• Follow Us on

Home မြန်မာပြည်သူများ၏ဆန္ဒကို လေးစားသမှုရှိရမည်ဟု အင်ဒိုနီးရှားနိုင်ငံ ပြော

မြန်မာပြည်သူများ၏ဆန္ဒကို လေးစားသမှုရှိရမည်ဟု အင်ဒိုနီးရှားနိုင်ငံ ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ယခုလအစောပိုင်းက အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ပြည်သူများ၏ဆန္ဒများကို လိုက်နာသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကတိပြုထားသည့်အတိုင်း တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်း ရှိ မရှိ စောင့်ကြည့်သူများ စေလွှတ်မည့် အစီအစဉ်တစ်ရပ်ကို အာဆီယံအဖွဲ့သို့ အင်ဒိုနီးရှားနိုင်ငံက တွန်းအား ပေးနေသည်ဆိုသော ရိုက်တာသတင်းတစ်ရပ်ကြောင့် မြန်မာဆန္ဒပြသူများ၏ အမျက်ဒေါသ ထွက်ပေါ်နေချိန် တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာပြည်သူတွေရဲ့ဆန္ဒအတိုင်း အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက် ဆောင်ရွက် သင့်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရိုက်တာသတင်းဌာနသို့ ယနေ့ပေးပို့သည့် မတ်ဆေ့ဂျ် တစ်ခုအတွင်း မာဆူဒီက ပြောသည်။

 

“အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်ပြီး အလွန် စိုးရိမ်သလို မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေ လုံခြုံမှုရှိဖို့က နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

 

အဖွဲ့အစည်းအားလုံးက သွေးထွက်သံယိုမှုများ ရှောင်ရှားရေး စိတ်ရှည်သည်းခံမှု ကျင့်သုံးကြရန် မာဆူဒီ က တောင်းဆိုလိုက်သည်။

 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို လေးစားသမှုရှိရေး အပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အောင်ပွဲအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန္ဒပြသူများကြား အာဆီယံအဖွဲ့က ကြားဝင်စေ့စပ်ရန် တောင်းဆို မည်ဆိုသော ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြမှုအပေါ် မှတ်ချက်ပေးရန် ၎င်းက ငြင်းဆန်ခဲ့သည်။

 

ကိုးကား – မလေးမေးလ်

 

Ref; Myanmar people’s wishes must be respected, says Indonesian foreign minister

 

#PeopleMedia

 

(unicode)

……………………………………..










Ref; Myanmar people’s wishes must be respected, says Indonesian foreign minister

#PeopleMedia


Share this post