• Follow Us on

Home ျမန္မာႏိုင္ငံကို အိုင္စီေဂ်၌ တရားစြဲဆိုရာတြင္ ဦးေဆာင္ခဲ့သည့္ ဂမ္ဘီယာတရားေရးဝန္ႀကီး ရာထူးမွ ႏႈတ္ထြက္

ျမန္မာႏိုင္ငံကို အိုင္စီေဂ်၌ တရားစြဲဆိုရာတြင္ ဦးေဆာင္ခဲ့သည့္ ဂမ္ဘီယာတရားေရးဝန္ႀကီး ရာထူးမွ ႏႈတ္ထြက္

Share this post

၂၀၂၀၊ ဇြန္ ၂၆

ႏိုင္ငံတကာတရားမွ်တမႈတရား႐ုံး (အိုင္စီေဂ်) ၌ ျမန္မာႏိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈစြဲခ်က္ျဖင့္ တရားစြဲဆို ရာတြင္ ဦးေဆာင္ခဲ့သူ ဂမ္ဘီယာ တရားေရးဝန္ႀကီး အဘူေဘကာတမ္ဘာေဒါမွာ ရာထူးမွႏႈတ္ထြက္ခဲ့ၿပီဟု ဂမ္ ဘီယာအစိုးရက ေျပာသည္။

ကုလသမဂၢအဖြဲ႕၌ ရာထူးတစ္ခုျဖင့္ တာဝန္ထမ္းေဆာင္ရန္ အဘူေဘကာသည္ ဇြန္လ ၃၀ ရက္မွစ၍ တရား ေရးဝန္ႀကီးႏွင့္ ေရွ႕ေန႔ခ်ဳပ္ရာထူးမွ ႏႈတ္ထြက္မည္ဟု ဂမ္ဘီယာႏိုင္ငံက ေျပာၾကားသည္။

ဂမ္ဘီယာအာဏာရွင္ေဟာင္း ယာရာဂ်မ္မီလက္ထက္တြင္ က်ဴးလြန္ခဲ့ေသာ ခ်ိဳးေဖာက္မႈမ်ား စုံစမ္းစစ္ေဆး မည့္ ဂမ္ဘီယာ အမွန္တရား၊ ျပန္လည့္သင့္ျမတ္ေရးႏွင့္ စစ္ေလ်ာ္ေၾကးေကာ္မရွင္ ဖြဲ႕စည္းရာတြင္ ၂၀၁၇ ခု ႏွစ္တြင္ တရားေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ခံခဲ့ရသည့္ အဘူေဘကာက အေရးပါခဲ့သည္။

အာဏာရွင္ ဂ်မ္မီသည္ ဂမ္ဘီယာႏိုင္ငံကို ၂၂ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့ၿပီး အက္ဒမာဘား႐ိုးကို သမၼတေရြးေကာက္ ပြဲတြင္ ရႈံးနိမ့္ၿပီးေနာက္ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရလတြင္ တိုင္းျပည္မွထြက္ေျပးသြားခဲ့သည္။

ယခုႏွစ္ ဇန္နဝါရီလတြင္ ဂ်မ္မီကိုေထာက္ခံသူမ်ားက အာဏာရွင္ေဟာင္းကို တိုင္းျပည္သို႔ျပန္လာရန္ ေတာင္း ဆိုခဲ့ေသာ္လည္း ဂ်မ္မီအေနျဖင့္ ျပည္ပမွျပန္လာလ်င္ အဖမ္းခံရမည္ျဖစ္ကာ က်ဴးလြန္ခဲ့ေသာျပစ္မႈမ်ားအတြက္ တာဝန္ယူရမည္ဟု ေျပာၾကားခဲ့သည္။

ေရွ႕ေနတစ္ျဖစ္လဲ ႏိုင္ငံေရးသမား အဘူေဘကာက မူဆလင္မ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဟုဆိုကာ ႏိုင္ငံတကာတရားမွ်တမႈတရား႐ုံး (အိုင္စီေဂ်) ၌ ျမန္မာႏိုင္ငံကို တရားစြဲဆိုမႈေၾကာင့္ ႏိုင္ငံတကာ၌ ထင္ရွားလာ ခဲ့သည္။

ဂမ္ဘီယာမွာ လူဦးေရႏွစ္သန္းခန္႔သာရွိသည့္ ဆင္းရဲေသာ မူဆလင္ႏိုင္ငံတစ္ခုျဖစ္ၿပီး အာဖရိကတိုက္တြင္ အေသးငယ္ဆုံးတိုင္းျပည္ျဖစ္သည္။

ဂမ္ဘီယာသမၼတ႐ုံးက ဇြန္လ ၂၅ ရက္တြင္ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ၿပီး တရားေရးဝန္ႀကီးအျဖစ္ မ်ိဳးခ်စ္ စိတ္အျပည့္ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့မႈႏွင့္ ႏိုင္ငံတကာပုံရိပ္ ေကာင္းမြန္လာေစမႈေၾကာင့္ အဘူေဘ ကာကို ခ်ီးက်ဴးခဲ့သည္။

ကိုးကား ။ ။ ဗွီအိုေအ

Ref; Gambia’s Justice Minister, Human Rights Champion Resigns

(unicode)
မြန်မာနိုင်ငံကို အိုင်စီဂျေ၌ တရားစွဲဆိုရာတွင် ဦးဆောင်ခဲ့သည့် ဂမ်ဘီယာတရားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်
……………………………………………

၂၀၂၀၊ ဇွန် ၂၆

နိုင်ငံတကာတရားမျှတမှုတရားရုံး (အိုင်စီဂျေ) ၌ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲဆို ရာတွင် ဦးဆောင်ခဲ့သူ ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘေကာတမ်ဘာဒေါမှာ ရာထူးမှနှုတ်ထွက်ခဲ့ပြီဟု ဂမ် ဘီယာအစိုးရက ပြောသည်။

ကုလသမဂ္ဂအဖွဲ့၌ ရာထူးတစ်ခုဖြင့် တာဝန်ထမ်းဆောင်ရန် အဘူဘေကာသည် ဇွန်လ ၃၀ ရက်မှစ၍ တရား ရေးဝန်ကြီးနှင့် ရှေ့နေ့ချုပ်ရာထူးမှ နှုတ်ထွက်မည်ဟု ဂမ်ဘီယာနိုင်ငံက ပြောကြားသည်။

ဂမ်ဘီယာအာဏာရှင်ဟောင်း ယာရာဂျမ်မီလက်ထက်တွင် ကျူးလွန်ခဲ့သော ချိုးဖောက်မှုများ စုံစမ်းစစ်ဆေး မည့် ဂမ်ဘီယာ အမှန်တရား၊ ပြန်လည့်သင့်မြတ်ရေးနှင့် စစ်လျော်ကြေးကော်မရှင် ဖွဲ့စည်းရာတွင် ၂၀၁၇ ခု နှစ်တွင် တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် အဘူဘေကာက အရေးပါခဲ့သည်။

အာဏာရှင် ဂျမ်မီသည် ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အက်ဒမာဘားရိုးကို သမ္မတရွေးကောက် ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရလတွင် တိုင်းပြည်မှထွက်ပြေးသွားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် ဂျမ်မီကိုထောက်ခံသူများက အာဏာရှင်ဟောင်းကို တိုင်းပြည်သို့ပြန်လာရန် တောင်း ဆိုခဲ့သော်လည်း ဂျမ်မီအနေဖြင့် ပြည်ပမှပြန်လာလျင် အဖမ်းခံရမည်ဖြစ်ကာ ကျူးလွန်ခဲ့သောပြစ်မှုများအတွက် တာဝန်ယူရမည်ဟု ပြောကြားခဲ့သည်။

ရှေ့နေတစ်ဖြစ်လဲ နိုင်ငံရေးသမား အဘူဘေကာက မူဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုကာ နိုင်ငံတကာတရားမျှတမှုတရားရုံး (အိုင်စီဂျေ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုမှုကြောင့် နိုင်ငံတကာ၌ ထင်ရှားလာ ခဲ့သည်။

ဂမ်ဘီယာမှာ လူဦးရေနှစ်သန်းခန့်သာရှိသည့် ဆင်းရဲသော မူဆလင်နိုင်ငံတစ်ခုဖြစ်ပြီး အာဖရိကတိုက်တွင် အသေးငယ်ဆုံးတိုင်းပြည်ဖြစ်သည်။

ဂမ်ဘီယာသမ္မတရုံးက ဇွန်လ ၂၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး တရားရေးဝန်ကြီးအဖြစ် မျိုးချစ် စိတ်အပြည့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုနှင့် နိုင်ငံတကာပုံရိပ် ကောင်းမွန်လာစေမှုကြောင့် အဘူဘေ ကာကို ချီးကျူးခဲ့သည်။

ကိုးကား ။ ။ ဗှီအိုအေ

Ref; Gambia’s Justice Minister, Human Rights Champion Resigns


Share this post