• Follow Us on

Home ျမန္မာႏိုင္ငံသို႔ ဘဂၤါလီမ်ားေနရပ္ျပန္ေရးၾကန္႔ၾကာမႈအေပၚ တ႐ုတ္ႏိုင္ငံစိုးရိမ္ေန

ျမန္မာႏိုင္ငံသို႔ ဘဂၤါလီမ်ားေနရပ္ျပန္ေရးၾကန္႔ၾကာမႈအေပၚ တ႐ုတ္ႏိုင္ငံစိုးရိမ္ေန

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၂

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ရခိုင္ျပည္နယ္မွေနရပ္သို႔ျပန္မည့္လုပ္ငန္းစဥ္မ်ား အထမေျမာက္ ေသးသည့္အတြက္ စိုးရိမ္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး လီဂ်င္မင္းက တနဂၤေႏြေန႔ တြင္ေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္ႏွင့္ ေတြ႔ဆံုရာတြင္ေျပာျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံသို႔ ဘဂၤါလီမ်ား ျမန္ဆန္၊ ေရ႐ွည္တည္တံ့သည့္ေနရပ္ျပန္မႈျဖစ္ႏိုင္ေစရန္ တ႐ုတအစိုးရေထာက္ပံ့ ေပးေရး မိုမန္ကေတာင္းဆိုသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ေကာ့က္စ္ဘဇား႐ွိဒုကၡသည္စခန္းမ်ားတြင္ ဂိုဏ္မ်ားနယ္ေျမစိုးမိုးေရးတိုက္ပြဲမ်ား ေၾကာင့္ ဘဂၤါလီမ်ားႏွင့္ေဒသခံ ၈ ေယာက္ေသဆံုးခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ဘဂၤါလီမ်ားမျပန္ပါက သူတို႔သည္ ေဒသလံုၿခံဳေရးအတြက္ ၿခိမ္းေျခာက္မႈတရပ္ျဖစ္ေနမည္ဟု မိုမန္ကေျပာသည္။

မူးယစ္ကုန္ကူးရာတြင္ ဘဂၤါလီမ်ားပါ၀င္ေနသည္ဟုလည္း စြပ္စြဲမႈမ်ား႐ွိေနသည္။

ဘဂၤါလီမ်ားရခိုင္ျပည္နယ္သို႔ေနရပ္ျပန္ေရးအတြက္ အာဆီယံႏိုင္ငံမ်ား၏တက္ႂကြစြာေဆာင္႐ြက္မႈပါ၀င္လာေစ ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေတာင္းဆိုေနသည္။

၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာ ႏွင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္တို႔တြင္ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားစတင္ေသာ္လည္း အယံု အၾကည္မ႐ွိဟုဆိုကာ ဘဂၤါလီမ်ားက ျမန္မာႏုိင္ငံျပန္ရန္ျငင္းဆိုသည္။

Ref : China concerned at delay in repatriation of Rohingyas

#PeopleMedia

(unicode)
မြန်မာနိုင်ငံသို့ ဘင်္ဂါလီများနေရပ်ပြန်ရေးကြန့်ကြာမှုအပေါ် တရုတ်နိုင်ငံစိုးရိမ်နေ
………………………………………………

ဒါကာ၊ အောက်တိုဘာ ၁၂

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့်လုပ်ငန်းစဉ်များ အထမမြောက် သေးသည့်အတွက် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့ တွင်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်နှင့် တွေ့ဆုံရာတွင်ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ မြန်ဆန်၊ ရေရှည်တည်တံ့သည့်နေရပ်ပြန်မှုဖြစ်နိုင်စေရန် တရုတအစိုးရထောက်ပံ့ ပေးရေး မိုမန်ကတောင်းဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် ဂိုဏ်များနယ်မြေစိုးမိုးရေးတိုက်ပွဲများ ကြောင့် ဘင်္ဂါလီများနှင့်ဒေသခံ ၈ ယောက်သေဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဘင်္ဂါလီများမပြန်ပါက သူတို့သည် ဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေမည်ဟု မိုမန်ကပြောသည်။

မူးယစ်ကုန်ကူးရာတွင် ဘင်္ဂါလီများပါဝင်နေသည်ဟုလည်း စွပ်စွဲမှုများရှိနေသည်။

ဘင်္ဂါလီများရခိုင်ပြည်နယ်သို့နေရပ်ပြန်ရေးအတွက် အာဆီယံနိုင်ငံများ၏တက်ကြွစွာဆောင်ရွက်မှုပါဝင်လာစေ ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုနေသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ နှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်တို့တွင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်များစတင်သော်လည်း အယုံ အကြည်မရှိဟုဆိုကာ ဘင်္ဂါလီများက မြန်မာနိုင်ငံပြန်ရန်ငြင်းဆိုသည်။

Ref : China concerned at delay in repatriation of Rohingyas

#PeopleMedia


Share this post