• Follow Us on

Home ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္တီဘီေရာဂါလူနာတစ္သိန္းကိုးေသာင္းေက်ာ္ထဲမွ ကုသမႈေပးရန္ လူဦးေရငါးေသာင္းခန္႔ ေပ်ာက္ဆုံးေန

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္တီဘီေရာဂါလူနာတစ္သိန္းကိုးေသာင္းေက်ာ္ထဲမွ ကုသမႈေပးရန္ လူဦးေရငါးေသာင္းခန္႔ ေပ်ာက္ဆုံးေန

Share this post

ရန္ကုန္၊ ဇူလုိင္ ၂၇

ျမန္မာႏိုင္ငံတြင္ႏွစ္စဥ္တီဘီေရာဂါလူနာတစ္သိန္းကိုးေသာင္းေက်ာ္ထဲမွ ကုသမႈေပးရန္ လူဦးေရငါးေသာင္းခန္႔ ေပ်ာက္ဆုံးေနေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

မေကြးတိုင္းေဒသႀကီးတြင္ ဇူလိုင္လေနာက္ဆုံးပတ္အတြင္းက်င္းပသည့္ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ား ႏွစ္ပတ္လည္လုပ္ငန္းဆန္းစစ္ေရးအစည္းအေ၀းတြင္ မေကြးတိုင္း ေဒသႀကီးကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေသာင္းလႈိင္ကေျပာၾကားခဲ့သည္။

“TB ေရာဂါဟာ ဦးစားေပးေျဖရွင္းရမဲ့ ျပည္သူ႔က်န္းမာေရးျပႆနာတစ္ရပ္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ခန္႔မွန္း ေျခ ႏွစ္စဥ္ တီဘီေရာဂါလူနာေပါင္း ၁၉၀၀၀၀ ေက်ာ္ခန္႔ ရွိမယ္လို႔ယူဆရပါတယ္။ ဒီထဲမွာမွ ၁၄၀၀၀၀ ခန္႔သာ ရွာေဖြႏိုင္တာေၾကာင့္ ထပ္မံၿပီး တီဘီလူနာ ၅၀၀၀၀ ရွာေဖြရန္ လိုအပ္ပါတယ္။ မေကြးတိုင္းေဒသႀကီးမွာဆိုရင္ ၂၀၁၉ ခုႏွစ္မွာ လူဦးေရ၁သိန္းမွာ စုစုေပါင္းတီဘီလူနာ ၁၆၁ ဦးသာ ရွာေဖြႏိုင္ပါတယ္”ဟု ၎ကေျပာသည္။

တီဘီေရာဂါသည္ မိုက္ကိုဘက္တီးရီယားေရာဂါပိုးအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ပြားျခင္းျဖစ္ၿပီး ေရာဂါပိုးရွိသူ၏ ေခ်ာင္း ဆိုးျခင္း၊ ႏွာေခ်ျခင္း၊ တံေတြးေထြးျခင္းတို႔မွတဆင့္ ေလထဲတြင္ ေရာဂါပိုးျပန္႔ႏွံကာ ကူးစက္ခံရျခင္းျဖစ္သည္။

ေရာဂါလကၡဏာမ်ားအေနျဖင့္ ညေနပိုင္းတြင္ တေငြ႕ေငြ႕ဖ်ားျခင္း၊ နာတာရွည္ေခ်ာင္းဆိုးကာသလိပ္တြင္ ေသြး ပါျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ အစားအေသာက္ပ်က္ကာပိန္ခ်ဳံးလာ၍ ကိုယ္အေလးခ်ိန္က်ဆင္းျခင္းတို႔ ျဖစ္ပြား ႏိုင္ေၾကာင္းသိရသည္။

လက္ရွိတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ TB ေရာဂါလူနာမ်ားကို DOTS ေပါင္းစပ္ေဆးဝါးမ်ား အခမဲ့ေပးကုသျခင္း၊ အခမဲ့ဓါတ္မွန္႐ိုက္ကူးေပျခင္း၊ သလိပ္စစ္ေဆးေပးျခင္းတို႔ ျပဳလုပ္ေပးလ်က္ရွိသည္။

#PeopleMedia

(unicode)
မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါလူနာတစ်သိန်းကိုးသောင်းကျော်ထဲမှ ကုသမှုပေးရန် လူဦးရေငါးသောင်းခန့် ပျောက်ဆုံးနေ
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံတွင်နှစ်စဉ်တီဘီရောဂါလူနာတစ်သိန်းကိုးသောင်းကျော်ထဲမှ ကုသမှုပေးရန် လူဦးရေငါးသောင်းခန့် ပျောက်ဆုံးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်းကျင်းပသည့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ရေးအစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်ကပြောကြားခဲ့သည်။

“TB ရောဂါဟာ ဦးစားပေးဖြေရှင်းရမဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခန့်မှန်း ခြေ နှစ်စဉ် တီဘီရောဂါလူနာပေါင်း ၁၉၀၀၀၀ ကျော်ခန့် ရှိမယ်လို့ယူဆရပါတယ်။ ဒီထဲမှာမှ ၁၄၀၀၀၀ ခန့်သာ ရှာဖွေနိုင်တာကြောင့် ထပ်မံပြီး တီဘီလူနာ ၅၀၀၀၀ ရှာဖွေရန် လိုအပ်ပါတယ်။ မကွေးတိုင်းဒေသကြီးမှာဆိုရင် ၂၀၁၉ ခုနှစ်မှာ လူဦးရေ၁သိန်းမှာ စုစုပေါင်းတီဘီလူနာ ၁၆၁ ဦးသာ ရှာဖွေနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

တီဘီရောဂါသည် မိုက်ကိုဘက်တီးရီယားရောဂါပိုးအမျိုးမျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပိုးရှိသူ၏ ချောင်း ဆိုးခြင်း၊ နှာချေခြင်း၊ တံတွေးထွေးခြင်းတို့မှတဆင့် လေထဲတွင် ရောဂါပိုးပြန့်နှံကာ ကူးစက်ခံရခြင်းဖြစ်သည်။

ရောဂါလက္ခဏာများအနေဖြင့် ညနေပိုင်းတွင် တငွေ့ငွေ့ဖျားခြင်း၊ နာတာရှည်ချောင်းဆိုးကာသလိပ်တွင် သွေး ပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစားအသောက်ပျက်ကာပိန်ချုံးလာ၍ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်ပွား နိုင်ကြောင်းသိရသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ TB ရောဂါလူနာများကို DOTS ပေါင်းစပ်ဆေးဝါးများ အခမဲ့ပေးကုသခြင်း၊ အခမဲ့ဓါတ်မှန်ရိုက်ကူးပေခြင်း၊ သလိပ်စစ်ဆေးပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။

#PeopleMedia


Share this post