• Follow Us on

Home ျမန္မာႏိုင္ငံက လူနည္းစုအခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြမွာ ေထာင့္စံုနဲ႔ ၾကာ႐ွည္႐ွိေနတဲ့အေၾကာင္းရင္းေတြ ႐ွိ္ေနတယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီးေျပာ

ျမန္မာႏိုင္ငံက လူနည္းစုအခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြမွာ ေထာင့္စံုနဲ႔ ၾကာ႐ွည္႐ွိေနတဲ့အေၾကာင္းရင္းေတြ ႐ွိ္ေနတယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီးေျပာ

Share this post

ဂ်ီနီဗာ၊ ေဖေဖာ္ဝါရီ ၂၈

ျမန္မာႏိုင္ငံက မြတ္ဆလင္အမ်ားစုပါတဲ့ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) လူနည္းစုနဲ႔ တျခားလူနည္း စုေတြခံစားခဲ့ရတဲ့ ခ်ိဳးေဖာက္ခံရမႈေတြနဲ႔ ႏွိပ္စက္ၫွင္းပန္းခံရတာေတြရဲ႕ အေျခခံအေၾကာင္းရင္းေတြအေၾကာင္း ကို ၾကာသပေတးေန႔မွာ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီးမစ္ခ်ယ္လ္ ဘာခ်ီလက္နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

လူ႔အခြင့္အေရးေကာင္စီမွာ ဘာခ်ီလက္က ျမန္မာႏိုင္ငံကႏွိပ္စက္မႈေတြရဲ႕အေၾကာင္းခံကို ျပဳစုထားတဲ့ အစီရင္ခံ စာကိုလည္း တင္သြင္းခဲ့ပါတယ္။ ႏိုင္ငံသားေတြအားလံုးကိုတန္းတူဆက္ဆံျခင္းအားျဖင့္ စနစ္တက်ခ်ိဳးေဖာက္မႈ ေတြကိုတံု႔ျပန္ဖို႔ သမိုင္း၀င္အခြင့္အေရးတစ္ရပ္ရေနၿပီလို႔ ျမန္မာအစိုးရကို ဘာခ်ီလက္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ရာစုႏွစ္တစ္၀က္ေလာက္ ျမန္မာႏိုင္ငံရဲ႕မူဝါဒေတြဟာ ဘာသာေရးနဲ႔တိုင္းရင္းသားလူနည္းစုေတြကို ဖိႏွိပ္ ခဲ့တယ္လို႔လည္း ဘာခ်ီလက္က ျပန္သတိရေအာင္ေျပာခဲ့ပါတယ္။ ခ်ိဳးေဖာက္ခံရမႈေတြရဲ႕ အရင္းခံအေၾကာင္း ရင္းေတြက ႐ွဳပ္ေထြးၿပီး ဘက္စံုေဒါင့္စံုမွာ႐ွိေနတယ္လို႔လည္း ျဖည့္စြက္ေျပာဆိုခဲ့ပါတယ္။

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို လူမ်ိဳးသုဥ္းသတ္ျဖတ္မႈကေနကာကြယ္ဖို႔နဲ႔ လူမ်ိဳးသုဥ္းသတ္ ျဖတ္မႈနဲ႔ ဆက္စပ္တဲ့သက္ေသေတြ ဖ်က္ဆီးတာကာကြယ္ဖို႔ မၾကာေသးခင္က ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်) က ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြခ်မွတ္ခဲ့တဲ့အေပၚႀကိဳဆိုေၾကာင္းလည္းေျပာပါတယ္။

မၾကာေသးခင္က လူမ်ိဳးမတူရင္ေၾကာက္တာနဲ႔ အၾကမ္းဖက္မႈေတြဟာ ဆယ္စုႏွစ္ခ်ီအာဏာ႐ွင္အုပ္ခ်ဳပ္မႈကေန လက္႐ွိမွာျပဳျပင္ေျပာင္းလဲေနတဲ့ ျမန္မာႏိုင္ငံအေပၚ ဖိအားေတြနဲ႔ မေရမရာမႈေတြျဖစ္ေစႏိ္ုင္တယ္လို႔လည္း ဘာ ခ်ီလက္ကေျပာတဲ့အျပင္ လူမႈကြန္ရက္ကို အမ်ားျပည္သူသိသာထင္႐ွားေအာင္ရလာတာဟာလည္း အစြန္း ေရာက္ေတြနဲ႔ အလြန္အကၽြံအမ်ိဳးသားေရးလႈပ္႐ွားမႈေတြကို အမုန္းစကားနဲ႔ အၾကမ္းဖက္မႈေတြျဖစ္လာမယ့္ ဝါဒ ျဖန္႔သတင္းစကားေတြျဖစ္ေစၿပီးေတာ့ လူမႈအသိုက္အ၀န္းေတြၾကားတင္းမာမႈေတြ ျမင့္တက္လာေစတယ္လို႔ လည္း သတိေပးပါတယ္။

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြနဲ႔ တျခားလူနည္းစုအသိုက္အ၀န္းေတြကို မလိုမုန္းထားမႈနဲ႔ လႈံ႕ ေဆာ္မႈေတြျမင့္တက္ေနတာကို ေျဖ႐ွင္းႏိုင္ေအာင္ ျမန္မာအစိုးရက အေရးယူေဆာင္႐ြက္ဖို႔ တိုက္တြန္းတယ္လို႔ လည္းေျပာပါတယ္။

Source – Myanmar: ‘Multidimensional and long-standing’ root causes behind rights minority abuses, says Bachelet

#PeopleMedia #UNHRC

(Unicode)
မြန်မာနိုင်ငံက လူနည်းစုအခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ ထောင့်စုံနဲ့ ကြာရှည်ရှိနေတဲ့အကြောင်းရင်းတွေ ရှိ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးပြော
……………………………………………………

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံက မွတ်ဆလင်အများစုပါတဲ့ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) လူနည်းစုနဲ့ တခြားလူနည်း စုတွေခံစားခဲ့ရတဲ့ ချိုးဖောက်ခံရမှုတွေနဲ့ နှိပ်စက်ညှင်းပန်းခံရတာတွေရဲ့ အခြေခံအကြောင်းရင်းတွေအကြောင်း ကို ကြာသပတေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးမစ်ချယ်လ် ဘာချီလက်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့ ဆွေးနွေးခဲ့ကြပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ ဘာချီလက်က မြန်မာနိုင်ငံကနှိပ်စက်မှုတွေရဲ့အကြောင်းခံကို ပြုစုထားတဲ့ အစီရင်ခံ စာကိုလည်း တင်သွင်းခဲ့ပါတယ်။ နိုင်ငံသားတွေအားလုံးကိုတန်းတူဆက်ဆံခြင်းအားဖြင့် စနစ်တကျချိုးဖောက်မှု တွေကိုတုံ့ပြန်ဖို့ သမိုင်းဝင်အခွင့်အရေးတစ်ရပ်ရနေပြီလို့ မြန်မာအစိုးရကို ဘာချီလက်ကပြောပါတယ်။

ပြီးခဲ့တဲ့ရာစုနှစ်တစ်ဝက်လောက် မြန်မာနိုင်ငံရဲ့မူဝါဒတွေဟာ ဘာသာရေးနဲ့တိုင်းရင်းသားလူနည်းစုတွေကို ဖိနှိပ် ခဲ့တယ်လို့လည်း ဘာချီလက်က ပြန်သတိရအောင်ပြောခဲ့ပါတယ်။ ချိုးဖောက်ခံရမှုတွေရဲ့ အရင်းခံအကြောင်း ရင်းတွေက ရှုပ်ထွေးပြီး ဘက်စုံဒေါင့်စုံမှာရှိနေတယ်လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုကနေကာကွယ်ဖို့နဲ့ လူမျိုးသုဉ်းသတ် ဖြတ်မှုနဲ့ ဆက်စပ်တဲ့သက်သေတွေ ဖျက်ဆီးတာကာကွယ်ဖို့ မကြာသေးခင်က နိုင်ငံတကာတရားရုံး(အိုင်စီဂျေ) က ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေချမှတ်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်းလည်းပြောပါတယ်။

မကြာသေးခင်က လူမျိုးမတူရင်ကြောက်တာနဲ့ အကြမ်းဖက်မှုတွေဟာ ဆယ်စုနှစ်ချီအာဏာရှင်အုပ်ချုပ်မှုကနေ လက်ရှိမှာပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအပေါ် ဖိအားတွေနဲ့ မရေမရာမှုတွေဖြစ်စေနိ်ုင်တယ်လို့လည်း ဘာ ချီလက်ကပြောတဲ့အပြင် လူမှုကွန်ရက်ကို အများပြည်သူသိသာထင်ရှားအောင်ရလာတာဟာလည်း အစွန်း ရောက်တွေနဲ့ အလွန်အကျွံအမျိုးသားရေးလှုပ်ရှားမှုတွေကို အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေဖြစ်လာမယ့် ဝါဒ ဖြန့်သတင်းစကားတွေဖြစ်စေပြီးတော့ လူမှုအသိုက်အဝန်းတွေကြားတင်းမာမှုတွေ မြင့်တက်လာစေတယ်လို့ လည်း သတိပေးပါတယ်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနဲ့ တခြားလူနည်းစုအသိုက်အဝန်းတွေကို မလိုမုန်းထားမှုနဲ့ လှုံ့ ဆော်မှုတွေမြင့်တက်နေတာကို ဖြေရှင်းနိုင်အောင် မြန်မာအစိုးရက အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ လည်းပြောပါတယ်။

Source – Myanmar: ‘Multidimensional and long-standing’ root causes behind rights minority abuses, says Bachelet

#PeopleMedia #UNHRC


Share this post