• Follow Us on
Latest News

Home မြန်မာနိုင်ငံတွင်း မငြိမ်သက်သည့်ဒေသများသို့ စစ်အင်အား အများအပြားစေလွှတ်နေသဖြင့် ရက်စက်ကြမ်း ကြုတ်မှုအသစ်များဖြစ်ပွားလာမည်ကို ကုလသမဂ္ဂစိုးရိမ်ပူပန်

မြန်မာနိုင်ငံတွင်း မငြိမ်သက်သည့်ဒေသများသို့ စစ်အင်အား အများအပြားစေလွှတ်နေသဖြင့် ရက်စက်ကြမ်း ကြုတ်မှုအသစ်များဖြစ်ပွားလာမည်ကို ကုလသမဂ္ဂစိုးရိမ်ပူပန်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃ (People Media)

 

 

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ပရမ်းပတာဖြစ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ် တော်အင်အား အများအပြားစုဖွဲ့နေသည့်သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင်း နောက်ထပ်လူ့ အခွင့်အရေးချိုးဖောက်မှုကပ်ဘေးဆိုးကြီးထပ်မံဖြစ်ပေါ်လာမည်ကို ကုလသမဂ္ဂက စိုးရိမ်ပူပန်လျက်ရှိသည်။

 

 

“ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ထပ်မံဖြစ်ပွားလာမယ့်အရေးကိုတွေးပြီး မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ပြည်သူတွေပြင်ဆင်ထားသလို ကျွန်တော်တို့လည်း ပြင်ဆင်ထားသင့်တယ်။ ကျွန်တော်ထင်တာမှားပါစေလို့ပဲ မျှော်လင့်မိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကပြောသည်။

 

 

နိုင်ငံတွင်း ဆန္ဒပြပွဲများကို နှိမ်နှင်းရာတွင် လူဦးရေ ၁,၁၀၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၈,၀၀၀ ကျော်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ဒေသတွင်းစောင့်ကြည့်လေ့လာသူများကပြောသည်။

 

 

မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာနှင့် လက်နက်ကြီးများကို မငြိမ်မသက်ဖြစ်နေသော နိုင် ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများသို့ ပို့ဆောင်နေသည့်သတင်းကို လက်ခံရရှိထားကြောင်း တွမ် အင်ဒရူးကပြောသည်။ တွမ်အင်ဒရူးသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှစ်ပတ်လည်အစီရင်ခံစာ တစ်စောင်၏ တွေ့ရှိချက်များကို နယူးယောက်မြို့ ကုသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြခဲ့သူဖြစ်သည်။

 

မြန်မာစစ်အစိုးရသည် လူ့အခွင့်ရေးချိုးဖောက်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု အဆိုပါတွေ့ရှိချက်များက ညွှန်ပြနေကြောင်း တွမ်အင်ဒရူးကပြောသည်။

 

 

“မြန်မာစစ်အစိုးရဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ် ဖြတ်မှုမလုပ်ခင် စစ်အစိုးရခန့်အပ်ခဲ့တဲ့သူတွေ ကျူးလွန်ခဲ့တဲ့ ဆင်တူယိုးမှား နည်းဗျူုဟာတွေဖြစ်လာတော့မယ် ဆိုတဲ့ နိမိတ်ပါပဲ” ဟု တွမ်အင်ဒရူးကပြောသည်။

 

 

မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး၍ ရုတ်တရက်ဖိနှိပ်လာသောကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည် နယ်မှ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။ မြန်မာ့တပ်မတော်မှ နယ်မြေရှင်း လင်း သည့် စစ်ဆင်ရေးကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်နိုင်ကြောင်း ကုသမဂ္ဂကပြောဆိုခဲ့သည်။

 

 

မြန်မာနိုင်ငံမှ အကျဉ်းသားများစေလွှတ်ပေးခြင်းသည် မြန်မာနိုင်ငံကိုဖိအားပေးခြင်းမှာ အလုပ်ဖြစ်သည်ကို သက်သေပြခြင်းဖြစ်ကြောင်း ထောက်ပြရင်း မြန်မာစစ်အစိုးရအား ငွေကြေးအကူအညီပေးခြင်း၊  စစ်လက်နက် အကူအညီပေးခြင်းနှင့် နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုခြင်းများကို ရှောင်ရှားရန် တွမ်အင်ဒရူးက အခြား နိုင်ငံများကို တိုက်တွန်းခဲ့သည်။

 

စစ်အစိုးရအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀၀ ကျော်ကို အကျဉ်းထောင် များမှ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်က အောက်တို ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်သည်။

 

အာဆီယံအဖွဲ့က လာမည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် မတက်ရောက်ရန် ဖယ်ရှားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ အကျဉ်းသားများပြန် လည်လွှတ်ပေးမည့်သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: UN fears new atrocity in Myanmar as troops gather in restive northern states

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 

 


 

 


 

 


 

 


 

 


 


 

 


 

 


 

 


 

 


 


 

 

Ref: UN fears new atrocity in Myanmar as troops gather in restive northern states

 

 

#PeopleMedia


Share this post