• Follow Us on

Home မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာသော ရုရှားရေတပ်မှ ဂရမ်မီယာရှီကော်ဗတ်စစ်သင်္ဘော ၌ တပ်ဆင်ထားသည့်လက်နက်များ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာသော ရုရှားရေတပ်မှ ဂရမ်မီယာရှီကော်ဗတ်စစ်သင်္ဘော ၌ တပ်ဆင်ထားသည့်လက်နက်များ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁ (People Media)

 

တန်ချိန် ၂၅၀၀ ရှိ ဂရမ်မီယာရှီကော်ဗတ်စစ်သင်္ဘောသည် ပဲ့ထိန်းဒုံးကျည်တပ်စစ်သင်္ဘောတစ်စင်းဖြစ်ပြီး အဆို ပါသင်္ဘောတွင် ၁၀၀ မမ ရေတပ်စက်အမြောက်တစ်လက်၊ 3M22 Zircon ဟိုက်ပါဆောနစ်သင်္ဘောတိုက်ဖျက် ရေးခရုစ်ဒုံးကျည် ၈ စင်း၊ ဒေါင်လိုက်ပစ်ခတ်ရသော Redut ဒုံးကျည် ၁၆ စင်း၊ ၃၀ မမ AK-630M CIWS စက် သေနတ် ၂ လက်၊ Paket-NK ၃၂၄ မမ တော်ပီဒိုပစ်စင် ၂ ခု၊ ၁၄.၅ မမ MTPU ဆုံလည်စက်သေနတ် ၂ လက် တပ်ဆင်ထားကြောင်းသိရသည်။

 

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်အလည်အပတ်ရောက်ရှိလာသော ရုရှားရေတပ်မှ ဂရမ်မီယာရှီအမည် ရှိ ကော်ဗတ်စစ်သင်္ဘောသည် အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက် ခွာသွားခဲ့သည်။

 

ရုရှားကော်ဗတ်စစ်သင်္ဘော ဂရမ်မီယာရှီသည် ရုရှားရေတပ်ဒုတိယကာကွယ်ရေးဦးစီးချုပ် ရေတပ်ဒုတိယဗိုလ် ချုပ်ကြီး ဗလာဒီမာအက်ကိုဗေးကဆက်ဒိုနာဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေထိုင်သွားခဲ့သည်။

 

ရုရှားရေတပ် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားရေယာဉ်ဂရမ်မီယာရှီပေါ်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

 

ရုရှားရေတပ်တွင် ဂရမ်မီယာရှီအဆင့် ကော်ဗတ်စစ်သင်္ဘော ၆ စင်းတည်ဆောက်ရန် စီစဉ်ထားပြီး လက်ရှိအ ချိန်တွင် ၂ စင်းတည်ဆောက်ပြီးစီးပြီဖြစ်ပြီး ၁ စင်း တပ်မတော်ဝင်ပြီးဖြစ်သည်။

 

 

ရုရှားရေတပ်မှ ဂရမ်မီယာရှီ ကော်ဗတ်စစ်သင်္ဘောကို စတီရီဂတ်ရှိုင်းအမျိုးအစားကော်ဗတ်စစ်င်္ဘောကို အစား ထိုးရန်အတွက် ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ဂရမ်မီယာရှီ ကော်ဗတ်စစ်သင်္ဘောသည် ၂၀၁၉ ခုနှစ် ဧပြီလတွင် စစ်ရေးလေ့ကျင့်မှု စမ်းသပ်ပြုလုပ်ခဲ့သည်။

 

ဂရမ်မီယာရှီကော်ဗတ်စစ်သင်္ဘောတွင် 3M22 Zircon ဟိုက်ပါဆောနစ်သင်္ဘောတိုက်ဖျက်ရေး ခရုစ်ဒုံးကျည်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်  ကြေညာခဲ့သည်။ ဂရမ်မီယာရှီကော်ဗတ်စစ်သင်္ဘောသည် ၂၀၂၀ ပြည့်နှစ်တွင် တပ်တော်ဝင်ခဲ့သည်။

 

Ref: Russian Navy Warship on friendly voyage left Yangon

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 

 


 


 

Ref: Russian Navy Warship on friendly voyage left Yangon

 

#PeopleMedia


Share this post