• Follow Us on

Home မြန်မာနိုင်ငံအား ပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း UNICEF, WHO အဖွဲ့အစည်းများ၏ ကာကွယ်ဆေး ခွဲတန်းများ ရရှိရန် ညှိနှိုင်းပေးမည်ဟု ကုလသမဂ္ဂ ထုတ်ပြန်

မြန်မာနိုင်ငံအား ပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း UNICEF, WHO အဖွဲ့အစည်းများ၏ ကာကွယ်ဆေး ခွဲတန်းများ ရရှိရန် ညှိနှိုင်းပေးမည်ဟု ကုလသမဂ္ဂ ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀ (People Media)

 

မြန်မာနိုင်ငံအား ကန့်သတ်ပိတ်ဆို့မှုများရှိနေသော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် WHO, UNICEF စသည့် အဖွဲ့အစည်းများထံမှ မြန်မာနိုင်ငံအတွက် ခွဲတန်းများ ရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးမှ ယမန်နေ့က ထုတ်ပြန်ကြေညာပါတယ်။

 

WHO, UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ COVAX စီမံချက်အပါအဝင် နေရာပေါင်းစုံကနေ ကိုဗစ်ကာ ကွယ်ဆေးရရှိနိုင်မယ့် သူတို့ရဲ့အားထုတ်ကြိုးပမ်းမှုတွေကို နှစ်ဆမြှင့်တင်သွားမှာဖြစ်ပါတယ်။

 

WHO ရဲ့ ကာကွယ်ဆေးထိုးဦးစားပေးအစီအစဉ် လမ်းညွှန်ချက်တွေအရ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀% အတွက် COVAX စီမံချက်ကနေ ကာကွယ်ဆေးတွေ လုံလောက်စွာရရှိမယ်လို့ မျှော်လင့်ရ ပါတယ်။

 

ကာကွယ်ဆေးရဲ့ ပထမပိုင်းမှာ မြန်မာနိုင်ငံအတွက် လက်ရှိခွဲတန်းများရဖို့ ညှိနှိုင်းပေးသွားမှာဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

 

မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် တုန့်ပြန်အားထုတ်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ ကိုဗစ်ရောဂါ စစ်ဆေးနိုင်မှုသည်လည်း အကန့်အသတ်ဖြင့် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

 

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်နေ့ တစ်နေ့တည်းမှာပဲ ကူးစက်မှုအသစ်ပေါင်း ၅၇၉၇ အထိ ရှိခဲ့ကာ ကူး စက်သူရာခိုင်နှုန်း ၃၉.၁၂% ဖြစ်ခဲ့ပြီး  ပြီးခဲ့တဲ့နှစ်ပတ်က ကူးစက်မှုနှုန်း ၂၂.၃၄% နဲ့ နှိင်းယှဉ်ပါက ကူးစက်မှု နှုန်းသည် များစွာမြင့်တက်လာကြောင်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိုဗစ်ရောဂါပိုးသည် ကူး စက်မှုနှုန်းမြင့်မားသည့် Delta မျိုးကွဲဗိုင်းရပ်စ်အပါအဝင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲအများအပြားကိုလည်း တွေ့ရှိနေရပါတယ်ဟု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

#PeopleMedia #UN #COVID-19

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #UN #COVID-19


Share this post