• Follow Us on

Home ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ႏွင့္ ကြမ္းယာ ဒုကၡအေပးဆုံးျဖစ္၍ က်ယ္က်ယ္ျပန္႔ျပန္႔ အသိပညာေပးရန္ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တိုက္တြန္း

ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ႏွင့္ ကြမ္းယာ ဒုကၡအေပးဆုံးျဖစ္၍ က်ယ္က်ယ္ျပန္႔ျပန္႔ အသိပညာေပးရန္ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တိုက္တြန္း

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၀

ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ႏွင့္ ကြမ္းယာ ဒုကၡအေပးဆုံးျဖစ္၍ က်ယ္က်ယ္ျပန္႔ျပန္႔ အသိပညာေပးရန္ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားလိုက္သည္။

ရန္ကုန္ၿမိဳ႕တြင္ ဇူလိုင္ ၁၀ ရက္ေန႔၌ က်င္းပသည့္ သတင္းမီဒီယာမ်ား၊ အႏုပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔ အဖြဲ႕အတြက္ COVID-19 ကာလ စားေသာက္ေရးအဆင္ေျပရန္ ဆန္၊ ဆီ၊ ဆား၊ ပဲေပးအပ္လွဴဒါန္းျခင္း အခမ္း အနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အထူးသျဖင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကို ဒုကၡေတာ္ေတာ္ေပးတာ ေဆးလိပ္နဲ႔ ကြမ္းယာပဲ။ ဒါလည္း တုိင္း က်န္းမာေရးနဲ႔ ကြၽန္ေတာ္စကားေျပာျဖစ္တယ္။ သူတို႔ကေတာ့ ကင္ဆာျဖစ္တဲ့ဟာကိုေျပာတာေပါ႔။ ဒါကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ျပည္သူလူထုၾကားထဲမွာ အသိပညာေပးရမယ္။ ေဆးလိပ္၊ ကြမ္းယာ၊ အရက္ေပါ႔။ ကြၽန္ ေတာ့္ တပ္ထဲမွာေတာ့ တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္တယ္။ ဒါကလူတစ္ဦးခ်င္းစီရဲ႕ ပုဂၢိဳလ္ေရးလြတ္လပ္ခြင့္ ဆိုတာမွန္ပါတယ္။ ကိုယ္ႀကိဳက္လို႔ဆိုရင္ အိမ္မွာ ေသာက္၊ ႐ုံးမွာေတာ့ ကြမ္းယာ၊ ေဆးလိပ္ကို အမိန္႔ထုတ္ ထားတယ္’’ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ အရြယ္ေရာက္ၿပီး အမ်ိဳးသား ၄၃.၈ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၈.၄ ရာခိုင္ႏႈန္းသည္ ေဆးလိပ္ ေသာက္သုံးသူမ်ားျဖစ္ၾကၿပီး အမ်ိဳးသား ၃၂.၁ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၄၆ ရာခိုင္ႏႈန္းသည္ မိမိအိမ္တြင္ လည္းေကာင္း၊ အမ်ိဳးသား ၃၁.၈ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၂၃.၆ ရာခိုင္ႏႈန္းသည္ လုပ္ငန္းခြင္မ်ားတြင္ လည္း ေကာင္း တဆင့္ခံေဆးလိပ္ေငြ႕ရႈရႈိက္သူမ်ားျဖစ္ေနေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ ထားခ်က္အရသိရသည္။

ထို႔အျပင္ အမ်ိဳးသား ၆၂.၂ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၂၄.၁ ရာခိုင္ႏႈန္းသည္ ကြမ္းယာႏွင့္ ေဆးရြက္ႀကီးထြက္ ပစၥည္းမ်ားကို တြဲဖက္သုံးစြဲေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း စစ္တမ္းအရသိရသည္။

ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးသုံးစြဲမႈေၾကာင့္ အဆုတ္ေရာဂါ၊ ႏွလုံးေရာဂါႏွင့္ ကင္ဆာေရာဂါမ်ားအပါအ၀င္ ေရာဂါ အမ်ိဳးမ်ိဳးျဖစ္ပြားႏိုင္ၿပီး ေဆးလိပ္ေသာက္သုံးမႈေၾကာင့္အျဖစ္ အမ်ားဆုံးမွာ အဆုတ္ကင္ဆာေရာဂါျဖစ္ေၾကာင္း သိရသည္။

#PeopleMedia #တပ္ခ်ဳပ္ #က်န္းမာေရး

(unicode)
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ကွမ်းယာ ဒုက္ခအပေးဆုံးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တိုက်တွန်း
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၀

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ကွမ်းယာ ဒုက္ခအပေးဆုံးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ဇူလိုင် ၁၀ ရက်နေ့၌ ကျင်းပသည့် သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့ အဖွဲ့အတွက် COVID-19 ကာလ စားသောက်ရေးအဆင်ပြေရန် ဆန်၊ ဆီ၊ ဆား၊ ပဲပေးအပ်လှူဒါန်းခြင်း အခမ်း အနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဒုက္ခတော်တော်ပေးတာ ဆေးလိပ်နဲ့ ကွမ်းယာပဲ။ ဒါလည်း တိုင်း ကျန်းမာရေးနဲ့ ကျွန်တော်စကားပြောဖြစ်တယ်။ သူတို့ကတော့ ကင်ဆာဖြစ်တဲ့ဟာကိုပြောတာပေါ့။ ဒါကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြည်သူလူထုကြားထဲမှာ အသိပညာပေးရမယ်။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်ပေါ့။ ကျွန် တော့် တပ်ထဲမှာတော့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်တယ်။ ဒါကလူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဆိုတာမှန်ပါတယ်။ ကိုယ်ကြိုက်လို့ဆိုရင် အိမ်မှာ သောက်၊ ရုံးမှာတော့ ကွမ်းယာ၊ ဆေးလိပ်ကို အမိန့်ထုတ် ထားတယ်’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား ၄၃.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈.၄ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်သုံးသူများဖြစ်ကြပြီး အမျိုးသား ၃၂.၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၆ ရာခိုင်နှုန်းသည် မိမိအိမ်တွင် လည်းကောင်း၊ အမျိုးသား ၃၁.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၃.၆ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်များတွင် လည်း ကောင်း တဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်သူများဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ထားချက်အရသိရသည်။

ထို့အပြင် အမျိုးသား ၆၂.၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄.၁ ရာခိုင်နှုန်းသည် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို တွဲဖက်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း စစ်တမ်းအရသိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများအပါအဝင် ရောဂါ အမျိုးမျိုးဖြစ်ပွားနိုင်ပြီး ဆေးလိပ်သောက်သုံးမှုကြောင့်အဖြစ် အများဆုံးမှာ အဆုတ်ကင်ဆာရောဂါဖြစ်ကြောင်း သိရသည်။

#PeopleMedia #တပ်ချုပ် #ကျန်းမာရေး


Share this post