• Follow Us on

Home ျမန္မာႏိုင္ငံဘက္နယ္ေက်ာ္ၿပီးေရာက္လာသည့္ ဘဂၤလားေဒ့႐ွ္ ငါးဖမ္းသမား ၉ ေယာက္ကို ျပန္လည္လႊဲအပ္

ျမန္မာႏိုင္ငံဘက္နယ္ေက်ာ္ၿပီးေရာက္လာသည့္ ဘဂၤလားေဒ့႐ွ္ ငါးဖမ္းသမား ၉ ေယာက္ကို ျပန္လည္လႊဲအပ္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၂၆
ၿပီးခဲ့သည့္ ၂ ပတ္က ျမန္မာနယ္စပ္ကိုေက်ာ္လာသည့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ငါးဖမ္းသမား ၉ ေယာက္ကို ဘဂၤလားေဒ့႐ွ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့သည္။
ဗုဒၶဟူးေန႔မနက္ပိုင္းက ျမန္မာ-ဘဂၤလားေဒ့႐ွ္ နယ္ျခားေစာင့္တပ္ဖြဲ႔မ်ား၏အစည္းအေ၀းအၿပီးတြင္ လႊဲေျပာင္း ေပးျခင္းျဖစ္သည္။
ႏို၀င္ဘာ ၁၀ ရက္တြင္ စိန္႔မာတင္ကၽြန္းမွ ၂ ကီလိုမီတာေ၀းသည့္ ဘဂၤလားပင္လယ္ေအာ္တြင္ ထိုသူမ်ား ငါးဖမ္းခဲ့ၿပီး ေနာက္ပိုင္းတြင္ သူတို႔၏ငါးဖမ္းဆြဲသေဘၤာပ်က္ၿပီး ျမန္မာေရပိုင္နက္အတြင္း၀င္ေရာက္ခဲ့ျခင္း ျဖစ္သည္ဟု ဘဂၤလားေဒ့႐ွ္မီဒီယာမ်ားကေဖာ္ျပသည္။
ေနာက္ပိုင္းတြင္ သူတို႔ကို ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႔ကေတြ႕႐ွိခဲ့ၿပီး နယ္ျခားေစာင့္စခန္းတြင္ထိန္းသိမ္း ထားသည္ဟု တက္ကနက္ဖ္႐ွိ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ အမွတ္ ၂ တပ္ရင္း၊ တပ္ရင္းမွဴး ဒုတိယဗိုလ္မွဴးၿပီး ဖိြဳင္ဆယ္ ဟာဆန္ကေျပာသည္။
လက္႐ွိတြင္ သူတို႔အားလံုးကို ထိန္းသိမ္းထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ အသြားအလာကန္႔ သတ္ေစာင့္ၾကည့္ထားေၾကာင္းလည္း ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႔ကထုတ္ျပန္သည္။
အဖမ္းခံရသူမ်ားမွာအသက္ ၁၁ ႏွစ္မွ ၄၆ ႏွစ္အတြင္း႐ွိသူမ်ားျဖစ္သည္။
Ref : Myanmar returns 9 Bangladeshi fishermen
#PeopleMedia
(unicode)
မြန်မာနိုင်ငံဘက်နယ်ကျော်ပြီးရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉ ယောက်ကို ပြန်လည်လွှဲအပ်
……………………………………………….
ဒါကာ၊ နိုဝင်ဘာ ၂၆
ပြီးခဲ့သည့် ၂ ပတ်က မြန်မာနယ်စပ်ကိုကျော်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၏အစည်းအဝေးအပြီးတွင် လွှဲပြောင်း ပေးခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၀ ရက်တွင် စိန့်မာတင်ကျွန်းမှ ၂ ကီလိုမီတာဝေးသည့် ဘင်္ဂလားပင်လယ်အော်တွင် ထိုသူများ ငါးဖမ်းခဲ့ပြီး နောက်ပိုင်းတွင် သူတို့၏ငါးဖမ်းဆွဲသင်္ဘောပျက်ပြီး မြန်မာရေပိုင်နက်အတွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများကဖော်ပြသည်။
နောက်ပိုင်းတွင် သူတို့ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး နယ်ခြားစောင့်စခန်းတွင်ထိန်းသိမ်း ထားသည်ဟု တက်ကနက်ဖ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အမှတ် ၂ တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးပြီး ဖွိုင်ဆယ် ဟာဆန်ကပြောသည်။
လက်ရှိတွင် သူတို့အားလုံးကို ထိန်းသိမ်းထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသွားအလာကန့် သတ်စောင့်ကြည့်ထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကထုတ်ပြန်သည်။
အဖမ်းခံရသူများမှာအသက် ၁၁ နှစ်မှ ၄၆ နှစ်အတွင်းရှိသူများဖြစ်သည်။
Ref : Myanmar returns 9 Bangladeshi fishermen

Share this post