• Follow Us on

Home မြန်မာပြည်ကြီးသာယာဝပြောပြီး အေးချမ်းသာယာပါစေကြောင်း န-စ-ကဥက္ကဋ္ဌ ဆုတောင်းပေး

မြန်မာပြည်ကြီးသာယာဝပြောပြီး အေးချမ်းသာယာပါစေကြောင်း န-စ-ကဥက္ကဋ္ဌ ဆုတောင်းပေး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ (People Media)

 

မြန်မာပြည်ကြီး သာယာဝပြောပြီး အေးချမ်းသာယာပါစေကြောင်း သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိစေတီ ထီးတော်တင်လှူပွဲဧည့်သည်တော်မှတ်တမ်း၌ န-စ-ကဥက္ကဋ္ဌက ဆုတောင်းစာ ရေးသားထားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ၊ သီရိမင်္ဂလာကုန်းမြေ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက် မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထား ပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖြန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးရာတွင် “ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာ တည်သရွေ့ ထွန်းလင်းတည်တန့်နေစေရန် ရည်ရွယ်၍ သမိုင်းဝင် ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွန်းမံခြင်းနှင့် စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ တင်လှူပူဇော်ခွင့်ရခြင်းအတွက် များစွာ ပီတိ ဝမ်းသာ ဂုဏ်ယူရပါသည်။ မြန်မာပြည်ကြီး သာယာဝပြောပါစေ။ စားနပ်ရိက္ခာဖူလုံပေါများပါစေ။ အေး ချမ်းသာယာပါစေ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ရေးသားဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးသည် ကရဝိကမင်းကြီး ဟံသာဝတီထီးနန်း စိုးစံတော်မူစဉ် တည်ထားကိုးကွယ်တော်မူသည့် စေတီတော် (၇) ဆူအနက် စတုတ္ထမြောက်တည်ထားသည့် စေတီတော်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post