• Follow Us on

Home မြန်မာနိုင်ငံမှ ထိုင်းသို့ လူကုန်မှုများကို မတားဆီးနိုင်ဟုဆိုကာ ခရိုင်အုပ်ချုပ်ရေးမှူးကို ထိုင်းတက်ကြွလှုပ်ရှားသူ ရှေ့နေတိုင်ချက်ဖွင့်

မြန်မာနိုင်ငံမှ ထိုင်းသို့ လူကုန်မှုများကို မတားဆီးနိုင်ဟုဆိုကာ ခရိုင်အုပ်ချုပ်ရေးမှူးကို ထိုင်းတက်ကြွလှုပ်ရှားသူ ရှေ့နေတိုင်ချက်ဖွင့်

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၅

ကန်ချာနာဘူရီခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့သည် မြန်မာနိုင်ငံမှလူကုန်ကူးမှုများကိုမဖြိုခွင်းနိုင်ဘဲ တာဝန်ပျက်ကွက်သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူရှေ့နေ အချာရီယာ ရွမ်ဂရတ်တာနာပေါင်က တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ထံတိုင်ချက်ဖွင့်ခဲ့သည်။

လူမှောင်ခိုကူးသည့်အဖွဲ့များနောက်ကွယ်မှကြိုးကိုင်သူများနှင့် အရာရှိများအသိုက်အဝန်းအတွင်း အကျင့် ပျက်ခြစားမှုများနှင့်ပတ်သက်သည့်အချက်အလက်များကိုတင်သွင်းလိုသည်ဟုပြောသော သက်သေများ ၏အမည်များကိုလည်း မှုခင်းသားကောင်များကူညီရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ အချာရီယာက တင်သွင်းခဲ့သည်။

ထိုလူမှောင်ခိုဂိုဏ်းနှင့်ဆာမွတ်ဆာခွန်ခရိုင်မှရွှေ့ပြောင်းလုပ်သားများကြား ဆက်နွယ်မှုရှိကြောင်း၊ ကန်ချာ နာဘူရီခရိုင်နယ်စပ်ကို တရားမဝင်ရွှေ့ပြောင်းလုပ်သားအများအပြားဖြတ်သန်းသွားသည့် မှတ်တမ်း များရှိကြောင်းလည်း မစ္စတာ အချာရီယာက မီဒီယာများကိုပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ရှိဆန်ခလာဘူရီမြို့မှရဲမှူးနှင့်အခြားရဲအရာရှိများကို တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။

လူမှောင်ခိုဂိုဏ်းသည် အလွန်အင်အားကောင်းပြီး လျှို့ဝှက်ကောင်စီဝင်တယောက်နှင့် နာမည်ကြီးနိုင်ငံရေး သမားတယောက်တို့လည်း ပါဝင်နေကြောင်းပြောသော်လည်း နာမည်ထုတ်မပြောခဲ့ချေ။

Ref : Governor faces police complaint

#PeopleMedia

(unicode)
……………………………………………..







Ref : Governor faces police complaint

#PeopleMedia


Share this post