• Follow Us on

Home ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္မႈျမင့္တက္ေနသျဖင့္ ထိုင္း-ျမန္မာနယ္စပ္ခ႐ိုင္မ်ားတြင္လံုျခံဳေရးတင္းၾကပ္ထား

ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္မႈျမင့္တက္ေနသျဖင့္ ထိုင္း-ျမန္မာနယ္စပ္ခ႐ိုင္မ်ားတြင္လံုျခံဳေရးတင္းၾကပ္ထား

Share this post

ဘန္ေကာက္၊ ၾသဂုတ္ ၂၈

ျမန္မာႏိုင္ငံတြင္ COVID-19 လႈိင္းသစ္ျဖစ္ပြားေနေၾကာင္း သတင္းမ်ားအရ တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်မႈကာကြယ္ရန္ နယ္စပ္တစ္ေလွ်ာက္တြင္ လံုျခံဳေရးတင္းၾကပ္ရန္ႏွင့္ တရား၀င္လမ္းေၾကာင္းအရ ေရာက္႐ွိလာသူမ်ားကိုလည္း က်န္းမာေရးတင္းတင္းၾကပ္ၾကပ္စစ္ေဆးရန္ ထိုင္းျပည္ထဲေရး၀န္ႀကီးဌာနကၫႊန္ၾကားသည္။

ျမန္မာနယ္စပ္ခ႐ိုင္ ၁၀ ခုမွ အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ အမိန္႔ထုတ္ျပန္ထားေၾကာင္း အၿမဲတမ္းအတြင္း၀န္ခ်က္ခ်ိဳင္ ဖ႐ြမ္လာ့တ္က ေသာၾကာေန႔တြင္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါျဖစ္ပြားမႈျမင့္တက္ေနၿပီး ၾသဂုတ္ ၁၆ ရက္ေနာက္ပိုင္းတြင္ အတည္ျပဳလူနာ ၅၈၀ ေယာက္႐ွိေနသည္။

ျဖစ္ပြားမႈအမ်ားစုမွာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ဘဂၤလားပင္လယ္ေအာ္တို႔ႏွင့္နယ္နိမိတ္ျဖစ္သည့္ရခိုင္ျပည္နယ္တြင္ျဖစ္သည္။

သဘာ၀အေလ်ာက္ျဖစ္ေနသည့္နယ္စပ္ျဖတ္ေက်ာ္ႏိုင္သည့္ေနရာမ်ားမွ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကိုပိတ္ဆို႔ရန္ႏွင့္ တရား၀င္နယ္စပ္ျဖတ္ဂိတ္မ်ားမွေရာက္လာသူမ်ားကိုလည္း ေရာဂါထိန္းခ်ဳပ္ေရးအစီအမံမ်ား ၾကပ္မတ္ေဆာင္႐ြက္ရန္ ခ႐ိုင္ ၁၀ ခုမွအာဏာပိုင္မ်ားကိုၫႊန္ၾကားထားေၾကာင္းလည္းေျပာသည္။

Ref : Tighter covid-19 precautions for provinces bordering Myanmar

#PeopleMedia

(unicode)
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုမြင့်တက်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်ခရိုင်များတွင်လုံခြုံရေးတင်းကြပ်ထား
……………………………………………

ဘန်ကောက်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံတွင် COVID-19 လှိုင်းသစ်ဖြစ်ပွားနေကြောင်း သတင်းများအရ တရားမဝင်ရွှေ့ပြောင်းအခြေချမှုကာကွယ်ရန် နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတင်းကြပ်ရန်နှင့် တရားဝင်လမ်းကြောင်းအရ ရောက်ရှိလာသူများကိုလည်း ကျန်းမာရေးတင်းတင်းကြပ်ကြပ်စစ်ဆေးရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကညွှန်ကြားသည်။

မြန်မာနယ်စပ်ခရိုင် ၁၀ ခုမှ အုပ်ချုပ်ရေးမှူးများထံ အမိန့်ထုတ်ပြန်ထားကြောင်း အမြဲတမ်းအတွင်းဝန်ချက်ချိုင် ဖရွမ်လာ့တ်က သောကြာနေ့တွင်ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ဩဂုတ် ၁၆ ရက်နောက်ပိုင်းတွင် အတည်ပြုလူနာ ၅၈၀ ယောက်ရှိနေသည်။

ဖြစ်ပွားမှုအများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့်နယ်နိမိတ်ဖြစ်သည့်ရခိုင်ပြည်နယ်တွင်ဖြစ်သည်။

သဘာဝအလျောက်ဖြစ်နေသည့်နယ်စပ်ဖြတ်ကျော်နိုင်သည့်နေရာများမှ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကိုပိတ်ဆို့ရန်နှင့် တရားဝင်နယ်စပ်ဖြတ်ဂိတ်များမှရောက်လာသူများကိုလည်း ရောဂါထိန်းချုပ်ရေးအစီအမံများ ကြပ်မတ်ဆောင်ရွက်ရန် ခရိုင် ၁၀ ခုမှအာဏာပိုင်များကိုညွှန်ကြားထားကြောင်းလည်းပြောသည်။

Ref : Tighter covid-19 precautions for provinces bordering Myanmar

#PeopleMedia


Share this post