• Follow Us on

Home ျမန္မာႏိုင္ငံသား ၂ ေယာက္အပါအ၀င္ ဝူဟန္ၿမိဳ႕က လူ ၁၁၂ ေယာက္ကို အိႏၵိယေလတပ္ကယ္ထုတ္

ျမန္မာႏိုင္ငံသား ၂ ေယာက္အပါအ၀င္ ဝူဟန္ၿမိဳ႕က လူ ၁၁၂ ေယာက္ကို အိႏၵိယေလတပ္ကယ္ထုတ္

Share this post

နယူးေဒလီ၊ ေဖေဖာ္ဝါရီ – ၂၇

ျမန္မာႏိုင္ငံသား ၂ ေယာက္အပါအ၀င္ ဝူဟန္ၿမိဳ႕က လူ ၁၁၂ ေယာက္ကို သယ္ေဆာင္လာတဲ့ အိႏိၵယေလတပ္ အထူးေလယာဥ္ဟာ နယူးေဒလီၿမိဳ႕ကို ၾကာသပေတးေန႔မနက္ပိုင္းမွာ ဆိုက္ေရာက္ခဲ့ပါတယ္။

လက္႐ွိ ကမာၻအႏွံ႔ျပန္႔ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 စျပန္႔ခဲ့တဲ့ဝူဟန္ၿမိဳ႕ကေန အိႏၵိယႏိုင္ငံသား ၇၆ ေယာက္နဲ႔ တျခားႏိုင္ငံသား ၃၆ ေယာက္ကို ကယ္ထုတ္ခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံသာ ၂ ေယာက္ပါ၀င္လာတာ ပါ။

C-17 သယ္ပို႔ေလယာဥ္နဲ႔ အိႏၵိယေလတပ္က ဝူဟန္ကို ေဆးဝါးအေထာက္အပံ့ ၁၅ တန္ေပးခဲ့ၿပီးတဲ့ေနာက္ အဲဒီ ေလယာဥ္နဲ႔ပဲ လူေတြကိုျပန္ကယ္ထုတ္လာတာပါ။ ေလယာဥ္ေပၚမွာ အိႏၵိယႏိုင္ငံသား ၇၆ ေယာက္၊ ျမန္မာ ႏိုင္ငံသား ၂ ေယာက္၊ တ႐ုတ္ႏိုင္ငံက ၆ ေယာက္၊ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ၂၃ ေယာက္၊ ေမာ္ဒိုက္ႏိုင္ငံက ၂ ေယာက္၊ ေတာင္အာဖရိက၊ အေမရိကန္နဲ႔ မက္ဒါဂါစကာက ၁ ေယာက္စီကို ျပန္ေခၚလာတာပါ။

ေလယာဥ္ေပၚက တ႐ုတ္ႏိုင္ငံသားေတြဟာ အိႏၵိယႏိုင္ငံသားေတြရဲ႕အိမ္ေထာင္ဖက္ေတြျဖစ္ပါတယ္။ ကယ္လာ သူေတြ အားလံုးကို ေဒလီၿမိဳ႕မွာ႐ွိတဲ့ ခၽြာလာ ITBP ေရာဂါသီးသန္႔ေစာင့္ၾကည့္ေရးေဆး႐ံုမွာ သီးသန္႔ေစာင့္ ေ႐ွာက္ထားမွာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္နဲ႔ ၂ ရက္တို႔ကလည္း အိႏၵိယေလတပ္ရဲ႕အထူးေလေၾကာင္းခရီးစဥ္နဲ႔ ေက်ာင္းသားအမ်ားစု ပါ၀င္တဲ့အိႏၵိယႏိုင္ငံသား ၆၄၇ ေယာက္နဲ႔ ေမာ္ဒိုက္ႏိုင္ငံသား ၇ ေယာက္တို႔ကို ကယ္ထုတ္ခဲ့ပါတယ္။

Source – IAF evacuates 112 from coronavirus-hit Wuhan; Air India repatriates Indian crew from cruise ship

#PeopleMedia #Wuhan #COVID19 #Myanmar #IAF

(Unicode)
မြန်မာနိုင်ငံသား ၂ ယောက်အပါအဝင် ဝူဟန်မြို့က လူ ၁၁၂ ယောက်ကို အိန္ဒိယလေတပ်ကယ်ထုတ်
………………………………………………………

နယူးဒေလီ၊ ဖေဖော်ဝါရီ – ၂၇

မြန်မာနိုင်ငံသား ၂ ယောက်အပါအဝင် ဝူဟန်မြို့က လူ ၁၁၂ ယောက်ကို သယ်ဆောင်လာတဲ့ အိန္ဒိယလေတပ် အထူးလေယာဉ်ဟာ နယူးဒေလီမြို့ကို ကြာသပတေးနေ့မနက်ပိုင်းမှာ ဆိုက်ရောက်ခဲ့ပါတယ်။

လက်ရှိ ကမ္ဘာအနှံ့ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 စပြန့်ခဲ့တဲ့ဝူဟန်မြို့ကနေ အိန္ဒိယနိုင်ငံသား ၇၆ ယောက်နဲ့ တခြားနိုင်ငံသား ၃၆ ယောက်ကို ကယ်ထုတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသာ ၂ ယောက်ပါဝင်လာတာ ပါ။

C-17 သယ်ပို့လေယာဉ်နဲ့ အိန္ဒိယလေတပ်က ဝူဟန်ကို ဆေးဝါးအထောက်အပံ့ ၁၅ တန်ပေးခဲ့ပြီးတဲ့နောက် အဲဒီ လေယာဉ်နဲ့ပဲ လူတွေကိုပြန်ကယ်ထုတ်လာတာပါ။ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၇၆ ယောက်၊ မြန်မာ နိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံက ၆ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၃ ယောက်၊ မော်ဒိုက်နိုင်ငံက ၂ ယောက်၊ တောင်အာဖရိက၊ အမေရိကန်နဲ့ မက်ဒါဂါစကာက ၁ ယောက်စီကို ပြန်ခေါ်လာတာပါ။

လေယာဉ်ပေါ်က တရုတ်နိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံသားတွေရဲ့အိမ်ထောင်ဖက်တွေဖြစ်ပါတယ်။ ကယ်လာ သူတွေ အားလုံးကို ဒေလီမြို့မှာရှိတဲ့ ချွာလာ ITBP ရောဂါသီးသန့်စောင့်ကြည့်ရေးဆေးရုံမှာ သီးသန့်စောင့် ရှောက်ထားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်တို့ကလည်း အိန္ဒိယလေတပ်ရဲ့အထူးလေကြောင်းခရီးစဉ်နဲ့ ကျောင်းသားအများစု ပါဝင်တဲ့အိန္ဒိယနိုင်ငံသား ၆၄၇ ယောက်နဲ့ မော်ဒိုက်နိုင်ငံသား ၇ ယောက်တို့ကို ကယ်ထုတ်ခဲ့ပါတယ်။

Source – IAF evacuates 112 from coronavirus-hit Wuhan; Air India repatriates Indian crew from cruise ship

#PeopleMedia #Wuhan #COVID19 #Myanmar #IAF


Share this post