• Follow Us on

Home မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပခရီးသွားများကိုကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် လိုအပ်သောမူဝါဒများ၊ ဥပဒေများချမှတ်ထားဟု ဟိုတယ်နှင့် ခရီးဝန်ကြီးပြောကြား

မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပခရီးသွားများကိုကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် လိုအပ်သောမူဝါဒများ၊ ဥပဒေများချမှတ်ထားဟု ဟိုတယ်နှင့် ခရီးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၈

 

မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများကို ကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေ နပ်မှုရရှိစေရန်အတွက် လိုအပ်သောမူဝါဒများ၊ ဥပဒေများနှင့် မူဘောင်များချမှတ်ထားကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသတွင်းဆွေးနွေးပွဲသို့ အွန်လိုင်းမှတက်ရောက်စဉ် ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံမှာ ပြည်တွင်း/ပြည်ပ ခရီးသွားတွေကို ကောင်းမွန်သောဝန်ဆောင်မှုတွေပေးအပ်ဖို့နဲ့ စိတ်ကျေ နပ်မှုရရှိစေဖို့အတွက် လိုအပ်သောမူဝါဒတွေ၊ ဥပဒေတွေနဲ့ မူဘောင်တွေ ချမှတ်ထားပါတယ်၊ ခရီးသွား ဧည့်သည်တွေ စိတ်ချလုံခြုံစွာခရီးသွားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာ လမှာ ခရီးသွားဧည့်သည်တွေရဲ့ ယုံကြည်စိတ်ချမှုပြန်လည်ရရှိဖို့နဲ့ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အဆိုပါဆွေးနွေးပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ခရီးသွားလုပ်ငန်းများပြန် လည်စတင်ရာတွင် အထောက်အပံ့ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့သော အရေးပေါ်အခြေအနေတွင် ခရီးသွားဧည့်သည်များ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်း၊ ဥပဒေမူဘောင်များ ပြန်လည် ချမှတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post