• Follow Us on

Home မြန်မာ့ တပ်မတော်ရဲ့ MA-Series ရိုင်ဖယ်တွေနဲ့ဆင်တူနေတဲ့ ဗီယက်နမ်ရဲ့ STV ရိုင်ဖယ်


Share this post








#PeopleMedia

(unicode)
မြန်မာ့ တပ်မတော်ရဲ့ MA-Series ရိုင်ဖယ်တွေနဲ့ဆင်တူနေတဲ့ ဗီယက်နမ်ရဲ့ STV ရိုင်ဖယ်
…………………………………………………

STV-380 တွေအပြင် ဗီယက်နမ်တပ်မတော်အတွက် လက်နက်ငယ်တွေထုတ်ပေးနေတဲ့ Factory Z111 စက်ရုံ ဟာ STV-215 ရိုင်ဖယ်တွေအမြောက်အမြားထုတ်လုပ်နေပါတယ်။

အရွယ်ပိုသေးတဲ့ Galil ACE 31 တွေကနေ သူတို့ကို အဆင့်မြှင့်တင်ထုတ်လုပ်တာဖြစ်ပြီး STV-380 တွေနဲ့ တန်းတူညီတဲ့အဆင့်မြှင့်တင်ပြောင်းလဲမှုတွေလုပ်ထားတာပါ။

သေနတ်ပြောင်းအလျား ၂၁၆ မမကိုတော့ ၂၁၅ မမအဖြစ် လျှော့ချထားပါတယ်။

STV-380 ကို ဗီယက်နမ်ပြည်သူ့တပ်မတော်ရဲ့ရှေ့တန်းထွက်လက်နက်အဖြစ်ထုတ်လုပ်ထားလို့ STV-215 တွေဟာ ထောက်လှမ်းရေးနဲ့အသေခံတပ်ဖွဲ့တွေအသုံးပြုဖို့ထုတ်လုပ်တာဖြစ်နိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အစ္စရေးလက်နက်စက်ရုံမျာကုမ္ပဏီ IWI ဆီကနေ Galil ACE ထုတ်လုပ်ခွင့် လိုင်စင်ရတာဖြစ်ပါတယ်။

၆ နှစ်ကြာလာတဲ့အချိန်မှာတော့ အခုလက်နက်တွေအဖြစ် အသွင်ပြောင်းတိုးတက်လာတာဖြစ်ပါတယ်။

STV တွေဟာ Galil ACE တွေကို ဗီယက်နမ်နိုင်ငံရဲ့အခြေအနေတွေနဲ့ ကိုက်ညီအောင်ပြင်ဆင်ထုတ်လုပ်ထား တာဖြစ်ပြီး ဒါဟာ ပထမဆုံး Galil တွေကို မြန်မာနိုင်ငံက MA-series တွေအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့တဲ့ ပုံစံမျိုးဖြစ်နေတာပါ။

#PeopleMedia


Share this post