• Follow Us on
Latest News

Home မြန်မာပြည်သူ ၁၃ သန်းကျော်ကို စားနပ်ရိက္ခာ ကူညီနိုင်ရန် ဒေါ်လာ ၈၂၆ သန်း လိုအပ်နေကြောင်း OCHA ထုတ်ပြန်

မြန်မာပြည်သူ ၁၃ သန်းကျော်ကို စားနပ်ရိက္ခာ ကူညီနိုင်ရန် ဒေါ်လာ ၈၂၆ သန်း လိုအပ်နေကြောင်း OCHA ထုတ်ပြန်

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁ (People Media)

 

မြန်မာနိုင်ငံပြည်သူ ၁၃ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုကို ဆိုးရွားစွာ ကြုံတွေ့နေရပြီး ၎င်းတို့ကို ကူညီထောက်ပံ့နိုင်ရန် ဒေါ်လာ ၈၂၆ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ ရေးရုံး (OCHA) ရုံးက ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်သူအများစုသည် အလုပ်အကိုင်နှင့် ဝင်ငွေများ ဆုံးရှုံးခဲ့ရသည့်အပြင် ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် စားနပ်ရိက္ခာမလုံလောက်မှုကို ဆိုးရွာစွာ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

 

အဆိုပါ အခက်အခဲများကို ရင်ဆိုင်ရသူများမှာ ယခင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်၊ ကချင်နှင့် ရှမ်းပြည် နယ်တို့တွင် ကာလကြာရှည် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သိန်းနှင့်ချီ၍ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

 

လက်ရှိပြည်သူများသည် စားနပ်ရိက္ခာမလုံလောက်မှု ရင်ဆိုင်ဖြေရှင်းရန် အန္တရာယ်ရှိသော နည်းလမ်းများကို တိုး၍ အသုံးပြုလာခဲ့ကြကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားသည်။

 

ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ အသက်ကိုကယ်တင်ရန် အလှူ ရှင်များကို ရက်ရောစွာ လှူဒါန်းကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) ရုံးက ထုတ်ပြန်ထားသည်။

 

PHOTO – OCHA

 

ဝလုံး(EPN)

 

#PeopleMedia #EPN #OCHA

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

PHOTO – OCHA

 


 

#PeopleMedia #EPN #OCHA


Share this post