• Follow Us on
Latest News

Home ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အမွတ္ (၃၀) လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ား ဒုတိယအႀကိမ္ေျမာက္ စုေပါင္းေသြး လွဴဒါန္းပြဲက်င္းပျပဳလုပ္

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အမွတ္ (၃၀) လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ား ဒုတိယအႀကိမ္ေျမာက္ စုေပါင္းေသြး လွဴဒါန္းပြဲက်င္းပျပဳလုပ္

Share this post

ျမစ္ႀကီးနား၊ ဩဂုတ္ ၂၆

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ကုတင္ (၅၀၀)ဆံ့ အေထြေထြေရာဂါကုျပည္သူ့ေဆး႐ုံႀကီးတြင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အမွတ္(၃၀)လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဒုတိယအႀကိမ္စုေပါင္းေသြးလွဴဒါန္းပြဲကို ဩဂုတ္ ၂၆ ရက္ နံနက္ ၉ နာရီက ျပည္သူ့ေဆး႐ုံႀကီးရွိ ေသြးလွဴဘဏ္တြင္ က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ ေသြးလွဴဒါန္းပြဲသို႔ ကုတင္ (၅၀၀)ဆံ့ အေထြေထြေရာဂါကုျပည္သူ့ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဦးတင္လွ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အမွတ္(၃၀)လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲမွ ဒုတိယရဲမွဴးႀကီး လွေအးႏွင့္ ဌာနဆိုင္ရာ အလွဴရွင္မ်ား တက္ေရာက္ကာ ေသြးလွဴဒါန္းသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား အဟာရျပည့္ စား ေသာက္ဖြယ္ရာမ်ား ေပးအပ္လွဴဒါန္းခဲ့သည္။

ထို႔ေနာက္ ကုတင္(၅၀၀)ဆံ့အေထြေထြေရာဂါကု ျပည္သူ့ ေဆး႐ုံ ႀကီးမွ တာဝန္က်က်န္းမာေရး ဆရာမမ်ားက COVID 19 ေရာဂါျဖစ္ပြားခ်ိန္ျဖစ္ေသာေၾကာင့္ အပူခ်ိန္တိုင္းတာ ေပးျခင္း၊ ေသြးေပါင္ခ်ိန္တိုင္းတာျခင္း၊ ေသြးေဖာက္စစ္ျခင္း စသည့္ က်န္းမာေရးေစာင့္ေရွာက္မွ မ်ားေဆာင္ရြက္ေပးၿပီး COVID 19 ေရာဂါျဖစ္ပြား ခ်ိန္ကာလအတြင္း ေဆး႐ုံႀကီးတြင္ ေသြးမ်ား လိုအပ္ေနသည့္အတြက္ အမွတ္(၃၀)လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲမွ ဒုတိယရဲမွဴးႀကီး လွေအးဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္(၃၅)ဦးႏွင့္ မွီခိုရဲေမ(၅)ဦး စုစုေပါင္းအင္အား (၄၀)ဦးမွ ေသြးအိတ္စုစုေပါင္း (၄၀)လုံးခန္႔ အားလွဴဒါန္ခဲ့ၿပီး အမွတ္ (၃၀)လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲမွ ဒုတိယရဲမွဴးႀကီး လွေအးမွ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ရာ အလွဴရွင္မ်ားကိုယ္စား လွဴရွင္တစ္ဦးမွ လက္ခံရယူခဲ့သည္။

အခမ္းအနားသို႔ အမွတ္(၃၀) လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲမွ ဒုတိယရဲမွဴးႀကီး လွေအးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မွီခိုသူရဲ ေမမ်ား၊ ကုတင္(၅၀၀)ဆံ့အေထြေထြေရာဂါကုျပည္သူ့ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဦးတင္လွ၊ က်န္းမာေရးဆရာ/မမ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ ၾကက္ေျခနီသူနာျပဳအဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

လူေမာ္

#PeopleMedia #ျမစ္ႀကီးနား #ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕

(unicode)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ဒုတိယအကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကျင်းပပြုလုပ်
……………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် ဒုတိယအကြိမ်စုပေါင်းသွေးလှူဒါန်းပွဲကို ဩဂုတ် ၂၆ ရက် နံနက် ၉ နာရီက ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင်လှ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး လှအေးနှင့် ဌာနဆိုင်ရာ အလှူရှင်များ တက်ရောက်ကာ သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအား အဟာရပြည့် စား သောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံ ကြီးမှ တာဝန်ကျကျန်းမာရေး ဆရာမများက COVID 19 ရောဂါဖြစ်ပွားချိန်ဖြစ်သောကြောင့် အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးဖောက်စစ်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှ များဆောင်ရွက်ပေးပြီး COVID 19 ရောဂါဖြစ်ပွား ချိန်ကာလအတွင်း ဆေးရုံကြီးတွင် သွေးများ လိုအပ်နေသည့်အတွက် အမှတ်(၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး လှအေးဦးစီးသည့် ရဲတပ်ဖွဲ့ဝင်(၃၅)ဦးနှင့် မှီခိုရဲမေ(၅)ဦး စုစုပေါင်းအင်အား (၄၀)ဦးမှ သွေးအိတ်စုစုပေါင်း (၄၀)လုံးခန့် အားလှူဒါန်ခဲ့ပြီး အမှတ် (၃၀)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး လှအေးမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ အလှူရှင်များကိုယ်စား လှူရှင်တစ်ဦးမှ လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ အမှတ်(၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး လှအေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မှီခိုသူရဲ မေများ၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင်လှ၊ ကျန်းမာရေးဆရာ/မများ၊ လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမော်

#PeopleMedia #မြစ်ကြီးနား #မြန်မာနိုင်ငံရဲတပ်ဖွဲ့


Share this post