• Follow Us on

Home မြန်မာနိုင်ငံတွင် COVID-19 ဗီဇမျိုးစိတ်ကွဲအသစ်တွေ့ရှိခြင်းမရှိသေးဟု ဒေါက်တာ ဒေါ်ခင်ခင်ကြီးပြော

မြန်မာနိုင်ငံတွင် COVID-19 ဗီဇမျိုးစိတ်ကွဲအသစ်တွေ့ရှိခြင်းမရှိသေးဟု ဒေါက်တာ ဒေါ်ခင်ခင်ကြီးပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ဗီဇပြောင်းပိုးသစ်တွေ့ရှိမှုမှာ သတင်းအမှားသာဖြစ်ကြောင်း ဒေါ်ခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရေး သားတင်ပြထားသည်။

လူမှုကွန်ယက် Facebook ပေါ်တွင်ပျံ့နှံ့နေသည့် ”ဧရာဝတီစင်တာ(မန္တလေး)တွင် COVID-19 ရောဂါမျိုး စိတ်ကွဲတွေ့ရှိမှု” ရှိနေကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။

အဆိုပါ သတင်းမှားနှင့်ပတ်သက်ပြီး ဒေါ်ခင်ခင်ကြီး၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသား ချက်အရ “မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဗီဇပြောင်းပိုးသစ် မတွေ့ရှိသေးပါ၊ သတင်းအမှားများကို မတင်ကြပါနှင့် မယုံကြည်ကြပါနှင့်”ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီစင်တာတွင် စတင်တွေ့ရှိ” ဆိုသည့်စာသားကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ လူမှုကွန် ယက်တစ်ချို့တွင် ပျံ့နှံ့မူရှိခဲ့ပြီး လက်ရှိတွင်မူရင်းတင်ထားသည့် Facebook Account ပိုင်ရှင်က အဆိုပါစာသား ကို ပြန်ဖျက်ချခဲ့မှုရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်းလူနာအရေအတွက် အတည်ပြု လူနာစုစုပေါင်း တစ်သိန်းသုံးသောင်းကျော်နှင့် သေဆုံးသူလူနာ စုစုပေါင်းအရေအတွက် နှစ်ထောင်ကျော်ရှိနေကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

#PeopleMedia #COVID

(unicode)







#PeopleMedia #COVID


Share this post