ဆင်းကပြောသည်။

 

မြန်မာနိုင်ငံမှ အကျပ်အတည်းများအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန်၊ ရန်လိုမှုများရပ်စဲရန်နှင့် လူ သားချင်းစာနာထောက်ထားမှုအကူအညီများထောက်ပံ့ပေးအပ်ခွင့်ပြုရန်ဆိုသည့်အချက်များပါဝင်သည့် အာဆီ ယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်စေရန် တိုးတက်မှုရရှိရန်အတွက် ဖိလစ် ပိုင်နိုင်ငံက ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း လော့ဆင်းကပြောသည်။

 

Ref: Philippines says ‘indispensable’ Suu Kyi must be involved in Myanmar peace process

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Philippines says ‘indispensable’ Suu Kyi must be involved in Myanmar peace process

 

#PeopleMedia


Share this post