• Follow Us on

Home ျမန္မာႏိုင္ငံကို ICJ တြင္ တရားစြဲမႈ ၾကားျဖတ္အမိန္႔ခ်မခ် ဇန္နဝါရီ ၂၃ ရက္တြင္ ဆုံးျဖတ္မည္

ျမန္မာႏိုင္ငံကို ICJ တြင္ တရားစြဲမႈ ၾကားျဖတ္အမိန္႔ခ်မခ် ဇန္နဝါရီ ၂၃ ရက္တြင္ ဆုံးျဖတ္မည္

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၆

လူမ်ိဳးတုန္းသတ္ျဖတ္မႈစြပ္စြဲခ်က္ျဖင့္ ျမန္မာႏိုင္ငံကို တရားစြဲထားသည့္အမႈတြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ဆက္မျဖစ္ေရးအတြက္ ၾကားျဖတ္အေရးယူမႈအစီအမံ ခ်မွတ္ေပးရန္ ဂမ္ဘီယာႏိုင္ငံ၏ ေတာင္းဆိုမႈႏွင့္ ပတ္ သက္၍ ကုလသမဂၢႏိုင္ငံတကာတရား႐ုံး (ICJ) က ဇန္နဝါရီ ၂၃ ရက္တြင္ ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း ဂမ္ ဘီယာႏိုင္ငံ တရားေရးဌာနက ေျပာသည္။

ျမန္မာႏိုင္ငံသည္ လူနည္းစုဘဂၤါလီမ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ဆက္လက္က်ဴးလြန္ေနသည္ဆိုကာ မြတ္စလင္အမ်ားစုေနထိုင္ရာ အေနာက္အာဖရိကရွိ ဂမ္ဘီယာႏိုင္ငံက ႏို၀င္ဘာလတြင္ ျမန္မာႏိုင္ငံအား ICJ ၌ တရားစြဲခဲ့သည္။

သို႔ေသာ္ ဂမ္ဘီယာႏိုင္ငံ၏ေတာင္းဆိုမႈအတိုင္း ျမန္မာႏိုင္ငံအေနျဖင့္ လိုက္နာရမည့္ ၾကားျဖတ္အစီအမံ ခ်မွတ္ ေရးကို ဇန္နဝါရီ ၂၃ ရက္တြင္ ဆုံးျဖတ္မည္ဆိုျခင္းႏွင့္ ပတ္သက္၍ ႏိုင္ငံတကာတရား႐ုံးက ခ်က္ခ်င္းမွတ္ခ်က္ ျပဳေျပာဆိုျခင္းမရွိေပ။

ရခိုင္ျပည္နယ္မွ ဘဂၤါလီမ်ား ဘဂၤလားေဒ့ရ္ွႏုိင္ငံအတြင္းသို႔ ထြက္ေျပးသြားေစသည့္ စစ္ဆင္ေရးမ်ားအတြင္း ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္းကို ေဖာက္ဖ်က္သည္ဟု ဂမ္ဘီယာ ႏိုင္ငံက စြပ္စြဲထားသည္။

ႏွစ္ေပါင္းမ်ားစြာ တရားရင္ဆိုင္ရမည့္ အဆိုပါတရားစြဲဆိုမႈတြင္ ပထမေျခလွမ္းအျဖစ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ဆက္လက္ျဖစ္ပြားေနျခင္းမွ ကာကြယ္ရန္ ၾကားျဖတ္အစီအမံမ်ားခ်မွတ္ရန္ ဂမ္ဘီယာက ႏိုင္ငံတကာတရား႐ုံး ကို ေတာင္းဆိုခဲ့သည္။

ထိုသို႔တရားစြဲဆိုျခင္းႏွင့္ပတ္သက္၍ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ရွိ ႏိုင္ငံတကာတရား႐ုံးသို႔ ျမန္မာႏိုင္ငံ၏ ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ေလွ်ာက္လဲခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ လူမ်ိဳး တုန္းသတ္ျဖတ္မႈမ်ားမရွိေၾကာင္း ၎ကျငင္းဆိုခဲ့သည္။

#peoplemedia #EPN

(Unicode)
မြန်မာနိုင်ငံကို ICJ တွင် တရားစွဲမှု ကြားဖြတ်အမိန့်ချမချ ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်မည်
……………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို တရားစွဲထားသည့်အမှုတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ဆက်မဖြစ်ရေးအတွက် ကြားဖြတ်အရေးယူမှုအစီအမံ ချမှတ်ပေးရန် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုနှင့် ပတ် သက်၍ ကုလသမဂ္ဂနိုင်ငံတကာတရားရုံး (ICJ) က ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဂမ် ဘီယာနိုင်ငံ တရားရေးဌာနက ပြောသည်။

မြန်မာနိုင်ငံသည် လူနည်းစုဘင်္ဂါလီများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဆိုကာ မွတ်စလင်အများစုနေထိုင်ရာ အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလတွင် မြန်မာနိုင်ငံအား ICJ ၌ တရားစွဲခဲ့သည်။

သို့သော် ဂမ်ဘီယာနိုင်ငံ၏တောင်းဆိုမှုအတိုင်း မြန်မာနိုင်ငံအနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ချမှတ် ရေးကို ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်မည်ဆိုခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာတရားရုံးက ချက်ချင်းမှတ်ချက် ပြုပြောဆိုခြင်းမရှိပေ။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းသို့ ထွက်ပြေးသွားစေသည့် စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ဖောက်ဖျက်သည်ဟု ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားသည်။

နှစ်ပေါင်းများစွာ တရားရင်ဆိုင်ရမည့် အဆိုပါတရားစွဲဆိုမှုတွင် ပထမခြေလှမ်းအဖြစ် လူမျိုးတုန်းသတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းမှ ကာကွယ်ရန် ကြားဖြတ်အစီအမံများချမှတ်ရန် ဂမ်ဘီယာက နိုင်ငံတကာတရားရုံး ကို တောင်းဆိုခဲ့သည်။

ထိုသို့တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးသို့ မြန်မာနိုင်ငံ၏ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လျှောက်လဲခဲ့ပြီး မြန်မာနိုင်ငံတွင် လူမျိုး တုန်းသတ်ဖြတ်မှုများမရှိကြောင်း ၎င်းကငြင်းဆိုခဲ့သည်။

#peoplemedia #EPN


Share this post