• Follow Us on

Home မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အစဉ်အမြဲလိုလားဟု ရုရှားသံအမတ်ကြီးပြောဆို

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အစဉ်အမြဲလိုလားဟု ရုရှားသံအမတ်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အစဉ်အမြဲလိုလားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး  H.E Dr. Nikolay Listopadov က ပြောဆိုသည်။

 

ယမန်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေနဲ့ အစဉ်အမြဲလိုလားပါတယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ပြောဆိုသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်း ဆိုင်ရာများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြေဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post