• Follow Us on

Home မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားခေါင်းဆောင်များ လူ ၂၅ ဦး သတ်ခဲ့ကြောင်းဝန်ခံ

မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားခေါင်းဆောင်များ လူ ၂၅ ဦး သတ်ခဲ့ကြောင်းဝန်ခံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)

 

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ အဆင့်မြင့်အရာရှိနှစ်ဦးသည် လူသတ်မှုများကျူးလွန်ခဲ့ ကြောင်းဝန်ခံခဲ့ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း Fortify Rights ကပြောသည်။

 

KNDO အဆင့်မြင့်အရာရှိနှစ်ဦး၏ ကွပ်ကဲမှုအောက်တွင်တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ အတွင်းက မြန်မာနယ်စပ်အနီးရှိ ၎င်းတို့နယ်မြေတွင် လူ ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အ ဆိုပါ ၂၅ ဦးကို သတ်ဖြတ်ခဲ့သည်ကို အဆင့်မြင့်အရာရှိနှစ်ဦးကဝန်ခံခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စု တစ်စု ဖြစ်သော Fortify Rights ကပြောသည်။ ရာထူးမှဆိုင်းငံ့ချထားခြင်းခံရသော ဗိုလ်ချုပ်ကြီးနာဒါးဘိုမြနှင့် ဗိုလ် စောဘဝါတို့ က ၎င်းတို့တပ်သားများမှာ တာဝန်ရှိကြောင်း Fortify Rights ကို ပြောကြားခဲ့သည်။

 

ဗိုလ်ချုပ်ကြီးနာဒါးဘိုမြက ၎င်းအနေဖြင့်အမှားအယွင်းလုပ်ခဲ့သည်ဆိုခြင်းကို ငြင်းဆန်ကြောင်း၊ လက်နက်ကိုင် ဆောင်မထားသော၊ ယူနီဖောင်းဝတ်ဆင်မထားသော အဆိုပါလူများမှာ တပ်မတော်အတွက်သူလျှိုလုပ်နေသူ များဖြစ်ကြောင်း၊ KNDO တပ်သားများမှာ အဆိုပါလူများအား လတ်စတုံးရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တိုက်ပွဲဖြစ်နေစဉ်အတွင်း ၎င်းတို့အနေဖြင့်ထွက်ပြေးရန် ကြိုးစားမှာဖြစ်ကြောင်း၊ ထို့နောက် ၎င်းတို့ပြန်လည် ရောက်ရှိလာမှာဖြစ်ကြောင်း၊ KNDO တပ်ဖွဲ့အတွက် အလွန်ခက်ခဲကြောင်းပြောကြားပြီး ထိုသို့သတ်ဖြတ်ရန် အမိန့်ပေးမှုမှာ KNDO ကို ကွပ်ကဲနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထောက်လှမ်းရေးအရာရှိ ထံမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးနာဒါးဘိုမြက ဖြည့်စွက်ပြောကြားသည်။

 

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အဆိုပါရက်စက်ကြမ်းကြုပ်မှုကို KNU အဖွဲ့အစည်းကိုယ်တိုင် စုံ စမ်းဖော်ထုတ်နေသလို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်မည်ဖြစ်ပြီး လူ သတ်မှုနှင့် အခြားရာဇဝတ်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်အထောက်အထားများကို မျှဝေသွား မည်ဖြစ်သည်ဟု KNU အဖွဲ့အစည်းက အတည်ပြုပြောကြားခဲ့ကြောင်း Fortify Rights ကပြောသည်။ အဆိုပါ လူသတ်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights က အင်္ဂါနေ့ကပြောသည်။

 

“ဒါဟာ အစုလိုက်အပြုံလိုက်လူသတ်မှုဖြစ်ပြီး ဒီလူသတ်မှုကို စုံစမ်းစစ်ဆေး တရားစွဲဆိုသင့်ပါတယ်။ ပွင့်လင်း မြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရက်စက်ကြမ်းကြုပ်မှု သက်သေအထောက်အထားတွေကို နိုင်ငံတကာတရား ရေးအဖွဲ့အစည်းတွေကို မျှဝေဖို့ ကတိကဝတ်ပြုမှုတွေအတွက် KNU ဟာ အရေးပါတဲ့စံနမူနာတစ်ခုဖြစ်လာတော့ မှာပါ။” ဟု Fortify Rights အဖွဲ့မှ အမှုဆောင်အရာရှိ မက်သရူးစမစ်သ်က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

အဆိုပါရက်စက်ကြမ်းကြုပ်သည့်ဖြစ်စဉ်မှာ ဇွန်လအတွင်းအစိုးရမီဒီယာများတွင်ဖော်ပြပြီးနောက် လူအများ သိ လာခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသည့် ၂၅ ဦးမှာ လမ်းဖောက်လုပ်ရေးစီမံချက်တွင် အလုပ်လုပ်နေသော အရပ် သားများဖြစ်ကြောင်း၊ ယင်းအရပ်သားများကို KNDO အဖွဲ့ကသတ်ဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

 

ယင်း ၂၅ ဦးမှာ ကရင်ပြည်နယ် ကနဲလီကျေးရွာတွင် မေလ ၃၁ ရက်နေ့က KNDO အဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားသည့် အမျိုးသမီး ၁၆ ဦးနှင့် ကလေးငယ်များပါဝင်သော ၄၇ ဦးအဖွဲ့မှ ဖြစ်သည်။ အဆိုပါ ၂၅ ဦးကို ဇွန်လ ၁ ရက်နေ့တွင်သတ်ဖြတ်လိုက်ကြပြီး ကျန်ရှိနေသောအရပ်သားများကို ပြန်လွှတ်ပေးလိုက်ကြောင်း Fortify Rights ကပြောသည်။

 

ဗိုလ်ချုပ်ကြီးနာဒါးဘိုမြနှင့် ဗိုလ်စောဘဝါတို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ကိုယ်စားလှယ်တစ်ဦး၊ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးနှင့် ဇွန်လ ၁ ရက်နေ့က အဖြစ်အ ပျက်နှင့်ပတ်သက်၍ လွတ်လပ်စွာဆန်းစစ်လေ့လာသူများကိုလည်း Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်း ခဲ့သည်။

 

Ref: Ethnic Karen commanders in Myanmar admit killing 25 men

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Ethnic Karen commanders in Myanmar admit killing 25 men


Share this post