• Follow Us on

Home ျမန္မာႏိုင္ငံကို တရားစြဲဆိုမႈအတြက္ ဂမ္ဘီယာသမၼတကို ကမာၻ႔မြတ္ဆလင္အဖြဲ႕ထုတ္ေဖာ္ခ်ီးက်ဴး

ျမန္မာႏိုင္ငံကို တရားစြဲဆိုမႈအတြက္ ဂမ္ဘီယာသမၼတကို ကမာၻ႔မြတ္ဆလင္အဖြဲ႕ထုတ္ေဖာ္ခ်ီးက်ဴး

Share this post

ဘန္ဂ်ဴ၊ ေဖေဖာ္ဝါရီ – ၆

ကမာၻ႔မြတ္ဆလင္အဖြဲ႕ႀကီးရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ အဗၺဒူလာ အာမက္အဘူဘက္ကာ အယ္မာ႐ွ္ ေဟာဦးေဆာင္တဲ့အထူးကိုယ္စားျပဳအဖြဲ႕ကို ဂမ္ဘီယာသမၼတအက္ဒါမာ ဘား႐ိုးက ေဖေဖာ္ဝါရီ ၅ ရက္ ဗုဒၶဟူးေန႔က ၿမိဳ႕ေတာ္ဘန္ဂ်ဴမွာ႐ွိတဲ့ႏိုင္ငံေတာ္စံအိမ္မွာ လက္ခံေတြ႕ဆံုခဲ့ပါတယ္။

ျမန္မာႏိုင္ငံကို ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)မွာ တရားစြဲဆိုခဲ့တဲ့ကိစၥအတြက္နဲ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာ ဟုေဖာ္ျပထား)ေတြကို ပိုကယ္ဆယ္ႏိုင္ေတာ့မယ့္ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြရေအာင္ သိ သာတဲ့ေျခလွမ္းေတြအတြက္ အဖြဲ႕ႀကီးရဲ႕ ေက်းဇူးတင္ခ်ီးက်ဴးစကားေတြပို႔ေပးဖို႔ ကိုယ္စားလွယ္အဖြဲ႕က ဂမ္ ဘီယာႏိုင္ငံေရာက္လာတာပါ။ ကမာၻအႏွံ႔က မြတ္ဆလင္ႏိုင္ငံကိုသက္ေရာက္မႈ႐ွိေနတဲ့ပဋိပကၡေတြနဲ႔ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ကိစၥအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖ႐ွင္းခ်က္ရဖို႔ အဖြဲ႔ႀကီးရဲ႕အားထုတ္မႈေတြကို အယ္မက္တာက ေတြ႕ဆံုမႈအၿပီးမွာ သတင္းေထာက္ေတြကိုထပ္ေျပာပါတယ္။

“ဂမ္ဘီယာရဲ႕အားထုတ္မႈေတြနဲ႔အတူ ရပ္တည္ေပးမယ္။ မြတ္ဆလင္ကမာၻမွာ ေခါင္းေဆာင္ျဖစ္တဲ့ ကမာၻ႔မြတ္ဆ လင္အဖြဲ႕ႀကီးက စိုးရိမ္ေနလို႔ ဒီျပႆနာကိုေျဖ႐ွင္းဖို႔ ၿငိမ္းခ်မ္းတဲ့နည္လမ္းေတြအားလံုးသံုးဖို႔ ကတိျပဳထားတယ္ ဆိုတာ ကၽြန္ေတာ္တို႔ သမၼတႀကီးကို အာမခံခဲ့ပါတယ္” လို႔ ေျပာတဲ့အျပင္ ဒီအားထုတ္မႈအတြက္ ေနာက္ထပ္ အဆင့္ေတြကို ႀကိဳတင္ျပင္ဆင္ထားတယ္လို႔လည္း ေျပာတာပါ။

ျမန္မာနဲ႔ဘဂၤလားေဒ့႐ွ္ႏိုင္ငံတို႔က ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြနဲ႔ မြတ္ဆလင္ေတြအားလံုးကို ကူညီဖို႔ ဂမ္ဘီယာအစိုးရနဲ႔ ကမာၻ႔မြတ္ဆလင္အဖြဲ႔ႀကီးတို႔ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵျပင္းျပင္ထန္ထန္႐ွိတယ္လို႔ လည္း ကိုယ္စားျပဳအဖြဲ႕ကေဖာ္ျပခဲ့ပါတယ္။ ႏိုင္ငံတကာကယ္ဆယ္ေရးအဖြဲ႔ ၫႊန္ၾကားေရးမွဴးခ်ဳပ္အဗၺဒူရာမန္ မိုဟာမက္ အယ္မက္တာလည္းပါ၀င္တဲ့ ကိုယ္စားျပဳအဖြဲ႕ကို ႏိုင္ငံေတာ္စံအိမ္ဆီ အစၥလာမ္မစ္ပူးေပါင္းေဆာင္ ႐ြက္ေရးအသင္း(အိုအိုင္စီ)ဆိုင္ရာ ဂမ္ဘီယာသံတမန္ႏွင့္ အၿမဲတမ္းကိုယ္စားလွယ္ အိုမာဂီဘရယ္ဆယ္လာက ဦးေဆာင္ခဲ့ပါတယ္။

Source – Voice Gambia

Photo – Voice Gambia

#PeopleMedia #Gambia #Myanmar #ICJ #MuslimWorld League

(Unicode)
မြန်မာနိုင်ငံကို တရားစွဲဆိုမှုအတွက် ဂမ်ဘီယာသမ္မတကို ကမ္ဘာ့မွတ်ဆလင်အဖွဲ့ထုတ်ဖော်ချီးကျူး
…………………………………………………………

ဘန်ဂျူ၊ ဖေဖော်ဝါရီ – ၆

ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အာမက်အဘူဘက်ကာ အယ်မာရှ် ဟောဦးဆောင်တဲ့အထူးကိုယ်စားပြုအဖွဲ့ကို ဂမ်ဘီယာသမ္မတအက်ဒါမာ ဘားရိုးက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့က မြို့တော်ဘန်ဂျူမှာရှိတဲ့နိုင်ငံတော်စံအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ တရားစွဲဆိုခဲ့တဲ့ကိစ္စအတွက်နဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ ဟုဖော်ပြထား)တွေကို ပိုကယ်ဆယ်နိုင်တော့မယ့်ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေရအောင် သိ သာတဲ့ခြေလှမ်းတွေအတွက် အဖွဲ့ကြီးရဲ့ ကျေးဇူးတင်ချီးကျူးစကားတွေပို့ပေးဖို့ ကိုယ်စားလှယ်အဖွဲ့က ဂမ် ဘီယာနိုင်ငံရောက်လာတာပါ။ ကမ္ဘာအနှံ့က မွတ်ဆလင်နိုင်ငံကိုသက်ရောက်မှုရှိနေတဲ့ပဋိပက္ခတွေနဲ့ ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကိစ္စအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ရဖို့ အဖွဲ့ကြီးရဲ့အားထုတ်မှုတွေကို အယ်မက်တာက တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကိုထပ်ပြောပါတယ်။

“ဂမ်ဘီယာရဲ့အားထုတ်မှုတွေနဲ့အတူ ရပ်တည်ပေးမယ်။ မွတ်ဆလင်ကမ္ဘာမှာ ခေါင်းဆောင်ဖြစ်တဲ့ ကမ္ဘာ့မွတ်ဆ လင်အဖွဲ့ကြီးက စိုးရိမ်နေလို့ ဒီပြဿနာကိုဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်လမ်းတွေအားလုံးသုံးဖို့ ကတိပြုထားတယ် ဆိုတာ ကျွန်တော်တို့ သမ္မတကြီးကို အာမခံခဲ့ပါတယ်” လို့ ပြောတဲ့အပြင် ဒီအားထုတ်မှုအတွက် နောက်ထပ် အဆင့်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ပြောတာပါ။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနဲ့ မွတ်ဆလင်တွေအားလုံးကို ကူညီဖို့ ဂမ်ဘီယာအစိုးရနဲ့ ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးတို့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒပြင်းပြင်ထန်ထန်ရှိတယ်လို့ လည်း ကိုယ်စားပြုအဖွဲ့ကဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဗ္ဗဒူရာမန် မိုဟာမက် အယ်မက်တာလည်းပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ကို နိုင်ငံတော်စံအိမ်ဆီ အစ္စလာမ်မစ်ပူးပေါင်းဆောင် ရွက်ရေးအသင်း(အိုအိုင်စီ)ဆိုင်ရာ ဂမ်ဘီယာသံတမန်နှင့် အမြဲတမ်းကိုယ်စားလှယ် အိုမာဂီဘရယ်ဆယ်လာက ဦးဆောင်ခဲ့ပါတယ်။

Source – Voice Gambia

Photo – Voice Gambia

#PeopleMedia #Gambia #Myanmar #ICJ #MuslimWorld League


Share this post