• Follow Us on

Home မြန်မာနိုင်ငံသို့ပြန်ခေါ်ရမည့် ဘင်္ဂါလီ ၂၃၀၀၀၀ စာရင်း ဘင်္ဂလားဒေ့ရှ်လွှဲပြောင်းပေး

မြန်မာနိုင်ငံသို့ပြန်ခေါ်ရမည့် ဘင်္ဂါလီ ၂၃၀၀၀၀ စာရင်း ဘင်္ဂလားဒေ့ရှ်လွှဲပြောင်းပေး

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အမိမြေရခိုင်ပြည်နယ်သို့ပြန်ရမည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၂၃၀၀၀၀ ၏ စာရင်းကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံထံလွှဲပြောင်းပေးသည်။
 
တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးထံ ထိုစာရင်းပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာဌာနညွှန်ကြားရေးမှူးချုပ် ဒီဝါ ဟူစိန်က အင်္ဂါနေ့တွင်ပြောသည်။
 
ယခင်တကြိမ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံထံသို့ ဘင်္ဂါလီ ၈၃၀၀၀၀ စာရင်းပေးပို့ခဲ့ပြီး မြန်မာ ဘက်က ၄၂၀၀၀ ကိုသာအတည်ပြုကာ နေရပ်ပြန်ရေးလုပ်ငန်းများလည်း မစတင်ရသေးချေ။
 
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့သည်။
 
နောက်ပိုင်းတွင် ဘင်္ဂါလီများနေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သဘောတူညီချက်လက်မှတ်ရေးထိုး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံသားအခွင့်အရေးမရဘဲမပြန်ဟု ဒုက္ခသည်များကငြင်းဆိုသဖြင့် လုပ်ငန်း စဉ်ကို ၂ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့သည်။
 
ရခိုင်ပြည်နယ်တွင် အင်အားသုံးဖြစ်စဉ်များဆက်ဖြစ်နေသဖြင့် မြန်မာနိုင်ငံသည် ဒုက္ခသည်များကို ဘေးကင်း လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့စွာနေရပ်ပြန်ခေါ်ရန် ဆန္ဒမရှိဟု ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ ကိုစွပ်စွဲထားသည်။
 
Ref : Bangladesh hands Myanmar list of 230,000 more Rohingya refugees for repatriation
 
#PeopleMedia #ဘဂၤါလီ
 
(unicode)
…………………………………………….
 
 
 
 
 
 
 
 
Ref : Bangladesh hands Myanmar list of 230,000 more Rohingya refugees for repatriation
 
#PeopleMedia #ဘငျ်ဂါလီ

Share this post