• Follow Us on

Home မြန်မာနိုင်ငံတွင်အပစ်ရပ်သက်တမ်းတိုးရန် ကုလသမဂ္ဂတိုက်တွန်း


Share this post

ဂျီနီဗာ၊ စက်တင်ဘာ ၁၆







#PeopleMedia

(unicode)
မြန်မာနိုင်ငံတွင်အပစ်ရပ်သက်တမ်းတိုးရန် ကုလသမဂ္ဂတိုက်တွန်း
………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံမှလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်လက်နက်ကိုင်တိုက်ပွဲများကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂကပြောပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေဖြင့် နိုင်ငံတွင်းငြိမ်းချမ်းရေးထိန်းသိမ်းရန် ချက်ချင်းအရေးယူဆောင်ရွက်ရေးတိုက်တွန်းသည်။

ရခိုင်၊ ကချင်၊ ရှမ်း၊ ကချင်နှင့်ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ထိတွေ့မှုများပြင်းထန်လာသည်ကို မြန်မာနိုင်ငံတွင်တွေ့နေရသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) က အစီရင်ခံစာသစ်တစ်ခုတွင်ဖော်ပြသည်။

စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ဂျီနီဗာရှိကုလသမဂ္ဂရုံးတွင်ကျင်းပနေသည့် ကုလသ မဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အစီရင်ခံစာကိုဆွေးနွေးမည်ဖြစ်သည်။

ထိုအစီရင်ခံစာကို မျက်မြင်သက်သေများဝန်ခံချက်များအပါအဝင် သတင်းရင်းမြစ်အသီးသီးထံမှစုဆောင်းထား သည့်သတင်းအချက်အလက်များဖြင့် ပြင်ဆင်ထားခြင်းဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးမှုများအပေါ် စိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

မြန်မာနိုင်ငံမှအခြားပြည်နယ်များတွင် ချိုးဖောက်မှုအသေးစိတ်များကိုလည်း အစီရင်ခံစာတွင်မှတ်တမ်းတင်ထား သည်။

Ref : UN urges Myanmar to immediately extend cease-fire

#PeopleMedia


Share this post