• Follow Us on

Home မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေးပို့ပေးမည်ဟု တရုတ်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေးပို့ပေးမည်ဟု တရုတ်သံရုံးထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅ (People Media)

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားတဲ့ ကာကွယ်ဆေးများအပါအဝင် တရုတ်နိုင်ငံမှ လှူဒါန်းမည့် ကာကွယ်ဆေးများကို ယခုရက်ပိုင်းအတွင်း ပို့ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယမန်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ ၂ သန်းအပြင် တရုတ် နိုင်ငံမှလည်း အလုံးရေ ၂ သန်းကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံ ဆေးဝါးစက်ရုံများကိုလည်း မြန်မာနိုင်ငံမှ မှာယူသော ဆေးဝါးများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချရန်နှင့် အမြန်ဆုံး ကာကွယ် ဆေးများ ပို့ဆောင်ပေးနိုင်ရန်အတွက်လည်း တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှ မှာယူသော ကာကွယ်ဆေးများနဲ့ပတ်သက်၍ တရုတ်နိုင်ငံမှ ပို့ဆောင်ပေးရန်အတွက်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အထူးလမ်းကြောင်းတစ်ခုအား ဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ မှာယူသော ကိုဗစ်ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများအား ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဆေးအပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေ လိုအပ်ချက်များနှင့် ပေါင်းစပ်၍ မြန်မာနိုင်ငံအား အသက်ရှုစက်၊ အောက်စီဂျင်စက်၊ နှာခေါင်းစည်းစသည့် ကာကွယ်ရေးပစ္စည်းများကိုလည်း မြန်ဆန်စွာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

#PeopleMedia #Covid-19 #ကာကွယ်ဆေး

(unicode)
………………………………………..








Share this post