• Follow Us on

Home မြန်မာနိုင်ငံကို အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်များချမှတ်နိုင်ရေး ချင့်ချိန်တွက်ဆနေကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကန်ပြော

မြန်မာနိုင်ငံကို အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်များချမှတ်နိုင်ရေး ချင့်ချိန်တွက်ဆနေကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကန်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)

 

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး မြန်မာစစ်အစိုးရကို ဖိအားပေးရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်နိုင်ရန် အမေရိကန်အစိုးရအနေဖြင့် ချင့်ချိန်တွက်ဆနေ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်သည်။

 

စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းမှုများပိုများလာသလို ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းမှု များပိုမိုများပြားလာပြီး ၁၀ လအတွင်း မြန်မာနိုင်ငံတွင်းမှအခြေအနေများမှာပိုမိုဆိုးရွားလာကြောင်း ဘလင်ကန် ကပြောသည်။

 

၎င်းအပြင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ဆက်လက်ဖိနှိပ်နေမှုများကို “လူမျိုးတုံးသတ်ဖြတ် မှု” အဖြစ်သတ်မှတ်ရန်အတွက် အမေရိကန်အစိုးရက အလွန်တက်ကြွစွာစောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ပြောသည်။

 

“မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ ဘယ်လိုအရေးယူဆောင်ရွက်မှု မျိုးတွေ ကျွန်တော်တို့ထပ်လုပ်နိုင်မလဲဆိုတာ မစဉ်းစားခင်ကာလတွေမှာ အလွန်အရေးကြီးတော့မယ်လို့ ကျွန် တော်ထင်ပါတယ်” ဟု ဘလင်ကန်ကပြောသည်။

 

အရှေ့တောင်အာရှသုံးနိုင်ငံခရီးစဉ်အတွင်း ဒုတိယခရီးစဉ်ဖြစ်သည့် မလေးရှားနိုင်ငံခရီးစဉ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဘလင်ကန်က ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အဖွဲ့ဝင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောမူဝါဒများနှင့်ပတ်သက်၍ “ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ဝေဖန်သင့်ကြောင်း” ပြောဆိုရင်း မြန်မာနိုင်ငံအရေး အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ကပြောသည်။ မြန်မာနိုင်ငံ၏ အစိုးရပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများအပေါ် အရေးယူဆောင်ရွက်မည့်အလားအလာနှင့်ပတ်သက်၍ ဘလင်ကန်ကို သတင်း ထောက်များကမေးမြန်းသော်လည်း ဘလင်ကန်က ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

သို့သော် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်မည့်အခြေအနေကို ပြောဆိုသွားခဲ့ သည်။

 

“ကျွန်တော်တို့ လက်ရှိအချိန်မှာ ဂရုတစိုက်စောင့်ကြည့်နေတဲ့ကိစ္စဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခြင်း ရှိမရှိဆိုတာရယ် မြန်မာနိုင်ငံမှာ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေပြုလုပ်ရမယ်ဆိုတာရယ်ကို ဆုံးဖြတ်ချက်ချ နိုင်ဖို့ ကျွန်တော်တို့ ဆက်ပြီးတော့စိတ်ဝင်တစားစောင့်ကြည့်လေ့လာနေပါတယ်” ဟု ဘလင်ကန်ကပြောသည်။

 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးထားသူများအားလုံး ကို ပြန်လွှတ်ပေးရန်၊ အကူအညီလိုအပ်နေသည့်ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးနိုင်ရေးအတွက် ခွင့်ပြုပေးရန်၊ ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နှင်းခြင်းမှ ရပ်တန့်ရန်နှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းရန် မြန်မာစစ်အစိုးရအား ဘလင်ကန်က အကြိမ်ကြိမ်တောင်းဆိုခဲ့ သည်။ သတင်းထောက်အချို့၏မေးမြန်းမှုများကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာက ပြန်လည်ဖြေ ကြားရာတွင် မြန်မာအရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် ပို၍ရှင်းလင်းလွယ်ကူသောရပ်တည်မှုဖြင့် ရပ်တည်ရမည်ဟု မလေးရှားနိုင်ငံကယုံကြည်ကြောင်း ၎င်းကပြောသည်။

 

“ကျွန်တော်တို့ အာဆီယံအဖွဲ့ကြီးဟာ နိုင်ငံတစ်ခုရဲ့အရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆုပ်ကိုင်ထား တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့လည်း အာဆီယံအနေနဲ့ ဥပေက္ခာမပြုရေးမူဝါဒကိုလည်း ပြန် ကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှဟာ အပြင်ဘက်ကို ရိုက် ခတ်လာလို့ပဲဖြစ်တယ်။ မလေးရှားနိုင်ငံက အခုလက်ရှိ ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ နီးပါးလက်ခံထားရပါ တယ်” ဟု ၎င်းကပြောသည်။

 

Ref: Blinken says US weighing new sanctions on Myanmar

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Blinken says US weighing new sanctions on Myanmar

 

#PeopleMedia


Share this post