• Follow Us on
Latest News

Home ျမန္မာႏိုင္ငံတြင္ ဘဂၤါလီမ်ားအေပၚလူမ်ိဳးတုန္းသတ္ျဖတ္မႈ႐ွိေနေသးဟု လူ႔အခြင့္အေရးအဖြဲ႔ေျပာ

ျမန္မာႏိုင္ငံတြင္ ဘဂၤါလီမ်ားအေပၚလူမ်ိဳးတုန္းသတ္ျဖတ္မႈ႐ွိေနေသးဟု လူ႔အခြင့္အေရးအဖြဲ႔ေျပာ

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၂၄
ကုလသမဂၢ၏ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)၏အမိန္႔မ်ားကိုဆန္႔က်င္ခ်ိဳးေဖာက္ကာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ျမန္မာႏိုင္ငံက လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားဆက္လက္က်ဴးလြန္ေနသည္ဟု လူ႔အခြင့္အေရးေ႐ွ႕ေနမ်ားႏွင့္ တက္ႂကြလႈပ္႐ွားသူမ်ားကေျပာသည္။
ျမန္မာအရပ္သားေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္၏တကိုယ္ေရေလွ်ာက္ထားခ်က္မ်ားကို အိုင္စီေဂ်က ဇန္နဝါရီလတြင္ ပယ္ခ်ခဲ့ၿပီး ဗုဒၶဘာသာအမ်ားစု႐ွိသည့္ႏိုင္ငံတြင္ ၾကားျဖတ္အစီအမံမ်ားကိုခ်က္ခ်င္းက်င့္သံုးရန္ အမိန္႔ထုတ္ခဲ့သည္။
လူမ်ိဳးတုန္းသတ္ျဖတ္မႈလုပ္ရပ္မ်ားက်ဴးလြန္ျခင္းရပ္ဆိုင္းထားရန္၊ ဘဂၤါလီမ်ားအေပၚက်ဴးလြန္ခဲ့သည့္ျပစ္မႈမ်ားကို သက္ေသေဖ်ာက္ဖ်က္မႈကာကြယ္ရန္ႏွင့္ ကုလသမဂၢကို ၆ လတႀကိမ္အစီရင္ခံရန္ အိုင္စီေဂ်က ျမန္မာႏိုင္ငံကို အမိန္႔ခ်ခဲ့သည္။
လူမ်ိဳးတုန္းသတ္ျဖတ္မႈဆက္ျဖစ္ေနၿပီး ႀကိဳတင္ကာကြယ္မႈအစီအမံမ်ားကို ေဘးကင္းလံုျခံဳစြာလ်စ္လ်ဴ႐ွဳႏိုင္ေၾကာင္း၊ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားကို ေတြ႕ရမည္မဟုတ္ဟု ျမန္မာအစိုးရနဲ႔စစ္တပ္က တြက္ခ်က္ယူဆေနေၾကာင္း ဘားမား႐ိုဟင္ဂ်ာအဖြဲ႔(ဘီအာအို)ဥကၠ႒ ထြန္းခင္က တနလၤာေန႔တြင္ထုတ္ျပန္သည္။
ဘဂၤါလီမ်ားအတြက္ ပြင့္လင္းျမင္သာမႈကင္းမဲ့ျခင္းသည္ ေနာက္ထပ္မတရားမႈတခုျဖစ္ေၾကာင္းလည္း ထြန္းခင္ကေျပာသည္။
ၿပီးခဲ့သည့္တပတ္တြင္ ဘဂၤါလီမ်ားအေပၚဆိုး႐ြားသည့္အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအားစိုးရိမ္ေၾကာင္းဆံုးျဖတ္ခ်က္တခုကို ကုလသမဂၢအေထြေထြညီလာခံက သေဘာတူညီေၾကာင္းမဲခြဲဆံုးျဖတ္ခဲ့ၿပီး ထိုဆံုးျဖတ္ခ်က္သည္ ႏိုင္ငံကို အေႏွာင့္အယွက္ျဖစ္ေစေၾကာင္းႏွင့္ တရားမ၀င္ေၾကာင္း ျမန္မာဘက္ကတံု႔ျပန္ခဲ့သည္။
Ref : Rights group Myanmar’s genocide against Rohingya not over
#PeopleMedia
(unicode)
မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုရှိနေသေးဟု လူ့အခွင့်အရေးအဖွဲ့ပြော
……………………………
လန်ဒန်၊ နိုဝင်ဘာ ၂၄
ကုလသမဂ္ဂ၏နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)၏အမိန့်များကိုဆန့်ကျင်ချိုးဖောက်ကာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုများဆက်လက်ကျူးလွန်နေသည်ဟု လူ့အခွင့်အရေးရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများကပြောသည်။
မြန်မာအရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏တကိုယ်ရေလျှောက်ထားချက်များကို အိုင်စီဂျေက ဇန်နဝါရီလတွင် ပယ်ချခဲ့ပြီး ဗုဒ္ဓဘာသာအများစုရှိသည့်နိုင်ငံတွင် ကြားဖြတ်အစီအမံများကိုချက်ချင်းကျင့်သုံးရန် အမိန့်ထုတ်ခဲ့သည်။
လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်များကျူးလွန်ခြင်းရပ်ဆိုင်းထားရန်၊ ဘင်္ဂါလီများအပေါ်ကျူးလွန်ခဲ့သည့်ပြစ်မှုများကို သက်သေဖျောက်ဖျက်မှုကာကွယ်ရန်နှင့် ကုလသမဂ္ဂကို ၆ လတကြိမ်အစီရင်ခံရန် အိုင်စီဂျေက မြန်မာနိုင်ငံကို အမိန့်ချခဲ့သည်။
လူမျိုးတုန်းသတ်ဖြတ်မှုဆက်ဖြစ်နေပြီး ကြိုတင်ကာကွယ်မှုအစီအမံများကို ဘေးကင်းလုံခြုံစွာလျစ်လျူရှုနိုင်ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်များကို တွေ့ရမည်မဟုတ်ဟု မြန်မာအစိုးရနဲ့စစ်တပ်က တွက်ချက်ယူဆနေကြောင်း ဘားမားရိုဟင်ဂျာအဖွဲ့(ဘီအာအို)ဥက္ကဋ္ဌ ထွန်းခင်က တနင်္လာနေ့တွင်ထုတ်ပြန်သည်။
ဘင်္ဂါလီများအတွက် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းသည် နောက်ထပ်မတရားမှုတခုဖြစ်ကြောင်းလည်း ထွန်းခင်ကပြောသည်။
ပြီးခဲ့သည့်တပတ်တွင် ဘင်္ဂါလီများအပေါ်ဆိုးရွားသည့်အခွင့်အရေးချိုးဖောက်မှုများအားစိုးရိမ်ကြောင်းဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂအထွေထွေညီလာခံက သဘောတူညီကြောင်းမဲခွဲဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် နိုင်ငံကို အနှောင့်အယှက်ဖြစ်စေကြောင်းနှင့် တရားမဝင်ကြောင်း မြန်မာဘက်ကတုံ့ပြန်ခဲ့သည်။
Ref : Rights group Myanmar’s genocide against Rohingya not over
#PeopleMedia


Share this post