• Follow Us on

Home ျမန္မာႏိုင္ငံကေန ေနာက္ဆုတ္သြားတဲ့ ကိုရီးယားလုပ္ငန္းေတြ ဘဂၤလားေဒ့႐ွ္မွာ ေျမဧက ၇၀၀ လိုအပ္ေန

ျမန္မာႏိုင္ငံကေန ေနာက္ဆုတ္သြားတဲ့ ကိုရီးယားလုပ္ငန္းေတြ ဘဂၤလားေဒ့႐ွ္မွာ ေျမဧက ၇၀၀ လိုအပ္ေန

Share this post

ဒါကာ၊ ဇန္နဝါရီ – ၃၀

ဇြန္မွာစၿပီး လုပ္ငန္းအေကာင္အထည္ေဖာ္ဖို႔ရည္မွန္းထားတဲ့ ဘန္ဂါဘန္ဒူ ႐ွိတ္မူဂ်စ္ ႐ွီပါနာဂါမွာ ေျမဧက ၇၀၀ ေလာက္ကို ကိုရီးယားစက္မႈဇုန္ေကာ္ပိုေရး႐ွင္း (KICC)က အေလာတႀကီး႐ွာေဖြေနပါတယ္။

ကနဦးရင္းႏွီးႁမွဳပ္ႏွံမႈ ေဒၚလာသန္း ၅၀၀ ေလာက္႐ွိ္မယ့္ ေတာင္ကိုရီးယားအထည္ခ်ဳပ္လုပ္ငန္းေတြ၊ သားေရနဲ႔ လက္၀တ္ရတနာထုတ္လုပ္သူေတြကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆီေခၚေဆာင္လာဖို႔ KICC က ရည္မွန္းေနပါတယ္။

“ေျမေတာ့ေပးမွာပါ။ ဒါေပမဲ့ ဘယ္ေလာက္ေပးမလဲမေသခ်ာဘူးျဖစ္ေနတယ္” လို႔ ဘဂၤလားေဒ့ရွ္စီးပြားေရးဇုန္ အာဏာပိုင္အဖြဲ႔အမႈေဆာင္ဥကၠ႒ပါဘန္ ေခ်ာင္ဒူရီကေျပာပါတယ္။

၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံက ပဲခူးတိုင္းေဒသႀကီးနဲ႔ မြန္ျပည္နယ္တို႔မွာတည္ေဆာက္ခဲ့တဲ့ စက္မႈဇုန္ ႏွစ္ခုမွာ ေရနဲ႔လွ်ပ္စစ္ဓာတ္အားမလံုေလာက္မႈႀကံဳခဲ့ရလို႔ ေနာက္ျပန္ဆုတ္ခဲ့ရၿပီးတဲ့ေနာက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို အာ႐ံုစိုက္ေနတယ္လို႔ KICC က အေစာပိုင္းမွာ အသိေပးခဲ့ပါတယ္။

ပိုေကာင္းတဲ့လွ်ပ္စစ္ဓာတ္အား၀န္ေဆာင္မႈနဲ႔ အေျခခံအေဆာက္အဦေတြအသံုးျပဳၿပီး ကမာၻ႔ေစ်းကြက္ထဲက ေစ်း ႏႈန္းအားသာခ်က္ရဖို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ေတာင္ကိုရီးယားကုမၸဏီေတြေျပာင္းေ႐ႊ႕ခ်င္ေနတာလို႔ ေခ်ာင္ဒူရီက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္စီးပြားေရးဇုန္အာဏာပိုင္အဖြဲ႔က ဂ်ပန္၊ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံေတြက ရင္းႏွီးႁမွဳပ္ႏွံသူေတြကို သီးျခားစီစက္မႈဇုန္ေတြသတ္မွတ္ခြင့္ျပဳခဲ့ၿပီး အေကာင္အထည္စေဖာ္ေနၾကၿပီလို႔လည္း ေျပာပါတယ္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ အေျခခံအေဆာက္အဦး၊ လွ်ပ္စစ္ဓာတ္အား၊ အိုင္စီတီ၊ ေဆာက္လုပ္ေရး၊ သေဘၤာတည္ ေဆာက္ေရးနဲ႔ စြမ္းအင္က႑ေတြမွာ ရင္းႏွီးႁမွဳပ္ႏွံဖို႔ စိတ္အားထက္သန္ေနတယ္လို႔ ၂၀၁၉ ခုႏွစ္က ဘဂၤလား ေဒ့႐ွ္ႏိုင္ငံခရီးစဥ္မွာ ေတာင္ကိုရီးယား၀န္ႀကီးခ်ဳပ္လီနာယြန္းကေျပာပါတယ္။

ေတာင္ကိုရီးယားကုမၸဏီ ၁၅၀ က ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ အေမရိကန္ေဒၚလာသန္း ၁၁၅၀ ေက်ာ္ဖိုးရင္းႏွီးႁမွဳပ္ႏွံ ထားၿပီး ဘဂၤလားေဒ့႐ွ္မွာ ပဥၥမေျမာက္အမ်ားဆံုးရင္းႏွီးႁမွဳပ္ႏွံတဲ့ႏိုင္ငံလို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာ ေတာင္ကိုရီး ယားသံ႐ံုးဆီကသိရပါတယ္။

Source – The Daily Star

Photo – Bangladesh Post

#SouthKorea #Bangladesh #Investment #Land

(Unicode)
မြန်မာနိုင်ငံကနေ နောက်ဆုတ်သွားတဲ့ ကိုရီးယားလုပ်ငန်းတွေ ဘင်္ဂလားဒေ့ရှ်မှာ မြေဧက ၇၀၀ လိုအပ်နေ
……………………………………………………

ဒါကာ၊ ဇန်နဝါရီ – ၃၀

ဇွန်မှာစပြီး လုပ်ငန်းအကောင်အထည်ဖော်ဖို့ရည်မှန်းထားတဲ့ ဘန်ဂါဘန်ဒူ ရှိတ်မူဂျစ် ရှီပါနာဂါမှာ မြေဧက ၇၀၀ လောက်ကို ကိုရီးယားစက်မှုဇုန်ကော်ပိုရေးရှင်း (KICC)က အလောတကြီးရှာဖွေနေပါတယ်။

ကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၀၀ လောက်ရှိ်မယ့် တောင်ကိုရီးယားအထည်ချုပ်လုပ်ငန်းတွေ၊ သားရေနဲ့ လက်ဝတ်ရတနာထုတ်လုပ်သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီခေါ်ဆောင်လာဖို့ KICC က ရည်မှန်းနေပါတယ်။

“မြေတော့ပေးမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပေးမလဲမသေချာဘူးဖြစ်နေတယ်” လို့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့အမှုဆောင်ဥက္ကဋ္ဌပါဘန် ချောင်ဒူရီကပြောပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာတည်ဆောက်ခဲ့တဲ့ စက်မှုဇုန် နှစ်ခုမှာ ရေနဲ့လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြုံခဲ့ရလို့ နောက်ပြန်ဆုတ်ခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာရုံစိုက်နေတယ်လို့ KICC က အစောပိုင်းမှာ အသိပေးခဲ့ပါတယ်။

ပိုကောင်းတဲ့လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုနဲ့ အခြေခံအဆောက်အဦတွေအသုံးပြုပြီး ကမ္ဘာ့ဈေးကွက်ထဲက ဈေး နှုန်းအားသာချက်ရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်ကိုရီးယားကုမ္ပဏီတွေပြောင်းရွှေ့ချင်နေတာလို့ ချောင်ဒူရီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့က ဂျပန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို သီးခြားစီစက်မှုဇုန်တွေသတ်မှတ်ခွင့်ပြုခဲ့ပြီး အကောင်အထည်စဖော်နေကြပြီလို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေခံအဆောက်အဦး၊ လျှပ်စစ်ဓာတ်အား၊ အိုင်စီတီ၊ ဆောက်လုပ်ရေး၊ သင်္ဘောတည် ဆောက်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေတယ်လို့ ၂၀၁၉ ခုနှစ်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံခရီးစဉ်မှာ တောင်ကိုရီးယားဝန်ကြီးချုပ်လီနာယွန်းကပြောပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ ၁၅၀ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမေရိကန်ဒေါ်လာသန်း ၁၁၅၀ ကျော်ဖိုးရင်းနှီးမြှုပ်နှံ ထားပြီး ဘင်္ဂလားဒေ့ရှ်မှာ ပဉ္စမမြောက်အများဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တောင်ကိုရီး ယားသံရုံးဆီကသိရပါတယ်။

Source – The Daily Star

Photo – Bangladesh Post

#SouthKorea #Bangladesh #Investment #Land


Share this post