• Follow Us on

Home ျမန္မာႏိုင္ငံတြင္ COVID-19 လူနာ ၈၀ ရာခိုင္ႏႈန္း ေရာဂါပိုးကင္းစင္သြား ပီး အထူးၾကပ္မတ္ကုသမႈခံယူေနရသူ တစ္ဦးမွမရွိဟု ျပည္ေထာင္စု ၀န္ႀကီးေဒါက္တာျမင့္ေထြးေျပာ

ျမန္မာႏိုင္ငံတြင္ COVID-19 လူနာ ၈၀ ရာခိုင္ႏႈန္း ေရာဂါပိုးကင္းစင္သြား ပီး အထူးၾကပ္မတ္ကုသမႈခံယူေနရသူ တစ္ဦးမွမရွိဟု ျပည္ေထာင္စု ၀န္ႀကီးေဒါက္တာျမင့္ေထြးေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၀

ျမန္မာႏိုင္ငံတြင္ COVID-19 လူနာ ၈၀ရာခိုင္ႏႈန္းေရာဂါပိုးကင္းစင္သြားၿပီး အထူးၾကပ္မတ္ကုသမႈခံယူေနရသူ တစ္ဦးမွမရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာ သည္။

ေနျပည္ေတာ္ရွိ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနတြင္ ဇူလိုင္ ၉ ရက္က်င္းပသည့္ covid 19 ႏွင့္ ပတ္ သက္သည့္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား၊ ေရွ႕လုပ္ငန္းစဥ္မ်ားေဆြးေႏြးျခင္းအစည္းအေဝးတြင္ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးကေျပာၾကားခဲ့သည္။

“covid-19 ေရာဂါျဖစ္ပြားသူ လူနာ ၃၀၀ ေက်ာ္ရွိၿပီး လူနာမ်ားရဲ႕ ၈၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ၂၅၄ ဦးကေတာ့ ေရာဂါ ပိုးကင္းစင္သြားခဲ့ၿပီျဖစ္ပါတယ္။လက္ရွိေဆး႐ုံအသီးသီးမွာ သီးျခားထားရွိကုသမႈခံယူေနတဲ့ လူနာမ်ားရဲ႕ က်န္း မာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိၿပီးေတာ့ အထူးၾကပ္မတ္ကုသမႈခံယူေနရသူတစ္ဦးမွ မရွိပါဘူး’’ဟု ၎ကေျပာသည္။

လက္ရွိတြင္ အသြားအလာကန္႔သတ္ထားရွိသည့္ေနရာ ၆၁၁၄ ခုရွိၿပီး အသြားအလာကန္႔သတ္ထားရွိသူ ၂၃၇ ၈၀ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးက ထုတ္ျပန္ထားသည္။

ျပည္ပမွ ၀င္ေရာက္မႈမ်ားအေနျဖင့္ ကုန္းလမ္းမွ တစ္ေန႔လွ်င္ ပွ်မ္းမွ် ၁၂၀၀ ဦးခန္႔ ၀င္ေရာက္ေနေၾကာင္း က်န္း မာေရးႏွင့္ အားကစား၀န္ႀကီးဌာနကဆိုသည္။

#PeopleMedia #က်န္းမာေရး

(unicode)
မြန်မာနိုင်ငံတွင် COVID-19 လူနာ ၈၀ ရာခိုင်နှုန်း ရောဂါပိုးကင်းစင်သွား ပီး အထူးကြပ်မတ်ကုသမှုခံယူနေရသူ တစ်ဦးမှမရှိဟု ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးပြော
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၀

မြန်မာနိုင်ငံတွင် COVID-19 လူနာ ၈၀ရာခိုင်နှုန်းရောဂါပိုးကင်းစင်သွားပြီး အထူးကြပ်မတ်ကုသမှုခံယူနေရသူ တစ်ဦးမှမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော သည်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ဇူလိုင် ၉ ရက်ကျင်းပသည့် covid 19 နှင့် ပတ် သက်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

“covid-19 ရောဂါဖြစ်ပွားသူ လူနာ ၃၀၀ ကျော်ရှိပြီး လူနာများရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၅၄ ဦးကတော့ ရောဂါ ပိုးကင်းစင်သွားခဲ့ပြီဖြစ်ပါတယ်။လက်ရှိဆေးရုံအသီးသီးမှာ သီးခြားထားရှိကုသမှုခံယူနေတဲ့ လူနာများရဲ့ ကျန်း မာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီးတော့ အထူးကြပ်မတ်ကုသမှုခံယူနေရသူတစ်ဦးမှ မရှိပါဘူး’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် အသွားအလာကန့်သတ်ထားရှိသည့်နေရာ ၆၁၁၄ ခုရှိပြီး အသွားအလာကန့်သတ်ထားရှိသူ ၂၃၇ ၈၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ထုတ်ပြန်ထားသည်။

ပြည်ပမှ ဝင်ရောက်မှုများအနေဖြင့် ကုန်းလမ်းမှ တစ်နေ့လျှင် ပျှမ်းမျှ ၁၂၀၀ ဦးခန့် ဝင်ရောက်နေကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနကဆိုသည်။

#PeopleMedia #ကျန်းမာရေး


Share this post