• Follow Us on

Home ျမန္မာႏိုင္ငံမွျပန္လာၿပီး အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈမခံယူထားသူ ၃ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူး စက္ခံထားရေၾကာင္းေတြ႕႐ွိၿပီးေနာက္ ခ်င္းမိုင္ကို အလံုပိတ္ကန္႔သတ္မႈလုပ္မည္မဟုတ္ဟုဆို

ျမန္မာႏိုင္ငံမွျပန္လာၿပီး အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈမခံယူထားသူ ၃ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူး စက္ခံထားရေၾကာင္းေတြ႕႐ွိၿပီးေနာက္ ခ်င္းမိုင္ကို အလံုပိတ္ကန္႔သတ္မႈလုပ္မည္မဟုတ္ဟုဆို

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၁ (People Media)

ျမန္မာႏိုင္ငံမွျပန္လာသူအမ်ိဳးသမီးတေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳၿပီးေနာက္ ခ်င္းမိုင္ကိုအလံုပိတ္ကန္႔သတ္မႈ(ေလာ့ေဒါင္း)ျပဳလုပ္မည္ဆိုသည့္အခ်က္မဟုတ္ေသးေၾကာင္း ထိုင္းျပည္သူ႔ က်န္းမာေရး၀န္ႀကီးဌာနကေျပာသည္။

ခ်င္းမိုင္မွလူအမ်ားစု ေန႔စဥ္ ႏွာေခါင္းစည္း၀တ္ဆင္ေနၾကသျဖင့္ ကို႐ိုနာဗိုင္းရပ္စ္အႀကီးအက်ယ္ကူးစက္မႈ ျဖစ္ႏိုင္ေခ်မ႐ွိေသးေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ အိုပါ့ ကာကာ၀င္ ေပါင္ကေျပာသည္။

အေျခအေနကို ၁၄ ရက္ေစာင့္ၾကည့္သြားမည္ဟုလည္းေျပာသည္။

ျမန္မာႏိုင္ငံတြင္အလုပ္လုပ္ၿပီး ထိုင္းႏိုင္ငံျပန္လာခ်ိန္တြင္ အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈ(ကြာရန္တင္း) မခံယူဘဲ ခ်င္းမိုင္တြင္ ၂ ရက္ၾကာေနထိုင္ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္းအတည္ျပဳႏိုင္သည့္ အသက္ ၂၉ ႏွစ္အ႐ြယ္အမ်ိဳးသမီးႏွင့္ ထိေတြ႕သူ ၃၂၈ ေယာက္တြင္ ၁၀၇ ေယာက္ကို ကူးစက္ႏိုင္ေခ်မ်ား သည္ဟုသတ္မွတ္ထားသည္။

သူတို႔အနက္ ၆၅ ေယာက္တြင္ ကူးစက္မႈမ႐ွိဟု အေျဖထြက္ထားသည္။

ခ်င္း႐ိုင္တြင္ အသက္ ၂၃ ႏွင့္ ၂၆ ႏွစ္႐ွိ အမ်ိဳးသမီး ၂ ေယာက္ တာခ်ီလိတ္မွတဆင့္ မယ္ဆိုင္ၿမိဳ႕သို႔ ည အေမွာင္ခိုၿပီး တရားမ၀င္၀င္ေရာက္လာျခင္းကို ျပည္သူ႔က်န္းမာေရးအႀကီးအကဲ ေဒါက္တာ သိုဆာသက္ ဘြန္ေသာင္က အေသးစိတ္႐ွင္းျပသည္။

ထို ၂ ေယာက္သည္လည္း ခ်င္းမိုင္တြင္အတည္ျပဳလူနာျဖစ္သည့္အမ်ိဳးသမီးႏွင့္ ေဖ်ာ္ေျဖေရးခန္းမတခုတြင္ အတူတူအလုပ္လုပ္သည္။

ၿပီးခဲ့သည့္လတြင္ ျမန္မာနယ္စပ္ၿမိဳ႕တြင္အလုပ္လုပ္ရန္ ထို ၃ ေယာက္ထြက္လာခဲ့ၿပီး ျပည္တြင္းကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ညသန္းေခါင္မွမနက္ ၄ နာရီအထိ ညမထြက္ရအမိန္႔ထုတ္ျပန္ခဲ့သည့္ေနာက္ပိုင္း ထိုင္းသို႔ျပန္လာ ခဲ့သည္။

လုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသမီးကူးစက္ခံရသည္ဟုၾကားရၿပီးေနာက္ ခ်င္း႐ိုင္မွေဆး႐ံုတြင္ အသက္ ၂၆ ႏွစ္အ ႐ြယ္အမ်ိဳးသမီးက ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈခံယူခဲ့ၿပီး တနဂၤေႏြေန႔တြင္ ကူးစက္ေၾကာင္းအတည္ျပဳခဲ့သည္။

မယ္ဆိုင္တြင္႐ွိေနသည့္အသက္ ၂၃ ႏွစ္အ႐ြယ္အမ်ိဳးသမီးကိုလည္း စစ္ေဆးရန္ၫႊန္ၾကားခဲ့ၿပီး တနလၤာေန႔ ညသန္းေခါင္တြင္ ကူးစက္ခံရေၾကာင္းအေျဖထြက္ခဲ့သည္။

Ref : Health chiefs play down Chiang Mai lockdown talk

#PeopleMedia

(unicode)
မြန်မာနိုင်ငံမှပြန်လာပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှုမခံယူထားသူ ၃ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရကြောင်းတွေ့ရှိပြီးနောက် ချင်းမိုင်ကို အလုံပိတ်ကန့်သတ်မှုလုပ်မည်မဟုတ်ဟုဆို
………………………………………………

ဘန်ကောက်၊ ဒီဇင်ဘာ ၁ (People Media)

မြန်မာနိုင်ငံမှပြန်လာသူအမျိုးသမီးတယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ချင်းမိုင်ကိုအလုံပိတ်ကန့်သတ်မှု(လော့ဒေါင်း)ပြုလုပ်မည်ဆိုသည့်အချက်မဟုတ်သေးကြောင်း ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

ချင်းမိုင်မှလူအများစု နေ့စဉ် နှာခေါင်းစည်းဝတ်ဆင်နေကြသဖြင့် ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်ကူးစက်မှု ဖြစ်နိုင်ချေမရှိသေးကြောင်း ရောဂါထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အိုပါ့ ကာကာဝင် ပေါင်ကပြောသည်။

အခြေအနေကို ၁၄ ရက်စောင့်ကြည့်သွားမည်ဟုလည်းပြောသည်။

မြန်မာနိုင်ငံတွင်အလုပ်လုပ်ပြီး ထိုင်းနိုင်ငံပြန်လာချိန်တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု(ကွာရန်တင်း) မခံယူဘဲ ချင်းမိုင်တွင် ၂ ရက်ကြာနေထိုင်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းအတည်ပြုနိုင်သည့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးနှင့် ထိတွေ့သူ ၃၂၈ ယောက်တွင် ၁၀၇ ယောက်ကို ကူးစက်နိုင်ချေများ သည်ဟုသတ်မှတ်ထားသည်။

သူတို့အနက် ၆၅ ယောက်တွင် ကူးစက်မှုမရှိဟု အဖြေထွက်ထားသည်။

ချင်းရိုင်တွင် အသက် ၂၃ နှင့် ၂၆ နှစ်ရှိ အမျိုးသမီး ၂ ယောက် တာချီလိတ်မှတဆင့် မယ်ဆိုင်မြို့သို့ ည အမှောင်ခိုပြီး တရားမဝင်ဝင်ရောက်လာခြင်းကို ပြည်သူ့ကျန်းမာရေးအကြီးအကဲ ဒေါက်တာ သိုဆာသက် ဘွန်သောင်က အသေးစိတ်ရှင်းပြသည်။

ထို ၂ ယောက်သည်လည်း ချင်းမိုင်တွင်အတည်ပြုလူနာဖြစ်သည့်အမျိုးသမီးနှင့် ဖျော်ဖြေရေးခန်းမတခုတွင် အတူတူအလုပ်လုပ်သည်။

ပြီးခဲ့သည့်လတွင် မြန်မာနယ်စပ်မြို့တွင်အလုပ်လုပ်ရန် ထို ၃ ယောက်ထွက်လာခဲ့ပြီး ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်ရန် ညသန်းခေါင်မှမနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့်နောက်ပိုင်း ထိုင်းသို့ပြန်လာ ခဲ့သည်။

လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကူးစက်ခံရသည်ဟုကြားရပြီးနောက် ချင်းရိုင်မှဆေးရုံတွင် အသက် ၂၆ နှစ်အ ရွယ်အမျိုးသမီးက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုခံယူခဲ့ပြီး တနင်္ဂနွေနေ့တွင် ကူးစက်ကြောင်းအတည်ပြုခဲ့သည်။

မယ်ဆိုင်တွင်ရှိနေသည့်အသက် ၂၃ နှစ်အရွယ်အမျိုးသမီးကိုလည်း စစ်ဆေးရန်ညွှန်ကြားခဲ့ပြီး တနင်္လာနေ့ ညသန်းခေါင်တွင် ကူးစက်ခံရကြောင်းအဖြေထွက်ခဲ့သည်။

Ref : Health chiefs play down Chiang Mai lockdown talk

#PeopleMedia


Share this post