• Follow Us on

Home ျမန္မာျပည္သူ႔အခ်စ္ေတာ္ MMA ဖိုက္တာႀကီး ေအာင္လအန္ဆန္း အေမ ရိကန္၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံ ထားရ

ျမန္မာျပည္သူ႔အခ်စ္ေတာ္ MMA ဖိုက္တာႀကီး ေအာင္လအန္ဆန္း အေမ ရိကန္၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံ ထားရ

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၃

ျမန္မာျပည္သူ႔အခ်စ္ေတာ္ MMA နာမည္ေက်ာ္ MMA ကစားသမား ေအာင္လအန္ဆန္း၌ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္ခံထားရေၾကာင္း ၎၏ Facebook မွတဆင့္ ယမန္ေန႔က ေရးသားေဖၚျပခဲ့သည္။

ယခင္၊ ဇြန္လ ၂၉ ရက္ေန႔တြင္ ေဆးစစ္ခဲ့ၿပီး ယမန္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း Positive အေျဖထြက္ရွိခဲ့ျခင္းျဖစ္သည္။

ေအာင္လအန္ဆန္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ လကၡဏာမ်ားျဖစ္သည့္ အဖ်ားတက္ျခင္း၊ ဝမ္းေလ်ာ ျခင္း၊ ခႏၶာကိုယ္ကိုက္ခဲျခင္း၊ အဆီျပန္ျခင္းစသည့္ ေဝဒနာမ်ားအား ပထမႏွစ္ရက္တြင္ခံစားခဲ့ရေၾကာင္းလည္း ေရးသားေဖၚျပထားသည္။

ေအာင္လအန္ဆန္းသည္ ျမန္မာ့စပါးအုံးဟုလူသိမ်ားသည့္ ကခ်င္လူမ်ိဳး လက္ေဝွ႔သမားတစ္ဦးျဖစ္ၿပီး အေမရိ ကန္ျပည္ေထာင္စုအေရွ႕ျခမ္း ေမရီလန္းျပည္နယ္ရွိ ေဘာလ္တီမိုးၿမိဳ႕၌ မိသားစုႏွင့္အတူ ေနထိုင္လွ်က္ရွိသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရမႈေၾကာင့္ ေအာင္လအန္ဆန္းႏွင့္ ၎၏မိသားစုဝင္မ်ားသည္ Quarantine ၁၄ ရက္ဝင္ေနၿပီး လက္ရွိတြင္ က်န္းမာေရးေကာင္းမြန္ေၾကာင္းသိရသည္။

ေအာင္လအန္ဆန္းေနထိုင္သည့္ အေမရိကန္ျပည္ေထာင္စု၌ ၿပီးခဲ့သည့္ဗုဒၶဟူးေန႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ သူ ၅၀၀၀၀ အထိရွိခဲ့ၿပီး တစ္ရက္အတြင္း ကူးစက္မႈအမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။

Photo – Aung La Nsang(Burmese Python)

#PeopleMedia

(unicode)
မြန်မာပြည်သူ့အချစ်တော် MMA ဖိုက်တာကြီး အောင်လအန်ဆန်း အမေ ရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ထားရ
………………………………………………………

မြစ်ကြီးနား၊ ဇူလိုင် ၃

မြန်မာပြည်သူ့အချစ်တော် MMA နာမည်ကျော် MMA ကစားသမား အောင်လအန်ဆန်း၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရကြောင်း ၎င်း၏ Facebook မှတဆင့် ယမန်နေ့က ရေးသားဖေါ်ပြခဲ့သည်။

ယခင်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဆေးစစ်ခဲ့ပြီး ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း Positive အဖြေထွက်ရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လက္ခဏာများဖြစ်သည့် အဖျားတက်ခြင်း၊ ဝမ်းလျော ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆီပြန်ခြင်းစသည့် ဝေဒနာများအား ပထမနှစ်ရက်တွင်ခံစားခဲ့ရကြောင်းလည်း ရေးသားဖေါ်ပြထားသည်။

အောင်လအန်ဆန်းသည် မြန်မာ့စပါးအုံးဟုလူသိများသည့် ကချင်လူမျိုး လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စုအရှေ့ခြမ်း မေရီလန်းပြည်နယ်ရှိ ဘောလ်တီမိုးမြို့၌ မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့် အောင်လအန်ဆန်းနှင့် ၎င်း၏မိသားစုဝင်များသည် Quarantine ၁၄ ရက်ဝင်နေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်။

အောင်လအန်ဆန်းနေထိုင်သည့် အမေရိကန်ပြည်ထောင်စု၌ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် သူ ၅၀၀၀၀ အထိရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်မှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

Photo – Aung La Nsang(Burmese Python)

#PeopleMedia


Share this post