• Follow Us on

Home မြန်မာနိုင်ငံခရီးစဉ်တွင် သစ်ပင်များစိုက်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် တင်စားပြောဆို

မြန်မာနိုင်ငံခရီးစဉ်တွင် သစ်ပင်များစိုက်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် တင်စားပြောဆို

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

 

မလေးရှားထိပ်တန်းသံတမန်တစ်ဦး၏ ဝေဖန်ချက်ကို တုံ့ပြန်ရာတွင် ၎င်း၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ် သည် “သစ်ပင်ခုတ်ရန်သွားခြင်းမဟုတ်ဘဲ သစ်ပင်စိုက်ပျိုးရန်သွားခြင်းဖြစ်ကြောင်း” ကမ္ဘောဒီယားဝန်ကြီးချုပ်  ဟွန်ဆန်က အခိုင်အမာပြောကြားလိုက်သည်။

 

အာဆီယံရှေ့ခရီးအတွက် အတူလက်တွဲဆောင်ရွက်မည့်အကြောင်းများနှင့် ကာလရှည်အကျပ်အတည်းဖြစ်နေ သည့် မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ရန် နည်းလမ်းများရှာဖွေရေးအကြောင်းကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တယ်လီဖုန်းလိုင်းမှတစ်ဆင့် ၃၅ မိနစ်ကြာပြောဆိုဆွေးနွေးနေစဉ်  အတွင်း ယင်းမှတ်ချက်စကားကို ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဇန်နဝါရီလ ၂၁ ရက်နေ့က ဖုန်းခေါ်ဆိုမှုသည် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်က တည်းက ဇန်နဝါရီလအတွင်း ဝန်ကြီးချုပ်ဟွန်ဆန်နှင့် သမ္မတဂျိုကိုဝီတို့ကြား ဒုတိယအကြိမ်မြောက် ဖုန်းခေါ် ဆိုခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုသည့်နှစ်ကြိမ်စလုံး မြန်မာနိုင်ငံအကျပ်အတည်းအကြောင်းကို ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

 

၎င်း၏ ခရီးစဉ်ကိုဝေဖန်သူများသည် တစ်ရက်နှစ်ရက်အတွင်း စိုက်ထားသည့်သစ်ပင်မှ အသီး အပွင့်များရိတ် သိမ်းရလိမ့်မည်ဟုထင်နေကြသူများ (အခုရေတွင်းတူး အခုရေကြည်သောက်) ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန် ဆန်က ဖုန်းပြောဆိုမှုအပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းခရီးစဉ်ကိုဝေဖန်သူများအပေါ် မကျေနပ်ချက်များအား ထုတ်ဖော်ပြောကြားလိုက်သ လို ၎င်း မြန်မာနိုင်ငံသို့မသွားမီ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တိုင်ပင်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာကိုလည်း ဝေဖန်ခဲ့သည်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောစကားသည် အာဆီယံမူဘောင်အတွင်း ပြောဆိုရမည့် မှန်ကန်သော နည်းလမ်းမဟုတ်သည်ကို လက်ဆင့်ကမ်းပြောကြားပေးရန် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီနှင့် တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ်ဟွန်ဆန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကို မေတ္တာရပ်ခံခဲ့သည်။

 

“အာဆီယံခေါင်းဆောင်တွေကို – အာဆီယံဥက္ကဋ္ဌကို ဒီလိုမျိုး မသင့်လျော်တဲ့စကားတွေပြောဆိုပြီး အခုလို မိုက်ရိုင်းတဲ့အပြုအမူမျိုး ကျေးဇူးပြုပြီး ဆိုင်ဖတ်ဒင်ကို လုပ်ခွင့်မပြုပါနဲ့။ ဒီစကားမျိုးဟာ သံတမန်တစ်ယောက် အတွက် သင့်တော်တဲ့စကားမဟုတ်ပါဘူး။” ဟု ဟွန်ဆန်က ပြောသည်။

 

မြန်မာနိုင်ငံခရီးစဉ်မှာ တိုတောင်းသော်လည်း ယင်းခရီးစဉ်အတွင်း အကြမ်းဖက်မှုများရပ်ဆိုင်းရေးနှင့် အပစ်အ ခတ်ရပ်စဲရေးတိုးချဲ့ခြင်းတို့ကဲ့သို့ ကိုင်တွယ်ထိတွေ့ရနိုင်သောရလဒ်ကောင်းအချို့ ရရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်၏ ကြိုးပမ်းဆောင်ရွက်မှုကောင်းကျိုးကို အသိအမှတ်ပြုသော်လည်း မြန်မာအရေးနှင့်ပတ်  သက်၍ အာဆီယံနိုင်ငံများသဘောတူညီထားသည့် အချက်ငါးချက်ကို စုပေါင်းအကောင် အထည်ဖော်ဆောင်  ရွက်နိုင်ရေးမှာ ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် ကျန်ရှိနေသေးသည်ဟု သမ္မတဂျိုကာဝီက ပြောကြောင်း လူမှု ကွန်ရက်ပေါ်တွင်တွေ့ရှိရသည်။

 

မြန်မာအရေးနှင့်ပတ်သက်၍ အဖြေရှာနိုင်ရန်အတွက် လာမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တွင် ဆက်လက်တွန်းအားပေးဆောင်ရွက်သွားရန် ကတိပြုလိုက်ကြပြီး ခေါင်းဆောင်နှစ်ဦး၏ ဖုန်းပြောဆိုမှုကို ရပ်နားလိုက်ကြသည်။

 

မြန်မာအရေးနှင့်ပတ်သက်၍ အလားတူထုတ်ပြန်ကြေညာချက်တစ်စောင်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာ နက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အများသဘောတူညီ ချက်အတိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်းကို အင်ဒိုနီးရှားခေါင်းဆောင်များက ဆက်လက်အလေးထားထောက်ခံသွားမည်ဖြစ်ကြောင်း ယင်းကြေ ညာချက်တွင် ဖော်ပြထားသည်။

 

“အချက်ငါးချက်ပါ အများသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများမရရှိသေးသည့်ကာလပတ်လုံး အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ကိုယ်စားမပြုသောအဆင့်အဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း ချမှတ်ခဲ့သည့် အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းသွားရန် အာဆီယံအဖွဲ့အတွက် အလွန်အရေးကြီးသည်။” ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

 

Ref: Myanmar trip ‘planted trees’: PM

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar trip ‘planted trees’: PM

 

#PeopleMedia


Share this post