• Follow Us on

Home ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားေတြ႕ႀကံဳေနရသည့္ ဗုဒၶဘာသာ၀င္မ်ားကို ဘဂၤါလီမ်ားပါ၀င္ကူညီ

ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားေတြ႕ႀကံဳေနရသည့္ ဗုဒၶဘာသာ၀င္မ်ားကို ဘဂၤါလီမ်ားပါ၀င္ကူညီ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၆

 

အခက္အခဲမ်ား႐ွိေနေသာ္လည္း ဘဂၤလားေဒ့႐ွ္႐ွိ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားက ရခိုင္ ျပည္နယ္တြင္ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားေၾကာင့္ထြက္ေျပးေနရသည့္ဗုဒၶဘာသာ၀င္မ်ားကို ကူညီရန္ ရန္ပံုေငြမ်ားလွဴဒါန္းခဲ့ေၾကာင္း ဘဂၤါလီအသိုက္အ၀န္းေခါင္းေဆာင္မ်ားက ေသာၾကာေန႔တြင္ေျပာသည္။

 

“ကၽြန္ေတာ္တို႔အားလံုးက လူသားမ်ိဳးႏြယ္ေတြပါ။ ၿပီးေတာ့ ရခိုင္ျပည္နယ္ကဗုဒၶဘာသာ၀င္ေတြနဲ႔ ကၽြန္ ေတာ္တို႔က တိုင္းရင္းသားမ်ိဳး႐ိုးလကၡဏာေတြကြဲျပားေပမဲ့ တစ္ႏိုင္ငံတည္းကလူေတြျဖစ္ပါတယ္” ဟု ဘဂၤလားေဒ့႐ွ္အေ႐ွ႕ေတာင္ပိုင္း ေကာ့က္စ္ဘဇားခ႐ိုင္႐ွိ ကုတုပေလာင္ဒုကၡသည္စခန္းတြင္ေနထိုင္သည့္ ဘဂၤါလီလူငယ္ မိုဟာမက္ကာမယ္ဟိုစိန္ကေျပာသည္။

 

“၂၀၁၇ ခုႏွစ္ လူသတ္ပြဲေတြတုန္းက ကၽြန္ေတာ္တို႔၀မ္းနည္းမႈေတြကို ေ၀မွ်ခံစားခဲ့ၿပီးေတာ့ ကူညီခဲ့ၾကတယ္။ အခုေတာ့ သူတို႔လိုအပ္ေနတဲ့အခ်ိန္ေတြမွာ ကၽြန္ေတာ္တို႔တတ္ႏိုင္တာေတြေထာက္ပံ့ေပးေနတာပါ” ဟု လည္းေျပာသည္။

 

ေက်ာင္းသားအမ်ားစုပါ၀င္သည့္ ဘဂၤါလီလူငယ္ ၁၅၂ ေယာက္က ႏွစ္လေက်ာ္ကာလအတြင္း ေကာ့က္စ္ ဘဇားမွဒုကၡသည္စခန္းမ်ားရွိဒုကၡသည္မ်ားထံမွ လွဴဒါန္းေငြမ်ားလိုက္လံေကာက္ခံခဲ့သည္။

 

အာရကန္ပရဟိတအသိုက္အ၀န္းႏွင့္ ပညာေရးကြန္ရက္ဟုအမည္ေပးထားသည့္အဖြဲ႕အေနျဖင့္ ျမန္မာက်ပ္ေငြ ၅ သိန္းရ႐ွိခဲ့ၿပီး အလွဴေငြမ်ားကို ေဆြမ်ိဳးမ်ားထံမွတဆင့္ စစ္ေ႐ွာင္ဒုကၡသည္မ်ားထံေပးပို႔ခဲ့သည္ဟု ဟိုစိန္က ေျပာသည္။

 

ရခိုင္ျပည္နယ္မွ မိတ္ေဆြမ်ားႏွင့္ အၿမဲအဆက္အသြယ္႐ွိေနၿပီး ဘာသာႏွင့္လူမ်ိဳးမတူေသာ္လည္း ႏိုင္ငံ သားခ်င္းအတူရပ္တည္ေၾကာင္းလည္းေျပာသည္။ ဇူလိုင္လအေစာပိုင္းတြင္လည္း စစ္ေတြမွ ဘဂၤါလီ ေက်ာင္းသားမ်ားက ပဋိပကၡေဒသမွစစ္ေ႐ွာင္မ်ားကိုကူညီရန္ ျမန္မာက်ပ္ေငြ ၃ သိန္းလွဴဒါန္းခဲ့သည္။

 

Ref : Rohingya do their bit for Buddhists in Myanmar conflict

 

#Peoplemedia

 

(Unicode)

မြန်မာနိုင်ငံတွင် ပဋိပက္ခများတွေ့ကြုံနေရသည့် ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂါလီများပါဝင်ကူညီ
…………………………………………….

ဒါကာ၊ အောက်တိုဘာ ၆

အခက်အခဲများရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များက ရခိုင် ပြည်နယ်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့်ထွက်ပြေးနေရသည့်ဗုဒ္ဓဘာသာဝင်များကို ကူညီရန် ရန်ပုံငွေများလှူဒါန်းခဲ့ကြောင်း ဘင်္ဂါလီအသိုက်အဝန်းခေါင်းဆောင်များက သောကြာနေ့တွင်ပြောသည်။

“ကျွန်တော်တို့အားလုံးက လူသားမျိုးနွယ်တွေပါ။ ပြီးတော့ ရခိုင်ပြည်နယ်ကဗုဒ္ဓဘာသာဝင်တွေနဲ့ ကျွန် တော်တို့က တိုင်းရင်းသားမျိုးရိုးလက္ခဏာတွေကွဲပြားပေမဲ့ တစ်နိုင်ငံတည်းကလူတွေဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ကော့က်စ်ဘဇားခရိုင်ရှိ ကုတုပလောင်ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ဘင်္ဂါလီလူငယ် မိုဟာမက်ကာမယ်ဟိုစိန်ကပြောသည်။

“၂၀၁၇ ခုနှစ် လူသတ်ပွဲတွေတုန်းက ကျွန်တော်တို့ဝမ်းနည်းမှုတွေကို ဝေမျှခံစားခဲ့ပြီးတော့ ကူညီခဲ့ကြတယ်။ အခုတော့ သူတို့လိုအပ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့တတ်နိုင်တာတွေထောက်ပံ့ပေးနေတာပါ” ဟု လည်းပြောသည်။

ကျောင်းသားအများစုပါဝင်သည့် ဘင်္ဂါလီလူငယ် ၁၅၂ ယောက်က နှစ်လကျော်ကာလအတွင်း ကော့က်စ် ဘဇားမှဒုက္ခသည်စခန်းများရှိဒုက္ခသည်များထံမှ လှူဒါန်းငွေများလိုက်လံကောက်ခံခဲ့သည်။

အာရကန်ပရဟိတအသိုက်အဝန်းနှင့် ပညာရေးကွန်ရက်ဟုအမည်ပေးထားသည့်အဖွဲ့အနေဖြင့် မြန်မာကျပ်ငွေ ၅ သိန်းရရှိခဲ့ပြီး အလှူငွေများကို ဆွေမျိုးများထံမှတဆင့် စစ်ရှောင်ဒုက္ခသည်များထံပေးပို့ခဲ့သည်ဟု ဟိုစိန်က ပြောသည်။

ရခိုင်ပြည်နယ်မှ မိတ်ဆွေများနှင့် အမြဲအဆက်အသွယ်ရှိနေပြီး ဘာသာနှင့်လူမျိုးမတူသော်လည်း နိုင်ငံ သားချင်းအတူရပ်တည်ကြောင်းလည်းပြောသည်။ ဇူလိုင်လအစောပိုင်းတွင်လည်း စစ်တွေမှ ဘင်္ဂါလီ ကျောင်းသားများက ပဋိပက္ခဒေသမှစစ်ရှောင်များကိုကူညီရန် မြန်မာကျပ်ငွေ ၃ သိန်းလှူဒါန်းခဲ့သည်။

Ref : Rohingya do their bit for Buddhists in Myanmar conflict

#Peoplemedia


Share this post