• Follow Us on

Home မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သော ကမ္ဘောဒီးယားဝန်ကြီးချုပ်ခရီးစဉ်အား ဂျပန်နိုင်ငံက ချီးကျူး

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သော ကမ္ဘောဒီးယားဝန်ကြီးချုပ်ခရီးစဉ်အား ဂျပန်နိုင်ငံက ချီးကျူး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကတည်းက ပြည်ပနိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဦးဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွန်ဆန်သွားရောက်လည်ပတ်ခြင်းအား ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ချီးကျူးလိုက်သည်။

 

ဂျပန်ဝန်ကြီးဟာယာရှီအနေဖြင့် မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက်မှုများအတွက် စိုးရိမ်နေဆဲဖြစ်သော်လည်း မြန် မာ့အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ အပြုသဘောဆောင်သော ကြိုးပမ်းအား ထုတ်မှုများကို ကြိဆိုကြောင်း ဇန်နဝါရီလ ၁၁ ရက် (အင်္ဂါနေ့) က ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆို ခွန်နှင့် တယ်လီးဖုန်းပြောကြားရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

 

မစ္စတာဟွန်ဆန်၏ ခရီးစဉ်ကြောင့် လူနည်းစုတိုင်းရင်းသားအုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများနှင့် လူ သားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရေးကိစ္စများတွင် တိုးတက်မှုများရရှိခဲ့ကြောင်း မစ္စတာ ဟာယာရှီက ပြောသည်။

 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက်မှုများရပ်ဆိုင်းရန်နှှင့် ဒီမိုကရေစီစနစ်ကိုပြန်လည်ထိန်းသိမ်း ကျင့်သုံးရန် တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၌ တရုတ်သြဇာလွှမ်းမိုးမှုကိုရင်ဆိုင်တုံ့ပြန်သည့်မဟာဗျူဟာ တစ်ရပ်အနေဖြင့်လည်းကောင်း ရောင်းဝယ်ဖောက်ကားရေးမှသည် ဘဏ်လုပ်ငန်းများအထိ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံနှင့် ရင်းနှီးနွေးထွေးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုသည့်သဘောရှိသည်။

 

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံကြား စစ်ဘက်ဆက်ဆံရေးမှာ ခိုင်မာစွာဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ အာ ဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရသော ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ဆက်ဆံရေးကို ဂျ ပန်နိုင်ငံကထောက်ခံခဲ့သော်လည်း အမေရိကန်၏မဟာမိတ်ဖြစ်သော အာဆီယံနိုင်ငံအချို့ကမူ မြန်မာနိုင်ငံ တ ရုတ်နှင့် ပိုမိုနီးစပ်သွားမည့်အရေးကြောင့် စိတ်တထင့်ထင့်ဖြစ်လျက်ရှိသည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်၏ နှစ်ရက်ကြာခရီးစဉ်သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား နေသော အာဏာသိမ်းစစ်အစိုးရကို တရားဝင်အသိအမှတ်ပြုလိုက်သလိုဖြစ်သွားမည်ဖြစ်ကြောင်း ဝေဖန်မှုများ ပျံ့နှံ့လာခဲ့သည်။

 

မြန်မာနိုင်သို့ သွားရောက်သောခရီးစဉ်သည် မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများအဆုံးသတ်နိုင် ရေးအတွက် အကူအညီအပေးရန် ရည်ရွယ်ပြီးသွားခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်တွင်းစစ်အပြီး နိုင်ငံကို ၃၆ နှစ်ကြာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခွင့်မရခဲ့ မ ရခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက စစ်အစိုးရကိုဆန့်ကျင်ရန် လှုံ့ဆော်မှုအပါအဝင် အခြား အမှုများအတွက် ယနေ့အချိန်အထိ ထောင်ဒဏ် ခြောက်နှစ် (မူရင်းသတင်းတွင် လျှော့ပေးထားသည့်ထောင် ဒဏ်နှစ်နှစ်အကြောင်းမပါ။) ချမှတ်ထားသည်။

 

ယင်းအစား မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် “နှစ်ဖက်စလုံးနိုင်မူဝါဒ” (win-win policy) ဖြင့် ငြိမ်းချမ်းမှုရအောင် ဝန်ကြီး ချုပ်ဟွန်ဆန်က ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

 

Ref: Japan praises Cambodian PM Hun Sen’s visit to Myanmar as bringing ‘progress’

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Japan praises Cambodian PM Hun Sen’s visit to Myanmar as bringing ‘progress’

 

#PeopleMedia


Share this post