• Follow Us on

Home ျမန္မာႏိုင္ငံမွထိုင္းလုပ္သား ၁၅၀ ခန္႔ ထိုင္းျပန္ရန္ခြင့္ေတာင္းေနဟု ထိုင္းက်န္းမာေရး၀န္ႀကီးဌာနေျပာ

ျမန္မာႏိုင္ငံမွထိုင္းလုပ္သား ၁၅၀ ခန္႔ ထိုင္းျပန္ရန္ခြင့္ေတာင္းေနဟု ထိုင္းက်န္းမာေရး၀န္ႀကီးဌာနေျပာ

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၄
ထိုင္း-ျမန္မာနယ္စပ္႐ွိ ျမန္မာႏိုင္ငံပိုင္တာခ်ီလိတ္မွထိုင္းလုပ္သား ၁၅၀ ခန္႔က ခ်င္းမိုင္မွတဆင့္ေနရပ္ျပန္ရန္ ခြင့္ေတာင္းေနသည္ဟု ထိုင္းေရာဂါထိန္းခ်ဳပ္ေရးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္က ၾကာသပေတးေန႔တြင္ေျပာသည္။
ထိုင္းႏိုင္ငံသို႔တာခ်ီလိတ္မွတရားမ၀င္၀င္ေရာက္ကာ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာျဖစ္လာသည့္ အမ်ိဳးသမီးမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားကို က်န္းမာေရးအရာ႐ွိမ်ားက ေျခရာခံေနခ်ိန္တြင္ ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။
အမ်ိဳးသမီးမ်ားႏွင့္ထိေတြ႕ခဲ့သည့္ ခ်င္း႐ိုင္ခ႐ိုင္မွအမ်ိဳးသားတေယာက္လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထား ရေၾကာင္း အတည္ျပဳသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္းအတည္ျပဳခံထားရသည့္အမ်ိဳးသမီး ၁၀ ေယာက္သည္ တရားမ၀င္နယ္စပ္ ျဖတ္ေက်ာ္လာသည္ဟု သံသယ႐ွိေနသည္။
အမ်ိဳးသမီးအမ်ားစုသည္ တာခ်ီလိတ္႐ွိ 1G1 ဟိုတယ္တြင္အလုပ္လုပ္ၾကၿပီး ထိုဟိုတယ္တြင္ ထိုင္းႏိုင္ငံသား ၁၈၀ ခန္႔အလုပ္လုပ္ၾကသည္ဟု ေန႐ွင္းထိုင္းလန္းသတင္းစာကေဖာ္ျပသည္။
Ref : 150 Thai workers ask to be allowed home from Myanmar’s virus-hit Tachilek
#PeopleMedia
(unicode)
မြန်မာနိုင်ငံမှထိုင်းလုပ်သား ၁၅၀ ခန့် ထိုင်းပြန်ရန်ခွင့်တောင်းနေဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနပြော
………………………………………………..
ဘန်ကောက်၊ ဒီဇင်ဘာ ၄
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံပိုင်တာချီလိတ်မှထိုင်းလုပ်သား ၁၅၀ ခန့်က ချင်းမိုင်မှတဆင့်နေရပ်ပြန်ရန် ခွင့်တောင်းနေသည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ်က ကြာသပတေးနေ့တွင်ပြောသည်။
ထိုင်းနိုင်ငံသို့တာချီလိတ်မှတရားမဝင်ဝင်ရောက်ကာ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာဖြစ်လာသည့် အမျိုးသမီးများနှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေးအရာရှိများက ခြေရာခံနေချိန်တွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးများနှင့်ထိတွေ့ခဲ့သည့် ချင်းရိုင်ခရိုင်မှအမျိုးသားတယောက်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရကြောင်း အတည်ပြုသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းအတည်ပြုခံထားရသည့်အမျိုးသမီး ၁၀ ယောက်သည် တရားမဝင်နယ်စပ် ဖြတ်ကျော်လာသည်ဟု သံသယရှိနေသည်။
အမျိုးသမီးအများစုသည် တာချီလိတ်ရှိ 1G1 ဟိုတယ်တွင်အလုပ်လုပ်ကြပြီး ထိုဟိုတယ်တွင် ထိုင်းနိုင်ငံသား ၁၈၀ ခန့်အလုပ်လုပ်ကြသည်ဟု နေရှင်းထိုင်းလန်းသတင်းစာကဖော်ပြသည်။
Ref : 150 Thai workers ask to be allowed home from Myanmar’s virus-hit Tachilek
#PeopleMedia


Share this post